Tuesday, October 08, 2019

မှတ်ပုံတင်၊ သန်းခေါင်စာရင်း လွဲမှားမှု ကိစ္စ မေးခွန်းမေးရာမှ လွှတ်တော်အမတ်နှင့် ဝန်ကြီး အချေတင် စကားများ ပွတ်တိုက်မှုဖြစ်၊ ဝန်ကြီးကို မွန်လွှတ်တော်ဥက္ကဋ္ဌ သတိပေးမှုဖြင့် အဆုံးသတ်


Image may contain: 2 people, people sitting
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဆက်သွယ်မေးမြန်းခြင်း
မွန်ပြည်နယ်၊ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်လည်းကောင်း၊ သန်းခေါင်စာရင်း ပြုလုပ်ရာတွင်လည်းကောင်း၊ မိဘ၏ ဖြစ်တည်မှု အတိုင်း ထည့်သွင်းရေးသားထားခြင်းမရှိသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သိရှိလိုကြောင်း မေးခွန်း မွန်ပြည်နယ် လွှတ်တော်တွင် ယမန်နေ့က မေးမြန်းစဉ် မွန်ပြည်နယ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် အချေတင် စကားပြောဆိုမှု များဖြစ်ပေါ်ခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကို ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ မွန်ပြည်နယ် လွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး နဲ့ မနေ့က အချေတင် ပွတ်တိုက်မှု ဖြစ်တယ်လို့ သိရပါတယ်။ လဝက ဆိုင်ရာ မေးခွန်းနဲ့ပတ်သက်ပြီးတော့လေ။ ဘယ်လိုဖြစ်ကြတာပါလဲ။ ဖြစ်စဉ် နည်းနည်းလေး ပြန်ပြောပါလား။
ကျမ မေးတဲ့ မေးခွန်းကတော့ ရှင်းရှင်းလေးပဲ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေမှာ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက် ဖြစ်တည်မှုတွေအရ ရေးသွင်းဖော်ပြထားခြင်းမဟုတ်ဘဲနဲ့ နောက်သားသမီးတွေမှာ ပါလာတဲ့ လူမျိုးအမည်နာမ၊ အိမ်ထောင်စု စာရင်းမှာ ဖော်ပြထားခြင်းမရှိဘဲ မှတ်ပုံတင်လုပ်မှ ထည့်သွင်းဖော်ပြတဲ့ လူမျိုးအမည်နာမည်တွေက ဘာကြောင့် အဲလို ဖြစ်ရတာလဲ။
ဒါက လုပ်ထုံးလုပ်နည်း တစ်ခုကြောင့်လား။ ဒါမှမဟုတ် လွဲမှားမှု တစ်ခုလားဆိုတာ ပြည်သူလူထု သိအောင် မေးလိုက်တဲ့ မေးခွန်း ။ ဥပမာ- သန်းခေါင်စာရင်းမှာ လူ ၁၀ ယောက်ရှိရင် အဲဒီ ၁၀ ယောက်ရဲ့ လူမျိုး အမည်ဖော်ပြချက်ပါတယ်။
ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့ အခါကျတော့ အဲဒီ လူမျိုးအမည် ဖော်ပြချက်က မဟုတ်တော့ဘူး။ အခြား အသစ်တစ်ခု ဖြစ်နေတဲ့အခါကျတော့ အဲဒီလူတွေက Passport လုပ်တဲ့အခါကျတော့ အခက်အခဲဖြစ်ရတယ်။ သန်းခေါင်စာရင်း နဲ့ မှတ်ပုံတင် တူညီမှု မရှိဘူးဆိုရင် Passport ရုံးမှာ အခက်အခဲပဲ ပြည်သူ အတွက်က ။ ဒါက ပထမဆုံး ရင်ဆိုင်ရတာပေါ့။ ကျမတို့က ပြည်သူလူထုလို့ ပြောလိုက်လို့ရှိရင် တိုင်းရင်းသား ၁၃၅ မျိုးကိုပဲ စဉ်းစားရမှာမဟုတ်ဘူး။
ကျမတို့ဆီမှာ အများကြီးရှိတယ်။ တရုတ်တွေ ကုလားတွေ ပြောရမယ်ဆိုရင် ဟိုး မြန်မာဘုရင် လက်ထက်က နေလာခဲ့တဲ့ မျိုးနွယ်စုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားလူမျိုးစုထဲမှာ မပါတဲ့ လူမျိုးတွေလည်း အများကြီးရှိတယ်။ ဆိုတော့ အဲဒီလူတွေကတော့ အခက်အခဲပိုဖြစ်တယ်။ လူတွေသိနေတဲ့ စကားတစ်လုံးနဲ့ ပြောမယ်ဆိုရင် သွေးနှောပေါ့။
ဒီလူတွေအတွက်က မှတ်ပုံတင် တစ်ခုရရှိဖို့ အခက်အခဲရှိနိုင်သလို ရရှိတဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း နဲ့ တွဲရက်နဲ့ နိုင်ငံကူးလက်မှတ်သွားလုပ်တဲ့နေရာမှာလည်း ဒီလိုမျိုး မတူညီမှုတွေကြောင့် အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့ ပြဿနာ။
ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ တိုင်းရင်သားလူမျိုးစုတွေမှာလည်း ဥပမာ အဖေက ဗမာ၊ မွန်၊ အမေက ကရင်၊ ရှမ်းဖြစ်မယ်ပေါ့။ တိုင်းရင်းသား လူမျိုးက ၄ မျိုးဖြစ်နေတယ်။ ဒါပေမယ့် ကလေးမှာ ထည့်သွင်းဖော်ပြလိုက်တာက ဒီ ၄ မျိုးထဲက နှစ်မျိုးဖြစ်ရင် ပြဿနာမဟုတ်ပေမယ့် ဥပမာ ဗမာ၊ ဗုဒ္ဓဆိုပြီး ထည့်လိုက်ရင် အငြင်းပွားစရာတွေ နိုင်ငံသားစိစစ်ရေးကိုင်ဆောင်သူတွေရဲ့ သူတို့ရဲ့ တကယ် ဖြစ်ချင်တဲ့ ဆန္ဒ အစစ်အမှန်မဟုတ်တဲ့ ဟာတွေ ဖြစ်လာတယ်။
ဘယ်မှာ အခက်အခဲဖြစ်လာလဲဆိုရင် ရွေးကောက်ပွဲကျရင် ကိုယ်နှစ်သက်တဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီး တစ်ပါးကို မဲပေးတဲ့အခါကျရင် ဒါတွေက အခက်အခဲတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ဟာကို ကျမ Highlight မေးလိုက်တဲ့ သဘောပဲ။ ဒီမေးခွန်းကို ပြည်သူသိအောင် နားလည်အောင် လုပ်ရမယ်။ ရုံးတွေမှာ အမိန့် ညွှန်ကြားချက်တွေကို ကပ်ထားရမယ်။ ဥပမာ- Family Tree ဘယ်လိုပုံစံအရ ဘယ်ဘက်ကို ဘယ်လိုယူပါတယ်ဆိုတာမျိုး ပြည်သူသိအောင် ရှင်းလင်းမယ်ဆိုရင် ပြည်သူကြားမှာ အထင်မှားစရာ အထင်လွဲစရာ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။
ဒါကြောင့်မို့လို့ ဒီမေးခွန်းမေးတာ။ လုပ်ထုံးလုပ်နည်း မှားနေတယ်ဆိုရင်လည်း ဘယ်လို ပြန်လည် ပြင်ဆင်ပေးနိုင်မလဲ။ ပြင်ဆင်ရမယ့် နည်းလမ်းကို သိချင်တဲ့အတွက် မေးခွန်း မေးရခြင်းဖြစ်တယ်။
မေး။ ။ ဝန်ကြီးက ဘယ်လို စပြီး ဖြေလဲ။
ဖြေ။ ။ ဝန်ကြီးက အဲဒီအခါကျတော့ စစချင်း ဘယ်လိုဖြေလဲဆိုတော့ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ သူက စပြီးတော့ ဒီမေးခွန်းက ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ မေးခွန်း ဖြစ်ပါတယ်ဆိုပြီးတော့ စဖြေတယ်။ လဝက ဆိုတာက ပြည်ထောင်စုရဲ့ ဌာနဖြစ်တယ်။
ပြည်နယ်ရဲ့ ဌာနမဟုတ်ဘူးပေါ့။ ဝန်ကြီးရဲ့ အမည်နာမကိုက ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဆိုပြီး အသစ်ထပ်မံ ဖွဲ့စည်းထားတဲ့ ဝန်ကြီးပဲလေ။ သူက သူဖြေစရာမလိုဘူး။
ပြည်ထောင်စုက ဖြေရမယ့် မေးခွန်းဖြစ်တယ်။ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ကို အရပ်စကားနဲ့ ပြောမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် မေးတဲ့မေးခွန်းအပေါ်မှာ သူက ဝန်ကြီးက စေတနာနဲ့ အားနာပြီး ပြန်ဖြေတဲ့ ပုံစံမျိုးနဲ့ သုံးနှုန်းပြီး ပြန်ပြောတာ။

အဲဒီလို အဓိပ္ပာယ်သက်ရောက်တာမျိုးနဲ့ ပြန်ပြောတာ။ ကျမလည်း သိပ်တော့ မမှတ်မိဘူး။ အဲလို ပြောတဲ့အခါကျတော့ ကျမက ထပ်ဆင့် မေးခွန်း ထပ်မေးတယ်။ ထပ်ဆင့်မေးခွန်းမှာ ဒီလို ရေးသွင်းမှုက ဥပဒေနဲ့ ညီ၊ မညီ၊ ဒီလိုမျိုး Awareness ပေးဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာ ထပ်မေးတယ်။ ပြည်သူသိအောင် ချပြဖို့အတွက် ထပ်မေးတယ်။
အဲဒါကို သူက မဖြေဘဲနဲ့ ကျမက ရှင်းရှင်းလင်းလင်း သိဖို့ ထပ်မေးတယ်။ အဖေ၊ အမေတွေမှာ မပါဘူး။ သားအကြီးဆုံးမှာ မပါဘူး။ ကျမ ထိုးပြလိုက်တဲ့ Power Point မှာ ကျမ ဥပမာပေးလိုက်တာ တစ်ခုဖြစ်ပါတယ်။ ဒီCase ကိုပဲ ကျမက ရှင်းပေးပါလို့ ပြောတာမဟုတ်ဘူး။ ကျမက Highlight လုပ်ပြလိုက်တာ။
မွန်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ ချောင်းဆုံမှာဖြစ်နေတယ်၊ မုဒုံမှာ ဖြစ်နေတယ်။ ကျိုက်မရော မှာဖြစ်နေတယ်။ သထုံမှာ ဖြစ်နေတယ်။ ဒီဖြစ်စဉ်က မွန်ပြည်နယ် ပြည်နယ်တစ်ခုလုံးမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက် အတွက်ကြောင့် ကျမတို့ တစ်မြို့တည်းနဲ့လည်း မဆိုင်ဘူး။ တစ်ပြည်နယ်လုံးဆိုင်တဲ့ အတွက်ကြောင့် ဒါလေးကို ဥပမာပေးပြီး မေးလိုက်တာကို ဝန်ကြီးက ဒီ Case ကို သိချင်ရင် ဒီလွှတ်တော်ပြီးလို့ရှိရင် သွားပြီးတော့ စုံစမ်းပါ။ ကိုယ်စားလှယ်ကိုယ်တိုင် ဌာနကို သွားပြီးတော့ စစ်တဲ့။ စုံစမ်းလိုက် ဆိုပြီးတော့ အဲဒီလို ပြောတယ်။
ကျမတို့က ဌာန စစ်ပိုင်ခွင့် မရှိဘူးလေ။ ကျမတို့က Check & Balance လုပ်တဲ့နေရာမှာ လွှတ်တော်လို ပါလီမန် ကြီး ထားပြီးတော့ လုပ်ရတာ။ အဲဒီတော့ Section ကြီးကနေပဲ အပြန်အလှန် ထိန်းကျောင်းခြင်း အလုပ်ကို လုပ်ရတယ်။ ပြည်သူ ကိုယ်စားပြုခြင်း အလုပ်ကို လုပ်ရတယ်။ ကျမက ကျမရဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အလုပ်ကို ကျမလုပ်တာ။ ကျမမေးလိုက်တဲ့ မေးခွန်းသည် အင်မတန်ရိုးရှင်းတယ်။
အခက်အခဲဖြစ်စရာ အကြောင်းလည်း မရှိဘူး။ အစိုးရကိုတောင် ကျမ မေးတဲ့ မေးခွန်းက အထောက်အပံ့ဖြစ်စေတယ်။ အစိုးရကိုတောင်မှ ဒီလိုကိစ္စတွေနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် ပြည်သူရဲ့ အားပေးထောက်ခံမှု ကို ရနိုင်တဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။ တကယ်သာ စိတ်ဝင်တစားနဲ့ လေးလေးစားစားနဲ့ ဖြစ်မယ်ဆိုရင်လေ။
ကျမက ပြောလိုက်တယ်။ ဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်ကနေ ဝန်ကြီးဖြစ်လာတာ မကြာသေးဘူး။ ပြီးခဲ့တဲ့ အရေးပေါ် အစည်းအဝေး ခေါ်တဲ့အချိန်မှာ ဝန်ကြီးအဖြစ် ခန့်လိုက်တာ။ ပြီးခဲ့တဲ့ လတွေကမှ ။ အရင် လွန်ခဲ့တဲ့ ၄ နှစ် လွှတ်တော်သက်တမ်း တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။
အဲဒီ တာဝန်ထမ်းဆောင်ခဲ့တဲ့အ ချိန်မှာလည်း လဝက ကိစ္စကို အထူးတလည် ကိုင်တွယ်ခဲ့ပြီးတော့ မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ခဲ့တဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တယ်။ ကျမကို မလေးစားရင် နေပါတယ်။ ကျမကို အရပ်စကားနဲ့ နင်သွားတွေ့လိုက်ပါလား၊ နင် သွားလုပ်လိုက်ပါလားလို့ အဲဒီလို ပြောတယ်လို့ ကျမ ခံစားရတယ်။
ကျမက ကျမကို ပါဆင်နယ်ပြောတာ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တာ ကျမ ခံစားလို့ရတယ်။ လက်လည်း လက်ခံတယ်။ သူပြောတဲ့အပေါ်မှာ ဘာမှ Feeling မရှိဘူး။ ဒါပေမယ့် ကျမတို့က ပြည်သူ့ ဘဏ္ဍာရန်ပုံငွေနဲ့ လုပ်ထားတဲ့ အစည်းအဝေးကြီး။ လွှတ်တော်လို နေရာမျိုးကြီးမှာ ဒီလိုပြောတာဟာ ကျမ ကိုယ်စားပြုပြီးပြောခြင်းဟာ ပြည်သူကို ကိုယ်စားပြုပြီး ပြောခြင်းဖြစ်သည့်အတွက် ကျမကို မလေးစားရင် နေပါ။ လွှတ်တော်ကိုတော့ လေးစားပါ။
လွှတ်တော်ကို လေးစားခြင်းက ပြည်သူကို လေးစားခြင်းပဲ။ ပြည်သူပြောတဲ့ အသံကို နားထောင်ပြီးတော့ ပြည်သူကို တလေးတစားနဲ့ တုံ့ပြန်ပြီး အဖြေတစ်ခု ပေးခြင်းဟာ ပြည်သူကို လေးစားခြင်းဖြစ်တယ်ဆိုပြီး ကျမက ပြန်ပြီး တုံ့ပြန် လိုက်တဲ့ သဘောပဲ။
မေး။ ။ ဝန်ကြီးဘက်က ဘာတွေ ထပ်တုံ့ပြန်လဲ။
ဖြေ။ ။ ကျမနဲ့ ဝန်ကြီးနဲ့ စကားကတော့ နှစ်ခါလောက်တော့ အဲဒီလိုမျိုးတွေ ဖြစ်သွားတာပေါ့။ ထပ်ဆင့် မေးခွန်းမေးတဲ့အထိလည်း မဖြစ်သေးပါဘူး။ နောက်တော့မှ ပြောတဲ့စကားတွေက နည်းလည်းလေး စည်းကျော် ဘောင်ကျော် ဖြစ်လာတဲ့အချိန်မှာ ကျမဘက်ကလည်း ထပြောတယ်။
သူ့ဘက်ကလည်း ထပြီးပြောတာတွေက အရမ်းဟိုဟာဖြစ်တဲ့အခါကျတော့ လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးကို သတိပေးလိုက်တယ်။ ဝန်ကြီးကို Detail မဟုတ်ဘူး။ သူ့မေးခွန်းကို ဖြေပါ လို့ ပြောတော့ ဒီမေးခွန်းကို အခုမဖြေနိုင်လည်း စာနဲ့ ဖြေပါဆိုပြီးတော့ ပြောလိုက်တယ်။
လွှတ်တော်ဥက္ကဋ္ဌကတော့ ကြားထဲကနေ သတိပေးလိုက်တယ်။ လွှတ်တော်ကို လေးလေးစားစား ဆက်ဆံပါ။ ဒီလိုမျိုး မေးလိုက်တဲ့ အဖြေတစ်ခုကို ဒီလို မျိုး ဖြေခွင့်မရှိဘူးဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်တာပေါ့။ အဲဒါမျိုးရှိပါတယ်။ သူဖြေတဲ့ စာအပေါ်မှာ ဘာဖြေလာမလဲဆိုတာတော့ ရှိပါတယ်။
မေး။ ။ လွှတ်တော်ဥက္ကဋ္ဌ က ကြားဝင်တဲ့သဘောလား။
ဖြေ။ ။ လွှတ်တော်ဥက္ကဋ္ဌကတော့ ဒိုင်ပဲလေ။ ဒိုင်ကတော့ ဒိုင်အလုပ်လုပ်တာပေါ့။ ကျမတို့က ဒိုင်က ရပ်ဆိုရင် ရပ်ရတာပဲ။ ဒိုင်က ဒီလိုမျိုး ဆုံးဖြတ်တယ်ဆိုရင် ဒိုင်ရဲ့ အမိန့်ကို နာခံရတာပါပဲ။ လွှတ်တော်ကို ထိန်းကျောင်းနေတဲ့သူကတော့ လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ကျမမေးတာသည် မေးခွန်းစပြီး ပို့တဲ့အချိန်ကလည်း ၁၀ ရက်ကြိုပြီး ပြည့်ပြည့်စုံစုံ ပို့ခဲ့တာပါ။ တစ်ကြောင်း နှစ်ကြောင်းနဲ့ ပို့ခဲ့တာမဟုတ်ပါဘူး။ ပို့ခဲ့တဲ့ အခြေအနေမှာလည်း ရှင်းရှင်းလင်း နဲ့ လိုချင်တာကို ထုတ်နုတ်ပြီး မေးခဲ့ပြီးသားပါ။
အဲဒီတော့ အမိန့် ညွှန်ကြားချက်တွေရှိတယ်ဆိုရင်လည်း ဘယ်လို အမိန့် ညွှန်ကြားချက်တွေကြောင့် လုပ်လဲ။ ဒီလို Family Tree ဇယားကို ဘယ်လို ချပြီးတော့ အဖေ၊ အဘိုး၊ အမေက ဘက်က ဒီလိုမျိုးယူတယ်၊ ဒီလို မျိုးဆင်းသက်တယ်ဆိုတဲ့ဟာကို ရှင်းပြရရင်လည်း ရတယ်။ အဓိကကတော့ ကျမကို ရှင်းပြခြင်း မဟုတ်ဘူး။
ခံစားနေရတဲ့ နားမလည်တဲ့ ပြည်သူလူထုကို တလေးတစားနဲ့ ပြန်ပြီးရှင်းပြရတာမျိုးလို့ ကျမက ဒီအလုပ်ကို မြင်တယ်။ အဓိကကတော့ စံပေါ့။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု စံပေါ့။ ဒီစံက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း အမြဲတမ်းပြောနေတဲ့ စကားဖြစ်ပါတယ်။ ဒီဟာက ။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိအောင်လို့ ကျမတို့ လွှတ်တော်ကြီးကို ထားတာပဲလေ။
မေး။ ။ ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြားမှာ အပြန်အလှန် အချေတင် ပွတ်တိုက်မှု ဖြစ်တာက မွန်ပြည်နယ် လွှတ်တော်မှာ ပထမဆုံးလား။
ဖြေ။ ။ အဲဒီလိုမျိုးတော့ ပြောလို့မရဘူးပေါ့။ ဒါက ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုပဲလေ။ ဒီမိုကရေစီမှာတော့ ဒီလိုပဲ ပွတ်တိုက်မှုတွေဖြစ်မယ်။ ဒါအလုပ်ပဲ။ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရပ်တည်မှုပဲ။ ဒါက ဒီမိုကရေစီယဉ်ကျေးမှုပဲ။ ဒီအပေါ်မှာ ဘာမှ မပြောလိုဘူး။ ဒီမိုကရေစီ အနှစ်သာရ တစ်ခု ဒီမိုကရေစီရဲ့ ပြယုဒ်တစ်ခုက မွန်ပြည်နယ် လွှတ်တော်မှာ ရှိနေတယ်ဆိုတဲ့ဟာကို ပြည်သူတွေသိသွားတယ်ဆိုတာကို အဲဒီအတွက်ကျေနပ်တယ်။
ပွတ်တိုက်မှုတွေ ဘယ်လိုရှိလဲ။ ဘယ်နှစ်ကြိမ်မြောက်ရှိလဲဆိုတာကတော့ ၄ နှစ်သက်တမ်းမှာ ဒီလိုမျိုးတွေ အများကြီးရှိတယ်။ ကျမနဲ့ မဟုတ်ဘဲ အခြားကိုယ်စားလှယ်တွေနဲ့ ဖြစ်တာမျိုးတွေလည်း အများကြီးရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဘဝကနေ ဝန်ကြီးဖြစ်လာတဲ့ ဝန်ကြီးဆိုရင် ပြီးခဲ့တဲ့ ကိုယ်စားလှယ် ဘဝတုန်းက သိပ်မကြာသေးပါဘူး။ ၁၂ နှစ်ကြိမ်မြောက် လား ၁၃ ကြိမ်မြောက်လား မသိဘူး။
အဲဒီတုန်းကဆိုရင် ဝန်ကြီး လိမ်နေတယ်ဆိုပြီး ပြောခဲ့တဲ့ သူတစ်ယောက်ပါပဲ။ ဝန်ကြီးလိမ်နေတာဆိုပြီးတော့ ပြောခဲ့ တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပါ။ သူအဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တ စ်ယောက်အနေနဲ့ မေးခွန်းမေးတုန်းက အချိန်မှာ ဝန်ကြီးက ဖြေတာက သူလိုချင်တဲ့ အဖြေမရတဲ့အခါ အဲဒီလို ပြောခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီမိုကရေစီ အလေ့အထ တစ်ခုပါပဲ။ သဘောသဘာဝပဲ။ အဲဒီအပေါ်မှာတော့ ကျမတို့က အထူးတလည်ကြီး ငါသူ့ကို လုပ်လို့ရတယ် ။ ငါသူ့ကို နိုင်လိုက်ရတယ်ဆိုပြီး မရှိပါဘူး။ အဲဒီလိုမျိုးကြီး။ အခုအချိန်အထိလည်း လွှတ်တော်မှာ မေးခွန်းမေးတဲ့အခါတိုင်းမှာ ကျမရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက် လုံးဝ မရှိသလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလည်း လုံးဝ မရှိပါဘူး။ မေးခွန်းမေးတဲ့နေရာမှာ အဆိုတင်တဲ့နေရာမှာ ဆွေးနွေးတဲ့နေရာမှာ ပြည်သူ အကျိုး ဘယ်လောက်ရှိမလဲ ဆိုတာကိုပဲ ဦးစားပေးတယ်။ ပြည်သူ အကျိုးရှိမယ်ဆိုရင် ကျမ မေးခွန်းမေးတယ်။
ထပ်ဆင့် မေးခွန်း မေးစရာမလိုဘူးဆိုရင် ကျမ မမေးဘူး။ ကျမ ကို ဖြေလိုက်တဲ့ အဖြေက ပြည့်စုံ လုံလောက်တဲ့ အဖြေတစ်ခုပေးလိုက်နိုင်တယ်ဆိုရင် ထပ်ဆင့် မေးစရာ အကြောင်းမရှိပါဘူး။ အခုလို ထပ်ဆင့် မေးရတဲ့အပြင် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ပြောရ ဆိုရ ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ ပြောရမယ်ဆိုရင် Respect ပေါ်မှာ သွားတယ်လို့ ကျမထင်တယ်။
တုံ့ပြန်လာတဲ့ Respect ဆိုတာ ကျမပေါ်လာတာကို ပြောတာမဟုတ်ဘူး။ လွှတ်တော်အပေါ်မှာ တုံ့ပြန်လာတဲ့ Respect က ထားသင့် ထားထိုက်တဲ့ Respect မရှိဘူးလို့ ထင်တဲ့အတွက်ကြောင့် ဒီလိုဖြစ်သွားရတာပါ။
ရန်ကုန်ခေတ်သစ်
မွတ္ပုံတင္၊ သန္းေခါင္စာရင္း လြဲမွားမွု ကိစၥ ေမးခြန္းေမးရာမွ လႊတ္ေတာ္အမတ္ႏွင့္ ဝန္ႀကီး အေခ်တင္ စကားမ်ား ပြတ္တိုက္မွုျဖစ္၊ ဝန္ႀကီးကို မြန္လႊတ္ေတာ္ဥကၠ႒ သတိေပးမွုျဖင့္ အဆုံးသတ္

မြန္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ႏွင့္ ဆက္သြယ္ေမးျမန္းျခင္း

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က နိုင္ငံသားစိစစ္ေရးကတ္ျပား ျပဳလုပ္ရာတြင္လည္းေကာင္း၊ သန္းေခါင္စာရင္း ျပဳလုပ္ရာတြင္လည္းေကာင္း၊ မိဘ၏ ျဖစ္တည္မွု အတိုင္း ထည့္သြင္းေရးသားထားျခင္းမရွိသည့္ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ သိရွိလိုေၾကာင္း ေမးခြန္း မြန္ျပည္နယ္ လႊတ္ေတာ္တြင္ ယမန္ေန႔က ေမးျမန္းစဥ္ မြန္ျပည္နယ္အစိုးရ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးထြန္းမင္းေအာင္ႏွင့္ အေခ်တင္ စကားေျပာဆိုမွု မ်ားျဖစ္ေပၚခဲ့သည္။

ယင္းအေျခအေနႏွင့္ပတ္သက္၍ ရန္ကုန္ေခတ္သစ္က လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ကို ဆက္သြယ္ေမးျမန္းထားပါသည္။

ေမး။ ။ မြန္ျပည္နယ္ လႊတ္ေတာ္မွာ လူဝင္မွုႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး နဲ႔ မေန႔က အေခ်တင္ ပြတ္တိုက္မွု ျဖစ္တယ္လို႔ သိရပါတယ္။ လဝက ဆိုင္ရာ ေမးခြန္းနဲ႔ပတ္သက္ၿပီးေတာ့ေလ။ ဘယ္လိုျဖစ္ၾကတာပါလဲ။ ျဖစ္စဥ္ နည္းနည္းေလး ျပန္ေျပာပါလား။

က်မ ေမးတဲ့ ေမးခြန္းကေတာ့ ရွင္းရွင္းေလးပဲ။ တိုင္းရင္းသားမဟုတ္တဲ့သူေတြမွာ မိဘေတြရဲ့ မ်ိဳးရိုးစဥ္ဆက္ ျဖစ္တည္မွုေတြအရ ေရးသြင္းေဖာ္ျပထားျခင္းမဟုတ္ဘဲနဲ႔ ေနာက္သားသမီးေတြမွာ ပါလာတဲ့ လူမ်ိဳးအမည္နာမ၊ အိမ္ေထာင္စု စာရင္းမွာ ေဖာ္ျပထားျခင္းမရွိဘဲ မွတ္ပုံတင္လုပ္မွ ထည့္သြင္းေဖာ္ျပတဲ့ လူမ်ိဳးအမည္နာမည္ေတြက ဘာေၾကာင့္ အဲလို ျဖစ္ရတာလဲ။

ဒါက လုပ္ထုံးလုပ္နည္း တစ္ခုေၾကာင့္လား။ ဒါမွမဟုတ္ လြဲမွားမွု တစ္ခုလားဆိုတာ ျပည္သူလူထု သိေအာင္ ေမးလိုက္တဲ့ ေမးခြန္း ။ ဥပမာ- သန္းေခါင္စာရင္းမွာ လူ ၁၀ ေယာက္ရွိရင္ အဲဒီ ၁၀ ေယာက္ရဲ့ လူမ်ိဳး အမည္ေဖာ္ျပခ်က္ပါတယ္။

ဒါေပမယ့္ မွတ္ပုံတင္လုပ္တဲ့ အခါက်ေတာ့ အဲဒီ လူမ်ိဳးအမည္ ေဖာ္ျပခ်က္က မဟုတ္ေတာ့ဘူး။ အျခား အသစ္တစ္ခု ျဖစ္ေနတဲ့အခါက်ေတာ့ အဲဒီလူေတြက Passport လုပ္တဲ့အခါက်ေတာ့ အခက္အခဲျဖစ္ရတယ္။ သန္းေခါင္စာရင္း နဲ႔ မွတ္ပုံတင္ တူညီမွု မရွိဘူးဆိုရင္ Passport ႐ုံးမွာ အခက္အခဲပဲ ျပည္သူ အတြက္က ။ ဒါက ပထမဆုံး ရင္ဆိုင္ရတာေပါ့။ က်မတို႔က ျပည္သူလူထုလို႔ ေျပာလိုက္လို႔ရွိရင္ တိုင္းရင္းသား ၁၃၅ မ်ိဳးကိုပဲ စဥ္းစားရမွာမဟုတ္ဘူး။

က်မတို႔ဆီမွာ အမ်ားႀကီးရွိတယ္။ တ႐ုတ္ေတြ ကုလားေတြ ေျပာရမယ္ဆိုရင္ ဟိုး ျမန္မာဘုရင္ လက္ထက္က ေနလာခဲ့တဲ့ မ်ိဳးႏြယ္စုေတြ အမ်ားႀကီးရွိတယ္။ တိုင္းရင္းသားလူမ်ိဳးစုထဲမွာ မပါတဲ့ လူမ်ိဳးေတြလည္း အမ်ားႀကီးရွိတယ္။ ဆိုေတာ့ အဲဒီလူေတြကေတာ့ အခက္အခဲပိုျဖစ္တယ္။ လူေတြသိေနတဲ့ စကားတစ္လုံးနဲ႔ ေျပာမယ္ဆိုရင္ ေသြးေႏွာေပါ့။

ဒီလူေတြအတြက္က မွတ္ပုံတင္ တစ္ခုရရွိဖို႔ အခက္အခဲရွိနိုင္သလို ရရွိတဲ့ မွတ္ပုံတင္နဲ႔ သန္းေခါင္စာရင္း နဲ႔ တြဲရက္နဲ႔ နိုင္ငံကူးလက္မွတ္သြားလုပ္တဲ့ေနရာမွာလည္း ဒီလိုမ်ိဳး မတူညီမွုေတြေၾကာင့္ အခက္အခဲေတြ အမ်ားႀကီးျဖစ္လာတယ္။ အျပင္မွာ တကယ္ျဖစ္ေနတဲ့ ျပႆနာ။

ဒါတင္ပဲလားဆိုေတာ့ မဟုတ္ဘူး။ တိုင္းရင္သားလူမ်ိဳးစုေတြမွာလည္း ဥပမာ အေဖက ဗမာ၊ မြန္၊ အေမက ကရင္၊ ရွမ္းျဖစ္မယ္ေပါ့။ တိုင္းရင္းသား လူမ်ိဳးက ၄ မ်ိဳးျဖစ္ေနတယ္။ ဒါေပမယ့္ ကေလးမွာ ထည့္သြင္းေဖာ္ျပလိုက္တာက ဒီ ၄ မ်ိဳးထဲက ႏွစ္မ်ိဳးျဖစ္ရင္ ျပႆနာမဟုတ္ေပမယ့္ ဥပမာ ဗမာ၊ ဗုဒၶဆိုၿပီး ထည့္လိုက္ရင္ အျငင္းပြားစရာေတြ နိုင္ငံသားစိစစ္ေရးကိုင္ေဆာင္သူေတြရဲ့ သူတို႔ရဲ့ တကယ္ ျဖစ္ခ်င္တဲ့ ဆႏၵ အစစ္အမွန္မဟုတ္တဲ့ ဟာေတြ ျဖစ္လာတယ္။

ဘယ္မွာ အခက္အခဲျဖစ္လာလဲဆိုရင္ ေရြးေကာက္ပြဲက်ရင္ ကိုယ္ႏွစ္သက္တဲ့ တိုင္းရင္းသား ေရးရာ ဝန္ႀကီး တစ္ပါးကို မဲေပးတဲ့အခါက်ရင္ ဒါေတြက အခက္အခဲတစ္ခုျဖစ္လာနိုင္တယ္ဆိုတဲ့ဟာကို က်မ Highlight ေမးလိုက္တဲ့ သေဘာပဲ။ ဒီေမးခြန္းကို ျပည္သူသိေအာင္ နားလည္ေအာင္ လုပ္ရမယ္။ ႐ုံးေတြမွာ အမိန႔္ ညႊန္ၾကားခ်က္ေတြကို ကပ္ထားရမယ္။ ဥပမာ- Family Tree ဘယ္လိုပုံစံအရ ဘယ္ဘက္ကို ဘယ္လိုယူပါတယ္ဆိုတာမ်ိဳး ျပည္သူသိေအာင္ ရွင္းလင္းမယ္ဆိုရင္ ျပည္သူၾကားမွာ အထင္မွားစရာ အထင္လြဲစရာ ျဖစ္လာစရာ အေၾကာင္းမရွိဘူးလို႔ ျမင္တယ္။

ဒါေၾကာင့္မို႔လို႔ ဒီေမးခြန္းေမးတာ။ လုပ္ထုံးလုပ္နည္း မွားေနတယ္ဆိုရင္လည္း ဘယ္လို ျပန္လည္ ျပင္ဆင္ေပးနိုင္မလဲ။ ျပင္ဆင္ရမယ့္ နည္းလမ္းကို သိခ်င္တဲ့အတြက္ ေမးခြန္း ေမးရျခင္းျဖစ္တယ္။

ေမး။ ။ ဝန္ႀကီးက ဘယ္လို စၿပီး ေျဖလဲ။

ေျဖ။ ။ ဝန္ႀကီးက အဲဒီအခါက်ေတာ့ စစခ်င္း ဘယ္လိုေျဖလဲဆိုေတာ့ ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒအရ သူက စၿပီးေတာ့ ဒီေမးခြန္းက ျပည္ေထာင္စုနဲ႔ သက္ဆိုင္တဲ့ ေမးခြန္း ျဖစ္ပါတယ္ဆိုၿပီးေတာ့ စေျဖတယ္။ လဝက ဆိုတာက ျပည္ေထာင္စုရဲ့ ဌာနျဖစ္တယ္။

ျပည္နယ္ရဲ့ ဌာနမဟုတ္ဘူးေပါ့။ ဝန္ႀကီးရဲ့ အမည္နာမကိုက ျပည္နယ္ လူဝင္မွုႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအား အရင္းအျမစ္ ဝန္ႀကီးဌာန ဝန္ႀကီး ဆိုၿပီး အသစ္ထပ္မံ ဖြဲ႕စည္းထားတဲ့ ဝန္ႀကီးပဲေလ။ သူက သူေျဖစရာမလိုဘူး။
ျပည္ေထာင္စုက ေျဖရမယ့္ ေမးခြန္းျဖစ္တယ္။ သို႔ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ကို အရပ္စကားနဲ႔ ေျပာမယ္ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေမးတဲ့ေမးခြန္းအေပၚမွာ သူက ဝန္ႀကီးက ေစတနာနဲ႔ အားနာၿပီး ျပန္ေျဖတဲ့ ပုံစံမ်ိဳးနဲ႔ သုံးႏွုန္းၿပီး ျပန္ေျပာတာ။

အဲဒီလို အဓိပၸာယ္သက္ေရာက္တာမ်ိဳးနဲ႔ ျပန္ေျပာတာ။ က်မလည္း သိပ္ေတာ့ မမွတ္မိဘူး။ အဲလို ေျပာတဲ့အခါက်ေတာ့ က်မက ထပ္ဆင့္ ေမးခြန္း ထပ္ေမးတယ္။ ထပ္ဆင့္ေမးခြန္းမွာ ဒီလို ေရးသြင္းမွုက ဥပေဒနဲ႔ ညီ၊ မညီ၊ ဒီလိုမ်ိဳး Awareness ေပးဖို႔ အစီအစဥ္ရွိ၊ မရွိဆိုတာ ထပ္ေမးတယ္။ ျပည္သူသိေအာင္ ခ်ျပဖို႔အတြက္ ထပ္ေမးတယ္။

အဲဒါကို သူက မေျဖဘဲနဲ႔ က်မက ရွင္းရွင္းလင္းလင္း သိဖို႔ ထပ္ေမးတယ္။ အေဖ၊ အေမေတြမွာ မပါဘူး။ သားအႀကီးဆုံးမွာ မပါဘူး။ က်မ ထိုးျပလိုက္တဲ့ Power Point မွာ က်မ ဥပမာေပးလိုက္တာ တစ္ခုျဖစ္ပါတယ္။ ဒီCase ကိုပဲ က်မက ရွင္းေပးပါလို႔ ေျပာတာမဟုတ္ဘူး။ က်မက Highlight လုပ္ျပလိုက္တာ။

မြန္ျပည္နယ္တစ္ျပည္နယ္လုံးမွာ ရွိတဲ့ ေခ်ာင္းဆုံမွာျဖစ္ေနတယ္၊ မုဒုံမွာ ျဖစ္ေနတယ္။ က်ိဳက္မေရာ မွာျဖစ္ေနတယ္။ သထုံမွာ ျဖစ္ေနတယ္။ ဒီျဖစ္စဥ္က မြန္ျပည္နယ္ ျပည္နယ္တစ္ခုလုံးမွာ ျဖစ္ေနတဲ့ ျဖစ္စဥ္ေတြ ျဖစ္တဲ့အတြက္ အတြက္ေၾကာင့္ က်မတို႔ တစ္ၿမိဳ႕တည္းနဲ႔လည္း မဆိုင္ဘူး။ တစ္ျပည္နယ္လုံးဆိုင္တဲ့ အတြက္ေၾကာင့္ ဒါေလးကို ဥပမာေပးၿပီး ေမးလိုက္တာကို ဝန္ႀကီးက ဒီ Case ကို သိခ်င္ရင္ ဒီလႊတ္ေတာ္ၿပီးလို႔ရွိရင္ သြားၿပီးေတာ့ စုံစမ္းပါ။ ကိုယ္စားလွယ္ကိုယ္တိုင္ ဌာနကို သြားၿပီးေတာ့ စစ္တဲ့။ စုံစမ္းလိုက္ ဆိုၿပီးေတာ့ အဲဒီလို ေျပာတယ္။

က်မတို႔က ဌာန စစ္ပိုင္ခြင့္ မရွိဘူးေလ။ က်မတို႔က Check & Balance လုပ္တဲ့ေနရာမွာ လႊတ္ေတာ္လို ပါလီမန္ ႀကီး ထားၿပီးေတာ့ လုပ္ရတာ။ အဲဒီေတာ့ Section ႀကီးကေနပဲ အျပန္အလွန္ ထိန္းေက်ာင္းျခင္း အလုပ္ကို လုပ္ရတယ္။ ျပည္သူ ကိုယ္စားျပဳျခင္း အလုပ္ကို လုပ္ရတယ္။ က်မက က်မရဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ အလုပ္ကို က်မလုပ္တာ။ က်မေမးလိုက္တဲ့ ေမးခြန္းသည္ အင္မတန္ရိုးရွင္းတယ္။

အခက္အခဲျဖစ္စရာ အေၾကာင္းလည္း မရွိဘူး။ အစိုးရကိုေတာင္ က်မ ေမးတဲ့ ေမးခြန္းက အေထာက္အပံ့ျဖစ္ေစတယ္။ အစိုးရကိုေတာင္မွ ဒီလိုကိစၥေတြနဲ႔ ေျဖရွင္းနိုင္မယ္ဆိုရင္ ျပည္သူရဲ့ အားေပးေထာက္ခံမွု ကို ရနိုင္တဲ့ ေမးခြန္းမ်ိဳးျဖစ္ပါတယ္။ တကယ္သာ စိတ္ဝင္တစားနဲ႔ ေလးေလးစားစားနဲ႔ ျဖစ္မယ္ဆိုရင္ေလ။

က်မက ေျပာလိုက္တယ္။ ဝန္ႀကီးက လႊတ္ေတာ္ကိုယ္စားလွယ္ကေန ဝန္ႀကီးျဖစ္လာတာ မၾကာေသးဘူး။ ၿပီးခဲ့တဲ့ အေရးေပၚ အစည္းအေဝး ေခၚတဲ့အခ်ိန္မွာ ဝန္ႀကီးအျဖစ္ ခန႔္လိုက္တာ။ ၿပီးခဲ့တဲ့ လေတြကမွ ။ အရင္ လြန္ခဲ့တဲ့ ၄ ႏွစ္ လႊတ္ေတာ္သက္တမ္း တိုင္းရင္းသားေရးရာ ေကာ္မတီ ဥကၠ႒ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတယ္။

အဲဒီ တာဝန္ထမ္းေဆာင္ခဲ့တဲ့အ ခ်ိန္မွာလည္း လဝက ကိစၥကို အထူးတလည္ ကိုင္တြယ္ခဲ့ၿပီးေတာ့ မွတ္ပုံတင္ရရွိေရး ေဆာင္ရြက္ခဲ့တဲ့ ကိုယ္စားလွယ္ တစ္ေယာက္ျဖစ္တယ္။ က်မကို မေလးစားရင္ ေနပါတယ္။ က်မကို အရပ္စကားနဲ႔ နင္သြားေတြ႕လိုက္ပါလား၊ နင္ သြားလုပ္လိုက္ပါလားလို႔ အဲဒီလို ေျပာတယ္လို႔ က်မ ခံစားရတယ္။

က်မက က်မကို ပါဆင္နယ္ေျပာတာ ပုဂၢိဳလ္ေရးအရ ထိုးႏွက္တာ က်မ ခံစားလို႔ရတယ္။ လက္လည္း လက္ခံတယ္။ သူေျပာတဲ့အေပၚမွာ ဘာမွ Feeling မရွိဘူး။ ဒါေပမယ့္ က်မတို႔က ျပည္သူ႔ ဘ႑ာရန္ပုံေငြနဲ႔ လုပ္ထားတဲ့ အစည္းအေဝးႀကီး။ လႊတ္ေတာ္လို ေနရာမ်ိဳးႀကီးမွာ ဒီလိုေျပာတာဟာ က်မ ကိုယ္စားျပဳၿပီးေျပာျခင္းဟာ ျပည္သူကို ကိုယ္စားျပဳၿပီး ေျပာျခင္းျဖစ္သည့္အတြက္ က်မကို မေလးစားရင္ ေနပါ။ လႊတ္ေတာ္ကိုေတာ့ ေလးစားပါ။

လႊတ္ေတာ္ကို ေလးစားျခင္းက ျပည္သူကို ေလးစားျခင္းပဲ။ ျပည္သူေျပာတဲ့ အသံကို နားေထာင္ၿပီးေတာ့ ျပည္သူကို တေလးတစားနဲ႔ တုံ႔ျပန္ၿပီး အေျဖတစ္ခု ေပးျခင္းဟာ ျပည္သူကို ေလးစားျခင္းျဖစ္တယ္ဆိုၿပီး က်မက ျပန္ၿပီး တုံ႔ျပန္ လိုက္တဲ့ သေဘာပဲ။

ေမး။ ။ ဝန္ႀကီးဘက္က ဘာေတြ ထပ္တုံ႔ျပန္လဲ။

ေျဖ။ ။ က်မနဲ႔ ဝန္ႀကီးနဲ႔ စကားကေတာ့ ႏွစ္ခါေလာက္ေတာ့ အဲဒီလိုမ်ိဳးေတြ ျဖစ္သြားတာေပါ့။ ထပ္ဆင့္ ေမးခြန္းေမးတဲ့အထိလည္း မျဖစ္ေသးပါဘူး။ ေနာက္ေတာ့မွ ေျပာတဲ့စကားေတြက နည္းလည္းေလး စည္းေက်ာ္ ေဘာင္ေက်ာ္ ျဖစ္လာတဲ့အခ်ိန္မွာ က်မဘက္ကလည္း ထေျပာတယ္။

သူ႔ဘက္ကလည္း ထၿပီးေျပာတာေတြက အရမ္းဟိုဟာျဖစ္တဲ့အခါက်ေတာ့ လႊတ္ေတာ္ဥကၠ႒က ဝန္ႀကီးကို သတိေပးလိုက္တယ္။ ဝန္ႀကီးကို Detail မဟုတ္ဘူး။ သူ႔ေမးခြန္းကို ေျဖပါ လို႔ ေျပာေတာ့ ဒီေမးခြန္းကို အခုမေျဖနိုင္လည္း စာနဲ႔ ေျဖပါဆိုၿပီးေတာ့ ေျပာလိုက္တယ္။

လႊတ္ေတာ္ဥကၠ႒ကေတာ့ ၾကားထဲကေန သတိေပးလိုက္တယ္။ လႊတ္ေတာ္ကို ေလးေလးစားစား ဆက္ဆံပါ။ ဒီလိုမ်ိဳး ေမးလိုက္တဲ့ အေျဖတစ္ခုကို ဒီလို မ်ိဳး ေျဖခြင့္မရွိဘူးဆိုတဲ့ဟာကို လႊတ္ေတာ္ဥကၠ႒က သတိေပးလိုက္တာေပါ့။ အဲဒါမ်ိဳးရွိပါတယ္။ သူေျဖတဲ့ စာအေပၚမွာ ဘာေျဖလာမလဲဆိုတာေတာ့ ရွိပါတယ္။

ေမး။ ။ လႊတ္ေတာ္ဥကၠ႒ က ၾကားဝင္တဲ့သေဘာလား။

ေျဖ။ ။ လႊတ္ေတာ္ဥကၠ႒ကေတာ့ ဒိုင္ပဲေလ။ ဒိုင္ကေတာ့ ဒိုင္အလုပ္လုပ္တာေပါ့။ က်မတို႔က ဒိုင္က ရပ္ဆိုရင္ ရပ္ရတာပဲ။ ဒိုင္က ဒီလိုမ်ိဳး ဆုံးျဖတ္တယ္ဆိုရင္ ဒိုင္ရဲ့ အမိန႔္ကို နာခံရတာပါပဲ။ လႊတ္ေတာ္ကို ထိန္းေက်ာင္းေနတဲ့သူကေတာ့ လႊတ္ေတာ္ဥကၠ႒ပဲ ျဖစ္ပါတယ္။ ဒီေမးခြန္းကို က်မေမးတာသည္ ေမးခြန္းစၿပီး ပို႔တဲ့အခ်ိန္ကလည္း ၁၀ ရက္ႀကိဳၿပီး ျပည့္ျပည့္စုံစုံ ပို႔ခဲ့တာပါ။ တစ္ေၾကာင္း ႏွစ္ေၾကာင္းနဲ႔ ပို႔ခဲ့တာမဟုတ္ပါဘူး။ ပို႔ခဲ့တဲ့ အေျခအေနမွာလည္း ရွင္းရွင္းလင္း နဲ႔ လိုခ်င္တာကို ထုတ္ႏုတ္ၿပီး ေမးခဲ့ၿပီးသားပါ။

အဲဒီေတာ့ အမိန႔္ ညႊန္ၾကားခ်က္ေတြရွိတယ္ဆိုရင္လည္း ဘယ္လို အမိန႔္ ညႊန္ၾကားခ်က္ေတြေၾကာင့္ လုပ္လဲ။ ဒီလို Family Tree ဇယားကို ဘယ္လို ခ်ၿပီးေတာ့ အေဖ၊ အဘိုး၊ အေမက ဘက္က ဒီလိုမ်ိဳးယူတယ္၊ ဒီလို မ်ိဳးဆင္းသက္တယ္ဆိုတဲ့ဟာကို ရွင္းျပရရင္လည္း ရတယ္။ အဓိကကေတာ့ က်မကို ရွင္းျပျခင္း မဟုတ္ဘူး။

ခံစားေနရတဲ့ နားမလည္တဲ့ ျပည္သူလူထုကို တေလးတစားနဲ႔ ျပန္ၿပီးရွင္းျပရတာမ်ိဳးလို႔ က်မက ဒီအလုပ္ကို ျမင္တယ္။ အဓိကကေတာ့ စံေပါ့။ ပြင့္လင္းျမင္သာမွုနဲ႔ တာဝန္ယူမွု၊ တာဝန္ခံမွု စံေပါ့။ ဒီစံက ဒီမိုကေရစီရဲ့ အႏွစ္သာရျဖစ္ပါတယ္။ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္လည္း အျမဲတမ္းေျပာေနတဲ့ စကားျဖစ္ပါတယ္။ ဒီဟာက ။ ပြင့္လင္းျမင္သာမွု၊ တာဝန္ယူမွု ၊ တာဝန္ခံမွု ရွိေအာင္လို႔ က်မတို႔ လႊတ္ေတာ္ႀကီးကို ထားတာပဲေလ။

ေမး။ ။ ဝန္ႀကီးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ၾကားမွာ အျပန္အလွန္ အေခ်တင္ ပြတ္တိုက္မွု ျဖစ္တာက မြန္ျပည္နယ္ လႊတ္ေတာ္မွာ ပထမဆုံးလား။

ေျဖ။ ။ အဲဒီလိုမ်ိဳးေတာ့ ေျပာလို႔မရဘူးေပါ့။ ဒါက ဒီမိုကေရစီရဲ့ ယဥ္ေက်းမွုပဲေလ။ ဒီမိုကေရစီမွာေတာ့ ဒီလိုပဲ ပြတ္တိုက္မွုေတြျဖစ္မယ္။ ဒါအလုပ္ပဲ။ က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ရပ္တည္မွုပဲ။ ဒါက ဒီမိုကေရစီယဥ္ေက်းမွုပဲ။ ဒီအေပၚမွာ ဘာမွ မေျပာလိုဘူး။ ဒီမိုကေရစီ အႏွစ္သာရ တစ္ခု ဒီမိုကေရစီရဲ့ ျပယုဒ္တစ္ခုက မြန္ျပည္နယ္ လႊတ္ေတာ္မွာ ရွိေနတယ္ဆိုတဲ့ဟာကို ျပည္သူေတြသိသြားတယ္ဆိုတာကို အဲဒီအတြက္ေက်နပ္တယ္။

ပြတ္တိုက္မွုေတြ ဘယ္လိုရွိလဲ။ ဘယ္ႏွစ္ႀကိမ္ေျမာက္ရွိလဲဆိုတာကေတာ့ ၄ ႏွစ္သက္တမ္းမွာ ဒီလိုမ်ိဳးေတြ အမ်ားႀကီးရွိတယ္။ က်မနဲ႔ မဟုတ္ဘဲ အျခားကိုယ္စားလွယ္ေတြနဲ႔ ျဖစ္တာမ်ိဳးေတြလည္း အမ်ားႀကီးရွိတာေပါ့။ လႊတ္ေတာ္ကိုယ္စားလွယ္ဘဝကေန ဝန္ႀကီးျဖစ္လာတဲ့ ဝန္ႀကီးဆိုရင္ ၿပီးခဲ့တဲ့ ကိုယ္စားလွယ္ ဘဝတုန္းက သိပ္မၾကာေသးပါဘူး။ ၁၂ ႏွစ္ႀကိမ္ေျမာက္ လား ၁၃ ႀကိမ္ေျမာက္လား မသိဘူး။

အဲဒီတုန္းကဆိုရင္ ဝန္ႀကီး လိမ္ေနတယ္ဆိုၿပီး ေျပာခဲ့တဲ့ သူတစ္ေယာက္ပါပဲ။ ဝန္ႀကီးလိမ္ေနတာဆိုၿပီးေတာ့ ေျပာခဲ့ တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ပါ။ သူအဲဒီတုန္းက လႊတ္ေတာ္ကိုယ္စားလွယ္တ စ္ေယာက္အေနနဲ႔ ေမးခြန္းေမးတုန္းက အခ်ိန္မွာ ဝန္ႀကီးက ေျဖတာက သူလိုခ်င္တဲ့ အေျဖမရတဲ့အခါ အဲဒီလို ေျပာခဲ့ဖူးတဲ့ သာဓက ရွိခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဒီမိုကေရစီ အေလ့အထ တစ္ခုပါပဲ။ သေဘာသဘာဝပဲ။ အဲဒီအေပၚမွာေတာ့ က်မတို႔က အထူးတလည္ႀကီး ငါသူ႔ကို လုပ္လို႔ရတယ္ ။ ငါသူ႔ကို နိုင္လိုက္ရတယ္ဆိုၿပီး မရွိပါဘူး။ အဲဒီလိုမ်ိဳးႀကီး။ အခုအခ်ိန္အထိလည္း လႊတ္ေတာ္မွာ ေမးခြန္းေမးတဲ့အခါတိုင္းမွာ က်မရဲ့ ပုဂၢိဳလ္ေရး ခံစားခ်က္ လုံးဝ မရွိသလို ပုဂၢိဳလ္ေရး တိုက္ခိုက္မွုလည္း လုံးဝ မရွိပါဘူး။ ေမးခြန္းေမးတဲ့ေနရာမွာ အဆိုတင္တဲ့ေနရာမွာ ေဆြးေႏြးတဲ့ေနရာမွာ ျပည္သူ အက်ိဳး ဘယ္ေလာက္ရွိမလဲ ဆိုတာကိုပဲ ဦးစားေပးတယ္။ ျပည္သူ အက်ိဳးရွိမယ္ဆိုရင္ က်မ ေမးခြန္းေမးတယ္။

ထပ္ဆင့္ ေမးခြန္း ေမးစရာမလိုဘူးဆိုရင္ က်မ မေမးဘူး။ က်မ ကို ေျဖလိုက္တဲ့ အေျဖက ျပည့္စုံ လုံေလာက္တဲ့ အေျဖတစ္ခုေပးလိုက္နိုင္တယ္ဆိုရင္ ထပ္ဆင့္ ေမးစရာ အေၾကာင္းမရွိပါဘူး။ အခုလို ထပ္ဆင့္ ေမးရတဲ့အျပင္ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ေျပာရ ဆိုရ ျဖစ္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ ေျပာရမယ္ဆိုရင္ Respect ေပၚမွာ သြားတယ္လို႔ က်မထင္တယ္။

တုံ႔ျပန္လာတဲ့ Respect ဆိုတာ က်မေပၚလာတာကို ေျပာတာမဟုတ္ဘူး။ လႊတ္ေတာ္အေပၚမွာ တုံ႔ျပန္လာတဲ့ Respect က ထားသင့္ ထားထိုက္တဲ့ Respect မရွိဘူးလို႔ ထင္တဲ့အတြက္ေၾကာင့္ ဒီလိုျဖစ္သြားရတာပါ။ 

No comments:

Post a Comment

My Blog List