Monday, October 07, 2019

မန္တလေးမြို့တွင် အစိုးရ အလိုမရှိကြောင်း စာများပါသည့် စာရွက်များ လမ်းပေါ်ကြဲချ



No photo description available. 
မန္တလေးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိတ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်မတော် အမည်ဖြင့် အစိုးရ အလိုမရှိကြောင်း စာများပါသည့် စာရွက်များကို အောက်တိုဘာလ ၇ ရက်နေ့ က တွေ့ရှိခဲ့သည် ။

ရေးသားထားသည်များမှာ အပြောနဲ့ အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့် အစိုးရ အလိုမရှိ၊ တိုင်းရင်းသားအရေး လစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့် အစိုးရ အလိုမရှိ၊ ဝန်ကြီးနှုတ်ထွက် အမတ်ဝန်ခံ ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ အလိုမရှိ စသည့် စာများရေးသားထားခြင်းဖြစ်သည် ။
``ကျွန်တော်တို့ တွေ့တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကို တွေ့တဲ့သူ တစ်ယောက်က လာအပ်တာ ။ ဒါနဲ့ လိုက်ရှာတော့ မတွေ့ဘူး။ အေးအေးဆေးဆေးပါပဲ ။ အခုတော့ နေရာအနှံ့ရှာနေကြတယ်။ မတွေ့သေးပါဘူး။´´ ဟု ဒေးဝန်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး က ပြောသည် ။
အဆိုပါစတစ်ကာပုံစံ စာရွက်များကို သြဂုတ်လ ၃ ရက်နေ့ကလည်း ချမ်းမြသာစည် မြို့နယ် မနော်ဟရီလမ်း ၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြား အပါအဝင် မန္တလေးမြို့နေရာ အတော်များများတွင် ကပ်ထားသည်ကို တွေ့ရသည် ။
(Zawgyi)
မန္တလေးမြို့တွင် အစိုးရ အလိုမရှိကြောင်း စာများပါသည့် စာရွက်များ လမ်းပေါ်ကြဲချ
အောက်တိုဘာ ၇
နိုင်လင်းဦး

မန္တလေးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိတ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်မတော် အမည်ဖြင့် အစိုးရ အလိုမရှိကြောင်း စာများပါသည့် စာရွက်များကို အောက်တိုဘာလ ၇ ရက်နေ့ က တွေ့ရှိခဲ့သည် ။
ရေးသားထားသည်များမှာ အပြောနဲ့ အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့် အစိုးရ အလိုမရှိ၊ တိုင်းရင်းသားအရေး လစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့် အစိုးရ အလိုမရှိ၊ ဝန်ကြီးနှုတ်ထွက် အမတ်ဝန်ခံ ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ အလိုမရှိ စသည့် စာများရေးသားထားခြင်းဖြစ်သည် ။
``ကျွန်တော်တို့ တွေ့တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကို တွေ့တဲ့သူ တစ်ယောက်က လာအပ်တာ ။ ဒါနဲ့ လိုက်ရှာတော့ မတွေ့ဘူး။ အေးအေးဆေးဆေးပါပဲ ။ အခုတော့ နေရာအနှံ့ရှာနေကြတယ်။ မတွေ့သေးပါဘူး။´´ ဟု ဒေးဝန်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး က ပြောသည် ။
အဆိုပါစတစ်ကာပုံစံ စာရွက်များကို သြဂုတ်လ ၃ ရက်နေ့ကလည်း ချမ်းမြသာစည် မြို့နယ် မနော်ဟရီလမ်း ၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြား အပါအဝင် မန္တလေးမြို့နေရာ အတော်များများတွင် ကပ်ထားသည်ကို တွေ့ရသည် ။

No comments:

Post a Comment

My Blog List