Monday, October 07, 2019

ရှေ့နေတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့တွင် အောက်တိုဘာဘာလ ၆ ရက်နေ့က ရှေ့နေတစ်ဦးဖြစ်သူ မိမိကိုယ်ကို အဆုံးစီရင်၍ ကြိူးဆွဲချသတ်သေကြောင်း တောင်ငူ အမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါနေ့ ည ၁၀ နာရီ ခွဲ အချိန်တောင်ငူမြို့၊ (၁၁)ရပ်ကွက် ၊ စပယ်ဦးလမ်းနေ ရှေနေဖြစ်သူ ကျော်ဇင်ဝင်း(၃၆) နှစ်မှာ နေအိမ်အပေါ်ထပ်ရှိ နောက်အဖီတွင် အရှည် ၁၀ ပေခန့်ရှိ အစိမ်းရောင် နှစ်ပင်လိမ်နိုင်လွန်းကြိူးအား ထုပ်တန်းတွင် ချည်လျှက်လည်ပင်းကြိူးတစ်ပတ်ရစ် သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။
မိမိကိုယ်ကို ကြိူးဆွဲချသတ်သေသူ ရှေ့နေဖြစ်သူ ကျော်ဇင်ဝင်း(၃၆) နှစ်မှာ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ဇနီးဖြစ်သူနှင့် အမြဲစကားများကာ၊ ဇနီးဖြစ်သူ နေအိမ်မှဆင်းသွားသဖြင့် စိတ်ဆင်းရဲပြီး ကြိူးဆွဲချသတ်သေခြင်း ဖြစ်ကြောင်းရဲတပ်ဖွဲ့၏ စစ်ဆေးစုံစမ်းချက်အရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် တောင်ငူ အမှတ် ၂ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူဝင်း(တောင်ငူ)
<Zawgyi>
ရှေ့နေတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေ

တောင်ငူ၊ အောက်တိုဘာ ၆

No comments:

Post a Comment

My Blog List