Wednesday, February 17, 2016

တိုက်ပွဲများ အမြန်ဆုံး ရပ်ပေးဖို့ လွှတ်တော်အမတ် အဆိုတင်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲ မြို့နယ် အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ ရတဲ့အတွက် အဲဒီတိုက်ပွဲတွေအမြန်ဆုံး ရပ်တန့်ပေးဖို့ နဲ့ စစ်ဘေးဒုက္ခသည် တွေရဲ့လူမှုဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းထွန်းအောင် က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး အနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်ကလွှတ်တော် မှာ အခုလိုတင်သွင်းခဲ့တာပါ။

"ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်တွင်းဖြစ်ပွား နေသော တိုက်ပွဲကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူ များ ဒုက္ခများစွာ တွေ့ကြုံနေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့်စစ်ဘေးရှောင်ပြည်သူများရဲ့လုပ်မှုဒုက္ခများအားအမြန်ဆုံး ဖြေရှင်းဆောင် ရွက်ပေး နိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်းအရေးကြီး အဆို တင်သွင်း အပ်ပါသည်"

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ပြည်သူတွေရဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံ ရတာတွေ ရှိသလို ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရကြောင်းလည်း ဦးစိုင်းထွန်းအောင် က ပြောပါတယ်။

တိုင်းရင်းသားတွေအချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တိုင်းပြည် ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေတဲ့အတွက် နမ္မတူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက အရေးကြီးအဆိုကို ထောက်ခံခဲ့ပါတယ်။

"လက်နက်ကိုင်ဆိုတာ ပြည်သူတွေကို အကာအကွယ်ပြုပြီး ကောင်းမွန်တဲ့ အနာဂါတ်ကို ဖော်ဆောင်ပေးကြရမယ့်သူတွေပါ၊ လက်တွေ့မှာကျတော့ တိုင်းရင်းသားပြဿနာတွေ၊ လက်နက်ကိုင်တွေကြားနားလည်မှုကွဲလွဲမှု တွေနဲ့ အားပြိုင်မှုတွေနဲ့ပဲ အချင်းချင်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့နိုင်ငံ ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်၊ အခုဆိုရင် လူမျိုးရေးပဋိပက္ခအသွင်ကို ဆောင်လာနေပါပြီ"

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃ထောင်ကျော်ဟာ ကျောက်မဲမြို့က ကယ်ဆယ်ရေးစခန်း ၁၇ ခုမှာ ခိုလှုံနေကြပါတယ်။

ဦးစိုင်းထွန်းအောင် တင်သွင်းတဲ့ အရေးကြီးအဆိုဟာ ဒုတိယအကြိမ် လွှတ်တော်အသစ်မှာ ပထမဆုံးတင်သွင်းတဲ့ အရေးကြီးအဆိုဖြစ်ပြီး မနက်ဖြန် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List