Wednesday, February 17, 2016

ဂျပန်ကျွန်းအနီး ရေငုပ်သင်္ဘောတစီး ချဉ်းကပ်လာဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ကိုရီးယား ရေလက်ကြားရှိ ဂျပန်ပိုင် Tsushima ကျွန်းအနီး သံသယဖြစ်ဖွယ် ကောင်းသည့် ရေငုပ်သင်္ဘောတစီး ချဉ်းကပ်လာသည်ကို တွေ့ရကြောင်း ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ရေငုပ်သင်္ဘောကို ဂျပန်ကာကွယ်ရေးတပ်မှ ကင်းလှည့်လေယာဉ် P-3C နှင့် ကင်းလှည့်ရဟတ်ယာဉ်အပြင် ဖျက်သင်္ဘော Asagiri တို့ကကိုရီးယား နှင့် ဂျပန်ပင်လယ်အကြား Tsushima ကျွန်း၏ အရှေ့တောင်ဘက် ရေပြင်တွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး၊ ဂျပန်ပင်လယ်မှ အရှေ့တရုတ်ပင်လယ်သို့ ဦးတည်သွားနေခြင်းဖြစ် ကြောင်း ဖော်ပြထားပါတယ်
ဒါပေမယ့် ဒီရေငုပ်သင်္ဘောဟာ ဂျပန်ပိုင်နက်ထဲမှာတွေ့ရခြင်းမဟုတ်ပဲ နိုင်ငံတကာရေပြင်ပိုင်နက်မှာဖြစ်ပေမယ့် Tsushima ကျွန်းနားမှာ နီးကပ်စွာ တွေ့ရတာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဂျပန်စစ်ဘက်ဆိုင်ရာ အစီရင်ခံစာများအရ ၂၀၁၃- ၂၀၁၄ အတွင်းမှာ တောင်ဘက်အိုကီနာဝါကျွန်းမှာ အနီးကနေ ရေငုပ်သင်္ဘောတွေ ဖြတ်သန်း သွားလာဖူးတယ်လို့ သိရပါတယ်။

လတ်တလောအခြေအနေမှာတော့ မြောက်ကိုရီးယား၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုမြင့်မားနေသည့်အပြင်၊ တရုတ်နိုင်ငံကလည်း စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်လျှက်ရှိပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List