Wednesday, February 17, 2016

လွှတ်တော်သည် ကိုယ်စားလှယ်များ ကိုယ်ကျိုးအသုံးချရန် စင်မြင့်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်တက်လာစေ ရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက်တွင် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ပြုလုပ်ခဲ့သော ဒုတိယအကြိမ် လွှတ်တော်ကိုယ်စား လှယ်များအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စား လှယ်များ နှလုံးသွင်းရမည့် သဘောသဘာဝများကို ရှင်းလင်းပြောကြား ခဲ့သည်။
‘‘ကျွန်မတို့ ကိုယ်စားလှယ် အားလုံးဟာ ပြည်သူကို ကိုယ်စား ပြုပြီး တက်နေတာပါ။ ကိုယ့်ကိုယ် ကိုယ် ကိုယ်စားပြုပြီးတက်နေတာ မဟုတ်ပါဘူး။ အဲဒါကို ကိုယ်စား လှယ်များအားလုံး စွဲစွဲမြဲမြဲနဲ့ နှလုံး သွင်းထားဖို့ဖြစ်ပါတယ်။ လွှတ် တော်ဆိုတာဟာ ကိုယ်စားလှယ် တစ်ဦးချင်းအတွက် အသုံးချဖို့ စင် မြင့်လည်းမဟုတ်ပါဘူး။ ရာထူး နေရာရဖို့အတွက် ခုတုံးလှေကား ထစ်လည်းမဟုတ်ပါဘူး။ သဘော ထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြား နပန်းလုံးဖို့ ကြိုးဝိုင်းလည်းမဟုတ် ပါဘူး။ ဒီနေရာဟာ ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်နေရာဖြစ်ပါ တယ်။ ပြည်သူတွေရဲ့ ကိုယ်စား လှယ်ဆိုတာ ပြည်သူ့မျက်နှာကို အဓိကကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အစုအဖွဲ့ မျက်နှာကို အဓိ က ကြည့်ရမှာမဟုတ်ပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ကိုယ်စားပြုသည့် ပြည်သူများကိုပါ လေးစားပါက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တာဝန်လေးနက်မှုကို နားလည်ရန် ဒီချုပ်ကိုယ်စားလှယ်အများစုပါ ၀င်သည့် ဒုတိယအကြိမ်လွှတ် တော်သက်တမ်းကိုယ်စားလှယ် များရှေ့၌ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

‘‘ပြည်သူကို ကိုယ်စားပြုနိုင် တယ်ဆိုတဲ့ ဂုဏ်ဟာ တခြားဘယ် ဂုဏ်နဲ့မှ မတူပါဘူး။ ပြည်သူကို လုပ်ကျွေးနိုင်တဲ့အခွင့်အရေးဆိုတာ တခြားဘယ် အခွင့်အရေးနဲ့မှ မတူပါဘူး။ ပြည်သူရဲ့အကျိုးကို ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ နိုင်ငံရဲ့ တကယ့်သားကောင်း၊ သမီး ကောင်းတွေ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲအနိုင်ရပြီး ချိန်မှစ၍ သူ၏ပါတီဝင်များအပိုး ကျိုးရေးကို လုပ်ဆောင်မည်ဟု မိန့်ခွန်းများတွင် ပြောကြားခဲ့ပြီး လက်တွေ့လည်း လုပ်ဆောင်မှု များရှိခဲ့သည်။

ယခုကျင်းပသည့် Induction Programme for MPs of Second Hluttaw အစီအစဉ်ကို UNI နှင့် UNDP တို့ ပူးပေါင်းစီစဉ် ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ် ကာ ဖွင့်ပွဲနေ့၌ ဒေါ်အောင်ဆန်းစု ကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ သည်။

အဆိုပါအစီအစဉ်တွင် နိုင်ငံ တကာမှ လွှတ်တော်အတွေ့အကြုံရင့်ကျက် သူများက အတွေ့အကြုံ များဝေမျှမည်ဖြစ်ပြီး ပါကစ္စတန်၊ အရှေ့တီမော၊ သြစတြေးလျ၊ ဘူ တန်၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ နယူးဇီလန်နှင့် ဗြိတိန် လွှတ်တော်များမှ အမတ်များ၊ အ တွေ့အကြုံရှိ လွှတ်တော်ကိုယ် စားလှယ်ဟောင်းများနှင့် UNDP မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သူများက လွှတ်တော်လုပ်ငန်းဆိုင် ရာများကို ဆွေးနွေးမျှဝေပေး ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်သို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃၀၃ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ၁၄၉ ဦးနှင့် ပြည်သူ့လွှတ် တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင်ခုနစ် ဦးတို့ တက်ရောက်ကြသော်လည်း ကော် မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်း မတက် ရောက်ခဲ့ပေ။

7Day News Journal

No comments:

Post a Comment

My Blog List