Wednesday, February 17, 2016

အမှုအတွက် နိုင်ငံခြားသားရှေ့နေငှားမည်ဆိုသော သတင်းဖြစ်ပေါ်နေသည်ကို ယင်လတ်ငြင်းပယ်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာသည် သူမတာ ဝန်ထမ်းဆောင် ခဲ့စဉ်က ဆောင်ရွက် ခဲ့သည့် ဆန်စပါးစီမံကိန်းမအောင် မြင်မှုအတွက် တရားရုံးချုပ်တွင် စစ် အစိုးရက တရားစွဲထားသည်။ထိုအမှု ကိုရင်ဆိုင်ရန် ယင်လတ်က နိုင်ငံခြား သားရှေ့နေကို ငှားမည်ဟူ သော သတင်းများဖြစ်ပေါ်နေခြင်းကို သူမ က ဖေဖော်ဝါရီ ၁ရ ရက်၌ ငြင်းပယ် လိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီ ၁ရ ရက်၌ ဖော်ပြသည်။ 
ထိုင်းရှေ့နေများသည် အရည်အချင်း ရှိသည်ဟု ယုံကြည်ရသောကြောင့် ထိုင်းရှေ့နေများကိုပင် ဆက်ငှားမည် ဟု ယင်လတ်က ဆိုသည်။

ယင်လတ်သည် တရားရုံးချုပ် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သူ များဆိုင်ရာ ရာဇဝတ်တရားရုံးသို့ အမှုရင်ဆိုင်ရန် ဖေဖော်ဝါရီ ၁ရ ရက် နံနက်ပိုင်း၌ ဒုတိယအကြိမ် မြောက်ရောက်လာခဲ့သည်။ ယင်လတ်အား အားပေးရန် သူမ ကိုထောက်ခံသည့် ဖွေထိုင်းပါ တီဝင်အမြောက်အမြား တရားရုံးသို့ လာရောက်ကြသည်ဟု ဘန်ကောက် ပို့စ်က ဖော်ပြသည်။

အမှုအတွက် လျှောက်လဲရန် ပြည်ပဥပဒေရုံးမှ ပြည်ပရှေ့နေများ ကို ငှားမည်ဆိုသောသတင်းများကို ယင်လတ်က ငြင်းဆိုလိုက် သည်။ အမှုကို ကိုင်တွယ်နေသည့် လက်ရှိ ထိုင်းရှေ့နေများသည် အရည်အချင်း ရှိသည့်ပြင် အမှုမှာလည်း ထိုင်းနိုင်ငံ အတွင်းမှာသာဖြစ်သော အမှုဖြစ်သော ကြောင့် ထိုင်းနိုင်ငံသား ရှေ့နေများနှင့် ပင် လုံလောက်သည်ဟု ယင်လတ်က ဆိုသည်။

Ref: Bangkok Post
Democracy today

No comments:

Post a Comment

My Blog List