Wednesday, February 17, 2016

ကန်-အာဆီယံမှာ တရုတ်အကြောင်း ဆွေးနွေး


အမေရိကန် ​- ​အာဆီယံညီလာခံအတွင်း ​တရုတ်နိုင်ငံအကြောင်းနဲ့ ​ကုန်သွယ်ရေး အကြောင်းကို ​အလေးထား ​ဆွေးနွေးကြဖို့ ​ရှိနေပါတယ်။ ကယ်လီဖိုးနီးယား ​ပြည်နယ်က ​အပန်းဖြေစခန်းမှာ ​ပြုလုပ်တဲ့ ​အစည်းအဝေးအတွင်း ​သမ္မတ ​ဘာရက်အိုဘားမားက ​မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​ကောင်းမွန်စွာ ​ကျင်းပနိုင်တဲ့အပေါ် ​ချီးကျူးပြောဆိုခဲ့ပါတယ်။
တောင်တရုတ် ​ပင်လယ်ပြင်မှာ ​တရုတ်နိုင်ငံက ​ကြီးစိုးမှု ​လုပ်နေတဲ့အပေါ် ​အသံတစ်သံထဲ ​ဆန့်ကျင်မှုတွေ ​လုပ်နိုင်အောင် ​ဆွေးနွေး ​တိုင်ပင်တာတွေ ​လုပ်ဖို့ ​အမေရိကန်က ​ကြိုးစားမယ့် ​အနေအထား ​ရှိပါတယ်။

ဒါ့အပြင် ​နိုင်ငံပေါင်း ​၁၂ ​နိုင်ငံပါဝင်တဲ့ ​TPP ​လို့ခေါ်တဲ့ ​ကုန်သွယ်ရေး ​ကိစ္စနဲ့ ​မြောက်ကိုရီးယား ​အရေးအပြင် ​IS ​အစ္စလာမ်မစ် ​အဖွဲ့ ​ချေမှုန်းရေးကိုလည်း ​၂ ​ရက်ကြာမယ့် ​အစည်းအဝေးမှာ ​ဆွေးနွေးဖို့ ​ရှိနေတယ်လို့ ​သိရပါတယ်။

သမ္မတ ​ဦးသိန်းစိန်ကတော့ ​ပြည်တွင်းမှာ ​လုပ်စရာတွေ ​ရှိတဲ့အတွက် ​အစည်းအဝေးကို ​မတက်ရောက်ဖို့ ​အကြောင်းကြားပြီး ​ဒုသမ္မတ ​ဦးဥာဏ်ဝင်း ​ဦးဆောင်တဲ့ ​ကိုယ်စားလှယ် ​အဖွဲ့ကို ​စေလွတ်လိုက်ပါတယ်။ ​မြန်မာ ​ကိုယ်စားလှယ်တွေကတော့ ​အမေရိကန်ကနေ ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​ဖယ်ရှားပေးဖို့ ​အလိုရှိနေတယ်လို့ ​ဗွီအိုအေသတင်းမှာ ​ဖော်ပြထားပါတယ်။

ABC

No comments:

Post a Comment

My Blog List