Wednesday, February 17, 2016

ထိုင်းဘုန်းကြီးများနှင့် စစ်တပ် ပဋိပက္ခဖြစ်ပားခဲ့






ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနောက်ပိုင်းတွင် တင်္နလာနေ့က ရာနှင့်ချီသော သံဃာတော်များနှင့် စစ်တပ်အရာရှိများ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ စစ်သားများက သံဃာတော်များစုဝေးရန် ပြင်ဆင်ထားသည့် ဖုထန်မွန်ထွန် ဗုဒ္ဓဥယျာဉ် ၀င်ပေါက်များကို ပိတ်ဆို့ခဲ့သည့်အတွက် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက သတ်မှတ်ထားသော နိုင်ငံရေးစုရုံး စည်းဝေးခွင့်ကို ချိုးဖောက်သည် ဆိုပြီး စစ်တပ်ကားများ ဥယျာဉ် အပေါက်ဝများကို ပိတ်ဆို့  ခဲ့ပြီးနောက် ဒါဇင်နှင့်ချီသော သံဃာတော်များက စစ်တပ်ကားအနီးကို ချဉ်းကပ်ခဲ့ကြသည်။

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြောင်းပေးရန် ချက်ချင်း အတည်ပြုပေးဖို့ ယာယီတရားသူကြီးချုပ် ပထရီရပ်ထံ တောင်းဆိုရန် သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင် သုံးသောင်းကျော်တို့က ယင်းဥယျာဉ်အတွင်း စည်းဝေးရန် စီစဉ်ထားခဲ့ကြသည်။

အဆိုပါ အစည်းအဝေးကို အတိုက်အခံ ဆရာတော် အာစရက စီစဉ်ခဲ့သည်။ ၄င်းအနေဖြင့် နိုင်ငံရေး လုပ်ရှားသူဖြစ်ပြီး ထိုင်းအစိုးရ၏ အကြီးဆုံးဓမ္မကာရ ဗုဒ္ဓကျောင်းထိုင် ဆရာတော် ဖုရာဓမ္မချာရိုကို လူဝတ်လဲရန် အသနားခံစာ တင်ခဲ့သူလည်းဖြစ်သည်။

လင်းလင်း
The Ladies News


No comments:

Post a Comment

My Blog List