Wednesday, February 17, 2016

သက်တော်စောင့် ၁၆ ဦးအထိ မာ့ခ် ဇကာဘာ့ဂ် တိုးမြှင့်


ဖေ့စ်ဘုတ် (Facebook) တည်ထောင်သူတဦးဖြစ်တဲ့ မာ့ခ် ဇကာဘာ့ဂ်ဟာ အွန်လိုင်ကနေ ခြိမ်းခြောက်စာတွေ ရရှိပြီးနောက် လုံခြုံရေးကို တိုးမြှင့်လိုက် ရပါတယ်။ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ သူ့အိမ်မှာ အကာအကွယ် လုံခြုံရေးအတွက် သက်တော်စောင့် ၁၆ ယောက်အထိ တိုးမြှင့် လိုက်ရပါတယ်။
အမေရိကန် ဒေါ်လာ ၄၇ ဒသမ ၁ ဘီလျံ ချမ်းသာတဲ့ ဘီလျံနာတဦးဖြစ်တဲ့ ဇကာဘာ့ဂ်ဟာ အွန်လိုင်းကနေ ခြိမ်းခြောက်စာတွေ လက်ခံရရှိခဲ့ပါတယ်။ ခြိမ်းခြောက်မှု တချို့ဟာ ဇကာဘာ့ဂ်ရဲ့ မိသားစုဝင်တွေကိုပါ ပစ်မှတ်ထား လာကြောင်း သတင်းရင်းမြစ်တခု ဆိုပါတယ်။

သုံးစွဲသူ သန်းချီရှိတဲ့ ဖေ့စ်ဘုတ်ဟာ အချစ်ဇာတ်လမ်း ကွဲပြဲမှုများ၊ အိမ်ထောင်ရေး ပြိုကွဲမှုများ၊ ကွာရှင်းမှုများ ဖြစ်လာရတဲ့ အကြောင်းရင်း ဖြစ်လာတာတွေနဲ့ ဆက်စပ်နေပုံရပါတယ်။

ဖေ့စ်ဘုတ်နဲ့ ပတ်သက်သမျှ
၂၀၀၄ – မာ့ခ် ဇကာဘာ့ဂ်ဟာ ဟားဗတ်က အဆောင်မှာနေရင်း Facebook ကို စတင်ဖန်တီး။
၂၀၀၆ - ဖေ့စ်ဘုတ်မှာ ဝင်ရောက်ခွင့်ပြု၊ သတင်းတချို့ စတင်။
၂၀၀၇ – အစု ၁ ဒသမ ၆ ရာခိုင်နှုန်းကို မိုက်ခရိုဆော့ဖ်ထံ ဒေါ်လာ သန်း ၂၄၀ နဲ့ ရောင်းချ။
၂၀၀၉ - “Like” ခလုတ်ကို ထည့်သွင်း။
၂၀၁၂ – Instergram ကို ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်။
၂၀၁၃ - ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုဖိုင်တွေကို ဆင်ဆာဖြတ်။
၂၀၁၄ – သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရ။
၂၀၁၅ – ကလေးသူငယ်တွေကို အနိုင်ကျင့်တဲ့ ဗီဒီယိုတွေ ဖော်ပြနေတာကို ဖယ်ရှားပေးဖို့ကို ငြင်းပယ်လို့ ဝေဖန်ခံရ။

ကိုကား - thlegraph.co.uk
ဓာတ်ပုံ - Facebook
ဧရာဝတီ

No comments:

Post a Comment

My Blog List