Wednesday, February 17, 2016

တိုက်ပွဲများရပ်တန့်ရေး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် သျှမ်းပါတီကြီး ၂ ခုတိုက်တွန်းတောင်းဆို



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ မန်တုံမြို့နယ်အတွင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲများ၊ စစ်ဘေးရှောင်များနှင့်ပတ်သက်၍ သျှမ်းပါတီကြီး ၂ ခုဖြစ်သော ကျားဖြူနှင့် ကျားခေါင်းပါတီတို့က အသီးသီး တိုက်တွန်းေ တာင်း ဆိုလိုက်သည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ကျောက်မဲမြို့ နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်က တိုက်ပွဲများ၊ စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ဆွေးနွေးကြရန် အဆိုတင်သွင်းရာ အစည်း အဝေးတက်ရောက်သူ ၄၀၀ ကျော်၏ထောက်ခံ မှုဖြင့် လွှတ်တော် ဥက္ကဌက အဆိုပြုချက်ကို အတည်ပြုပေးခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်တွင် ၎င်းနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြ စ်ကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ယနေ့မနက်တွင်မူ သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ ကျားဖြူပါတီ SNDP မှလည်း - တိုက်ပွဲကြောင့် စစ်ဘေးေ ရှာင်များတနေ့တခြား များပြား လာသည့်အပေါ် အနာဂတ်တွင်ဖြစ်ပေါ်မည့် နိုင်ငံရေး စီးပွါးရေး လူမှုရေး ပြသနာများ ရှောင်ရှားနိုင်ရန် လက်နက်ကိုင် အဖွဲ့ အစည်းများက တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာ ကြရန် တိုက်တွန်း သည့်ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

SNDP စည်းကမ်းထိန်းသိမ်းရေးကော်မတီ ၏ ထုတ်ပြန်ချက်တွင်အချက် ၄ ချက်ပါရှိပါ သည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List