Wednesday, February 17, 2016

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေရပ်ဆိုင်းရေးအတွက် အရေးကြီး အဆိုတင်


ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ် အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ဒုက္ခများစွာ ကြုံတွေ့နေရတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်နိုင်ရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကျားခေါင်းပါတီ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအောင် က ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
အဲဒီအဆိုကို ကန့်ကွက်သူမရှိတာကြောင့် မနက်ဖြန် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအဆိုဟာ ဒုတိယအကြိမ် လွှတ်တော်အသစ်မှာ ပထမဆုံးတင်သွင်းတဲ့ အရေးကြီးအဆိုဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List