Monday, February 15, 2016

ဗိုလ်ချုပ်မှူးကြီး၏ ပင်စင်သက်ကို (၆၅)နှစ်ဟု သတ်မှတ်ကြောင်း သတင်းထွက်ပေါ်


ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီးတို့၏ ပင်စင်သက်တမ်းကို ငါးနှစ်ထပ် တိုးကာ(၆၅) နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက် ကြောင်း သတင်းများထွက်ပေါ် နေသည်။ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့၏ ပင်စင်သက်ကို (၆၅) နှစ်ဟုပြင်ဆင် သတ်မှတ်လိုက်ကြောင်း တပ်မ တော်နှင့်နီးစပ်သော အသိုင်းအ ၀ိုင်းက ပြောကြားပြီး၊ ဖေဖော်ဝါရီ ၉ ရက်တွင်ပြုလုပ်ခဲ့သော တပ်မ တော်လေးလပတ် အစည်းအဝေး ၌ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းBBC သတင်းဌာနကလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြသည်။
ထို့ကြောင့် ၂၀၁၆ နှစ်လယ် ပိုင်းတွင် အသက် (၆၀)ပြည့်မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အသက် (၆၅)နှစ်အထိ တာဝန်များ ထမ်းဆောင်နိုင်မည် ဖြစ်သည်။

‘‘သူတို့လုပ်ချင်ရင် လုပ်လို့ရ တယ်။ တပ်ရဲ့ လုပ်ထုံးလုပ်နည်း ရှိပြီးသား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ အတိုင်းပဲ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ကာလုံ ထောက်ခံချက်နဲ့ သမ္မတကခန့် တယ်။ သက်တမ်းတိုး တာ၊ မတိုး တာကတော့ တပ်ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်းပဲ လုပ်မှာဖြစ် တယ်’’ ဟု နိုင်ငံတော်သမ္မတရုံးမှ အကြီး တန်းအရာရှိတစ်ဦးက ပြော သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး များ ပင်စင်သက်တမ်းတိုးခြင်း ဟုတ်၊မဟုတ်ကို အတည်ပြုပေး နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ တွင် ‘‘နိုင်ငံ့ဝန်ထမ်းဖြစ် သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူခြားမှုရှိ သည့်အလျောက် တပ်မတော် သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်’’ဟု ပြဋ္ဌာန်းထားသည်။

‘‘ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒီချုပ်အစိုးရနဲ့ လက်တွဲ ဆောင်ရွက်မယ် လို့ စကားတွေ ရှိ နေတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ သူနဲ့ဒေါ်အောင် ဆန်းစုကြည်ကြားမှာ ယုံကြည်မှုတည် ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ပြည်သူလူထုလည်း ယုံ ကြည်ပြီး နာမည်ပျက်လည်းမရှိတဲ့ သူဖြစ် တယ်။ သဘောထားပျော့ ပျောင်းတယ်။ စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ကောင်းတယ်။ မီဒီ ယာပွင့်လင်းမှုရှိတယ်။ နောက်မ ဆုတ်တမ်းလမ်းကို အာမခံပြီး သွားတယ်။ ဒါကြောင့် ဒီလိုသက် တမ်းတိုးလိုက်တာက တိုင်းပြည် အတွက် ပိုကောင်းတယ်လို့ ယုံ ကြည်တယ်’’ဟု တပ်မတော်အရာ ရှိတစ်ဦးက သုံးသပ်သည်။ ၎င်း က ဗိုလ်ချုပ်မှူးကြီးနှင့်ဒုဗိုလ်ချုပ် မှူးကြီးတို့၏ သက်တမ်း ကို ငါးနှစ် ထပ်တိုးလိုက်သည်ဆိုသောသတင်းမှာမှန်ကန်ကြောင်းပြောသည်။

‘‘တပ်မတော်က ဒီလိုသက် တမ်းတိုးတာကို အရပ်ဘက်က သဘောတူ ဟန်ရှိတယ်လို့ ကောက်ချက်ချ ရင် ရနိုင်ပါတယ်။ NLD နဲ့ညှိနှိုင်းလို့ သဘောတူ၊ မတူတော့ မသိပါဘူးဗျာ။ ဒီလိုမျိုး သက်တမ်းတိုးတာဟာ အာဏာ ကို ဆက်လက်ဆုပ်ကိုင်ထားလိုလို့ ဆိုတဲ့ ဝေဖန်မှုမျိုးကတော့ ရှိကြမှာ ပါပဲ။ အခုလိုအခြေအနေမျိုးဆိုလာ မယ့် ၂၀၂၀ ရွေးကောက်ပွဲအထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်ရှိနေမယ့်သဘောပါပဲ’’ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောသည်။

အခြေခံဥပဒေပုဒ်မ ၂၉၁ အရ တပ်၏လုပ်ထုံးလုပ်နည်းအ တိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပင်စင်သက်တမ်းကို ညွှန်ကြားချက်ဖြင့် ပြင်ဆင်နိုင် သော်လည်း အဆိုပါဥပဒေကို လွှတ်တော်က ပြင်ဆင်ခွင့်ရှိ ကြောင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကပြောသည်။

‘‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေအရသက်တမ်း တိုးတယ်ဆိုရင်တော့ အဲဒီဥပဒေ ကို ပြင်ဆင်ခွင့်၊ ဖျက်သိမ်းခွင့်က လွှတ်တော်မှာရှိတာပေါ့။ အခု လွှတ်တော်မှာ စိုးမိုးထားတာက NLD။ သူတို့ကလက်ရှိတပ်ချုပ်နဲ့ ဆက်ဆံရေးအဆင်ပြေနေတယ် လို့ ယူဆရင် အခုလိုသက်တမ်းတိုးတာကို ခွင့်ပြုမှာပေါ့ဗျာ။တကယ်လို့အဆင်မပြေဘူး။ နောက်လူ တက်လာတာကပိုကောင်းမယ်လို့ယူဆရင်အဲဒီဥပဒေကိုပြင်ရမှာ ပေါ့။ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုသာလျှင် တပ်ကသဘောတူမှ ပြင်လို့ရ တာ။ကျန်တဲ့ဥပဒေတွေ အကုန်လုံးကတော့ လွှတ်တော်မှာအများစုအနိုင် ရမဲနဲ့ပြင်လို့ပြဋ္ဌာန်းလို့ရတာပဲ’’ဟု ဦးရဲထွန်းက ဆက်လက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ အမတ် ဟောင်းတစ်ဦးကလည်း ဦးရဲထွန်း ပြောသကဲ့သို့ပင် အဆိုပါအမိန့် ကြော်ငြာစာကို ပြင်ဆင်လိုပါက ပြင်ဆင်နိုင်သော အခွင့်အရေးရှိ ကြောင်း ပြောသည်။ ‘‘နောက် တက်မယ့် သမ္မတကဒါကို ပြောင်း ချင်ရင် ပြောင်းလို့ရတယ်။ အခု သက်တမ်းတိုးလိုက်တာကဥပဒေ ပြင်ပြီး တိုးတာမဟုတ်ဘူး။ အမိန့် ကြော်ငြာစာထုတ်တာလေ’’ဟု ၎င်းကဆိုသည်။ သို့သော် တပ် ချုပ်နှင့်ဒုတပ်ချုပ်၏ ပင်စင်သက် တမ်းကို ငါးနှစ်တိုးလိုက်ပါက လွှတ်တော်တွင်းရှိ တပ်မတော် သားကိုယ်စားလှယ်များက တင် သွင်းမည့် ဒုတိယသမ္မတလောင်း အမည်မှာ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ မဖြစ်နိုင်တော့ကြောင်း ၎င်းကသုံးသပ်သည်။

နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပင်စင်သက်တမ်းကို တိုးလိုက်ပါကလည်း လက်ရှိမြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုပေါ်တွင် သက်ရောက်မှုမရှိနိုင်ကြောင်း သုံးသပ်သည်။

‘‘ဒီသတင်းတွေ ထွက်နေ ပေမယ့် တရားဝင်အတည်ပြုဖို့ ခက်နေတာတွေ့ရ တယ်။ထိလွယ် ရှလွယ်တဲ့ လက်ရှိအကူးအပြောင်း ကာလမှာတော့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက် ပြီး တာဝန်ထမ်းဆောင်ဖို့ အလား အလာများတယ်လို့ မြင်တယ်။ ယုံကြည်စိတ်ချရတဲ့ ကာလတစ်ခု ရောက်တဲ့အထိ တပ်ချုပ်ကသူ့ရဲ့ ရာထူးကို သက်တမ်းတိုးပြီး ထိန်း ထား တာဟာ ၅၉(စ) အပေးအယူ နဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ မြင်တယ်။ ၅၉(စ) ပြင်ပြင်၊ မပြင် ပြင်၊ ဆိုင်းငံ့ငံ့၊ မဆိုင်းငံ့ငံ့တပ်ချုပ် ကတော့ သူ့ရဲ့ သက်တမ်းကို တိုး ပြီးထမ်းဆောင်မှာပဲလို့ မြင်တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း တပ်မတော်အတွက် သီး ခြားဥပဒေတွေ နဲ့ ခွင့်ပြုပေးထား တဲ့အတွက် ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့လည်း အဲဒီဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေနဲ့အညီ သက် တမ်းတိုးနိုင်တဲ့ အနေအထားရှိ တယ်လို့ တွေ့ရတယ်။ ဒီဥပဒေ တွေကို NLD လွှတ်တော်အနေနဲ့ ကလည်း ပြင်ဆင်ပယ်ဖျက်မလား ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ဆက်ဆံ ရေးကို ပိုမိုကောင်းမွန် အောင် အ လေးထားနေတဲ့အခါကျတော့ တပ်မတော်အတွက် သီးသန့်ထား ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ပါ့ မလားဆိုတာ သံသယဖြစ်စရာ ရှိတယ်။ တပ်ချုပ်က အခုလိုသက် တမ်းတိုးမြှင့်လိုက်တာဟာ မူလ ကတည်းက စီစဉ်ပြီးသားလို့ယူဆ တယ်။ ဒီကိစ္စဟာ အာဏာအ ပြောင်းအလဲဖြစ်စဉ်ကို သက် ရောက်မှုရှိနိုင်မယ်မထင်ပါဘူး’’ ဟု ၎င်းကဆိုသည်။

7day daily


No comments:

Post a Comment

My Blog List