Tuesday, January 05, 2016

နိုင်ငံတော်သမ္မတချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ ဒါရိုက်တာပန်းချီစိုးမိုး၊ ဒါရိုက်တာစင်ရော်မောင်မောင်နှင့် ဂီတစာဆိုဟင်္သာတမြင့်ငွေတို့ရရှိ


နိုင်ငံတော် သမ္မတက ချီးမြှင့်ခဲ့သည့်စွမ်းဆောင်မှု ဆိုင်ရာဂုဏ်ထူးဆောင် ဘွဲ့အလင်္ကာ ကျော်စွာဘွဲ့ကို ဒါရိုက်တာနှစ် ဦးနှင့် ဂီတစာဆို တစ်ဦးရရှိခဲ့ကြောင်း နိုင်ငံ တော်သမ္မတရုံးအမိန့် ကြေညာစာအ မှတ် ၂ /၂၀၁၆ အရ သိရသည်။ ယင်းဆုကို ဒါရိုက် တာထပ်ဆင့် အကယ်ဒမီ ပန်းချီစိုးမိုး(ခ)ဦးအောင် စိုး၊ ဒါရိုက်တာ အကယ်ဒမီစင်ရော် မောင်မောင်နှင့် ဂီတစာဆို ဦးမြင့်ငွေ (ဟင်္သာတမြင့်ငွေ)တို့ ရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတက ဇန်နဝါ ရီ ၄ ရက်တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ အလင်္ကာကျော် စွာဘွဲ့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်သည် ပွင့်လင်းမြင် သာသည့်အနေအထားသို့ရောက် ရှိလာပြီဖြစ် သည့်အတွက် အနုပညာ ရှင်များအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ် သက်ပြီးအနုပညာအားဖြင့် ဖော်ပြပေး ရန်လိုအပ်ကြောင်း စွမ်းဆောင်မှုဆိုင် ရာ ဂုဏ်ထူးဆောင်ဘွဲ့ အလင်္ကာကျော် စွာဘွဲ့ရရှိခဲ့သည့် ဂီတစာဆို ဦးမြင့်ငွေ (ဟင်္သာတမြင့်ငွေ)က ပြောသည်။

ယင်းကဲ့သို့ ဘွဲ့ချီးမြှင့်ခြင်းခံရခြင်းနှင့်ပတ်သက်ပြီး ဂီတစာဆို ဦးမြင့် ငွေ (ဟင်္သာတမြင့်ငွေ) က ''ဆုရမယ် လို့ မျှော်လင့်ပြီးလုပ် တာမဟုတ်ပေ မယ့် ခုလိုအစိုးရ က အသိအမှတ်ပြု တယ်ဆိုတော့ ပိုပြီးကြိုးစားရတော့ မယ်။ ဘာကြောင့် ဒီဆုကိုရခဲ့သလဲ ဆိုတာတော့ နိုင်ငံတော်ကချီးမြှင့်တဲ့ ပုဂ္ဂိုလ်တွေပဲ သိမယ်ထင်တယ်။ ဘဘ အနုပညာသက် တမ်း ၅ဝမှာ တေး သီချင်းပေါင်း ၁၅၀၀ လောက်ရေးခဲ့ တာမှာ ငြိမ်းချမ်းရေး၊ ခရီးသွားနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဘာသာရေး အစရှိတဲ့ တိုင်းကျိုးပြည်ကျိုးပြုတဲ့တေး သီချင်းပေါင်း ၆၀ဝကျော်လောက် ကို ရေးသား ခဲ့တယ်။ ခုချိန်ကတိုင်း ကျိုးပြည်ပြုဖြစ်စေ မယ့် အရာတွေ ကို ရေး သားဆိုတီး ဆောင်ရွက်ပြသဖို့အ တွက် အချိန်ကောင်းအချိန်မှန်ဖြစ် လို့ လူငယ်လူကြီး အစရှိတဲ့အနုပညာ ရှင် တွေအနေနဲ့ ပြည်သူတွေလိုချင်နေ တဲ့ အာဟာရဖြစ်တဲ့ငြိမ်းချမ်းရေး ကို အနုပညာအားနဲ့ ရအောင်ဆောင် ရွက် ပေးဖို့လိုအပ်ပါတယ်လို့ ပြောချင်ပါ တယ်''ဟု ဒီမိုကရေစီတူဒေးသတင်း စာသို့ ဇန်နဝါရီ ၄ ရက်ကပြောသည်။

ဂီတလောကတွင် စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဖြစ်သော အလင်္ကာကျော်စွာဘွဲ့ကို ဆရာကြီးမြို့မငြိမ်း၊ ဆိုင်းဆရာကြီး ဦးဟန်ပ၊ ဆိုင်းဆရာကြီး ဦးဘမောင်၊ ဆရာကြီးရွှေ ပြည်အေး၊ ဆရာမကြီး ဒေါ်စောမြအေးကြည် ၊ စောင်းဦးဘ သန်း စသည့်အနုပညာ ရှင်ကြီးများရရှိခဲ့ပြီး ဒါရိုက်တာများထဲတွင် အလင်္ကာ ကျော်စွာဘွဲ့ကို ဆရာကြီး ဒါရိုက်တာဦးသုခက ရရှိခဲ့ဖူးကြောင်း လည်း ဂီတစာဆိုဦးမြင့်ငွေ ၏ ပြော ကြားချက်အရ သိရသည်။

ဆက်လက်ပြီး ဂီတစာဆို ဦး မြင့်ငွေက''လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က အလင်္ကာကျော်စွာဘွဲ့တွေပေးခဲ့ တယ်။ ဒီဘက်ခေတ်မှာတော့ ခုလို အလင်္ကာကျော်စွာဘွဲ့ကိုပြန်ပေးတာ ဆိုရင်ဒါပထမဆုံးပဲ။ ဘယ်အစိုးရ ပဲတက်တက် ဘယ်ပါတီပဲတက်တက် အားလုံးက နိုင်ငံကောင်းဖို့ အတွက် ပဲလုပ်တာဆိုတော့ အနုပညာရှင် တွေကလည်း ကိုယ့်အနုပညာအား နဲ့တိုင်းကျိုးပြည်ပြုတွေရေး သား ဆောင်ရွက်ဖို့လို ပါတယ်''ဟု အကြံ ပြုပြောကြားသည်။

TTMT
Democracytoday

No comments:

Post a Comment

My Blog List