Tuesday, January 05, 2016

လိပ်ကျွန်းအမှု မြန်မာ ၂ ဦးကို ဓားစာခံအဖြစ် ထိုင်းရဲအသုံးချတာဖြစ် ကြောင်း နိုင်ငံတကာ ဟက်ကာအုပ်စု ကြေညာ

လိပ်ကျွန်းအမှုမှာ မြန်မာ ၂ ယောက်ကို သေဒဏ်ချမှတ်ခြင်းဟာ ဓားစာခံ အဖြစ် ထိုင်းရဲတွေက အသုံးချလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတကာက ဟက်ကာအုပ်စုလို့ လူသိများတဲ့ Anonymous က ကြေညာလိုက်ပါတယ်။
မိနစ် ၄၀ ကြာတဲ့ ဒီဗီဒီယိုထဲမှာ အမှုနဲ့ ပတ်သက်တဲ့ အထောက်အထား သဲလွန်စတွေကို သုံးသပ်တင်ပြထားပြီး ဒီအမှုမှန်ကို မဖော်ထုတ်ပေးနိုင် သရွေ့ ထိုင်းနိုင်ငံရဲ့တိုးရစ် ခရီးသွားလုပ်ငန်းကို ဆန့်ကျင် သပိတ်မှောက်ကြ ဖို့ ဟက်ကာအုပ်စုက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဗီဒီယိုထဲမှာ သေဆုံးသူဗြိတိန်မိသားစုတွေအတွက် သတင်းစကား ကိုလည်း ထည့်သွင်းပြောကြားထားပါတယ်။

မြန်မာလူငယ်တွေဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက သေဒဏ်ချမျတ်ခံ ထားရသူတွေ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List