Tuesday, January 05, 2016

ဘာဘာဝါလိုစ် ဘုန်းတော်ကြီးများ ၂၀၁၆ ၏ ကမ္ဘာ့ရေးရာများကို ကြိုတင်ဟောကိန်း ထုတ်


ကျူးဘားနိုင်ငံက အက်ဖရို-ကျူးဘန်းမျိုးနွယ် ဆန်တဲရီးယန်းအယူဝါဒ ဘာသာရေး ခေါင်းဆောင်တွေက ၂၀၁၆ ရဲ့ ကမ္ဘာ့ရေးရာတွေကို နှစ်သစ်ကူး ကြိုတင်ဟောကိန်းတွေ ထုတ်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၆ မှာ ရွှေ့ပြောင်းနေထိုင်သူတွေအရေး ပေါက်ကွဲမှုဖြစ်မယ့် အလားအလာ ရှိပြီး ကမ္ဘာတလွှား လူမှုရေး မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာမှာဖြစ်တယ်လို့ ဘာဘာဝါလိုစ်တွေလို့ သိကြတဲ့ ဘုန်းတော်ကြီးတွေက တဲ့တိုး ဟောပြောလိုက်တာပါ။
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာရတဲ့ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဘာအရေးယူ ဆောင်ရွက်မှုမှ မရှိရင် ကျနော်တို့လူတွေကို ကျနော်တို့ ဦးဆောင်သွားရမှာပဲလို့ အီဖှာ ဂမ္ဘီရဟောကိန်းတွေက ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေးနေတယ်လို့ ဘုန်းတော်ကြီး လာဇာရို ကုအက်စ်တာက ဟာဗားနားမှာ ပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ သတင်းသမားတွေကို ပြောပါတယ်။

၂၀၁၄ ဒီဇင်ဘာမှာ ၀ါရှင်တန်နဲ့ ဟာဗားနားကြား ၂ နိုင်ငံ ဆက်ဆံရေးတင်းမာမှုကို ဖြေလျော့ကြောင်း ကြေညာပြီးနောက်ပိုင်း ကျူးဘားနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ ၈၀ ရာခိုင်နှုန်းလောက် တိုးလာပြီး မကြာခင်မှာ ကျူးဘား – အမေရိကန် ခိုလှုံခွင့် ပြီးဆုံးသွားတော့မှာကို စိုးရိမ်နေကြတာပါ။

ဘာဘာဝါလိုစ်တွေက ရွှေ့ပြောင်းနေထိုင်မှု မူဝါဒ အပြောင်းအလဲနဲ့ လစာငွေတွေနဲ့ အခြေခံလိုအပ်ချက်တွေရဲ့ ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကို ဟန်ချက်ညီအောင် လုပ်ပေးဖို့လဲ တောင်းဆိုခဲ့ပါတယ်။

ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုက ၂၀၁၆ ခုနှစ်ကျရင် ကျူးဘားမှာ စီးပွားရေးကျဆင်းမှု ရှိနိုင်မယ်လို့ ဒီဇင်ဘာလ ၂၉ ရင် အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီလာခံမှာ ကြေညာပြောဆိုခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List