Thursday, January 07, 2016

ဘာသာရေးခေါင်းဆောင် ကွပ်မျက်ခံရတဲ့အပေါ် သြစီမှာ ဆန္ဒပြ


ဆော်ဒီအာရေးဗီးယားနိုင်ငံက ​ရှီရိုက် ​ဘာသာရေးခေါင်းဆောင် ​Nimr ​al-Nimr ​ကို ​ကွပ်မျက်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျနိုင်ငံမှာရှိတဲ့ ​ဆော်ဒီအာရေးဗီးယား ​သံရုံးမှာ ​လူပေါင်း ​ရာနဲ့ချီ ​ဆန့်ကျင်ဆန္ဒပြမှု ​လုပ်ခဲ့ကြပါတယ်။ဆော်ဒီအာရေးဗီးယား ​အာဏာပိုင်တွေကတော့ ​အဲဒီ ​ဘာသာရေး ​ခေါင်း ဆောင်ဟာ ​အကြမ်းဖက် ​ဝါဒတွေ ​ဟောပြောတယ်ဆိုပြီး ​ကွပ်မျက်တာ ​ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ​အဲဒီ ​ဘာသာရေးခေါင်းဆောင်ဟာ ​အကြမ်းဖက်တဲ့ ​ဝါဒီ ​သမားတစ်ယောက်မဟုတ်ပဲ ​မတရားမှုကို ​အကြမ်းမဖက်တဲ့ ​နည်းနဲ့ ​ဆန့်ကျင်သူသာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီကိစ္စကို ​ကုလသမဂ္ဂရဲ့ ​လူ့အခွင့်အရေး ​ကော်မရှင်မှာ ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ပေးဖို့လည်း ​ဆန္ဒပြသူတွေက ​တောင်းဆိုလိုက်ပါတယ်။

Mohammad ​Syed ​ဆိုတဲ့ ​လူကတော့ ​မဲလ်ဘုန်းမြို့ကနေ ​မြို့တော်ကင်ဘာ ရာအထိ ​သွားပြီး ​ဆန္ဒပြခဲ့တာ ​ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယား ​အာဏာပိုင်တွေဟာ ​လူတွေကို ​အကြောက်တရား လွမ်းမိုးအောင်လုပ်ဆောင်ပြီး ​အကြမ်းဖက်ဖြစ်အောင် ​လုပ်ဆောင်တဲ့အပြင် ​သူတို့ရဲ့ ​နိုင်ငံသားကို ​ပြန်ပြီး ​နိုင်ထက်စီးနှင်းပြုနေတာလို့ ​ပြောသွားခဲ့ပါ တယ်။

ဒီခေတ်ဟာ ​၂၁ ​ရာစုခေတ် ​ဖြစ်ပြီး ​လူတွေမှာ ​ဒီမိုကရေစီ ​အခွင့်အရေးနဲ့ ​လွတ်လပ်မှုတွေ ​ရှိတဲ့အကြောင်း ​ဆော်ဒီကို ​ပြောပေးပါလို့လည်း ​ကုလသမဂ္ဂကို ​တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲမှာ ​အိန္ဒိယ၊ ​ပါကစ္စတန်၊ ​အာရပ်ဒေသက ​လူတွေအပြင် ​သြစတြေးလျနိုင်ငံသားတွေလည်း ​ပါဝင်ပါတယ်။

ဆော်ဒီအာရေးဗီးယားရဲ့ ​တော်ဝင်မိသားစုကို ​ဝေဖန်မှုတွေ ​လုပ်လေ့ရှိတဲ့ ​ဘာသာရေး ​ခေါင်းဆောင် ​ကွပ်မျက်ခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန်က ​ဆိတ်ငြိမ်နေတယ်ဆိုပြီးတော့လည်း ​ဝေဖန်နေကြပါတယ်။

အမေရိကန် ​အစိုးရကတော့ ​ဘာသာရေး ​ဆရာကို ​ကွပ်မျက်တာဟာ ​မဖြစ်သင့်တဲ့အရာ ​ဆိုပြီး ​ပြောဆိုထားတာ ​ရှိပါတယ်။

abc

No comments:

Post a Comment

My Blog List