Tuesday, January 05, 2016

ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ အကယ်ဒမီ ဝေဠုကျော် အားခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းက လူမှုထူးချွန်ဆု(ဒေါက်တာဘွဲ့)ပေးအပ်ချီးမြှင့်


သရုပ်ဆောင် ဝေဠုကျော်ကို ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဒေါက်တာဆု ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းကပေးသည့် ဓမ္မတက္ကသိုလ် ဒေါက်တာဘွဲ့ ဆိုသည်မှာ စိတ်ဓာတ်မြင့်မားသူ၊ မေတ္တာတရား ကြီးမားသူကို ထိုက်တန်ဂုဏ်ပြုသည့် ဘွဲ့ဖြစ်သည်။ Union Biblical Seminary မှစွမ်းစွမ်း တမံ ဆောင်ရွက်လေ့ရှိသူများကို ပေးအပ် လေ့ရှိသည့် နှစ်ခြင်းခရစ်ယာန် အသင်းတော်နှင့် အခြား အဖွဲ့အစည်းနှစ်ခု ပူးပေါင်း ပေးအပ်သည့် Doctor of Humane Letter ဒေါက်တာ ဘွဲ့ ချီးမြှင့်မှု အခမ်း အနားကို အကယ်ဒမီ ဝေဠုကျော်က ဇန်န၀ါရီလ ၄ ရက် ဧမာနွေလ ဘုရားကျောင်းတွင် ပြုလုပ် သည့် ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား သို့ တက်ရောက် ရယူခဲ့သည်။
စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အခြား လူမူရေး ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သော အကယ်ဒမီ ဝေဠုကျော် အား ယခုနှစ်အတွက် လူမှု ထူးချွန်ဆု (ဒေါက်တာဘွဲ့) ကို အဆိုပါ အသင်းအဖွဲ့ကြီးက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အနုပညာရှင်များထဲမှ လူမှုရေးလုပ်ငန်းများကို စွမ်းဆောင်နိုင်ခဲ့သူ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကှဋ္ဌဦးကျော်သူကိုလည်း ယခင်နှစ်က အဆိုပါ ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဧ၀ံဂေလိအဖွဲ့ချုပ်၏ လူမှုကယ်ဆယ်ရေး ဂုဏ်ပြု မှတ်တမ်းလွှာ တွင် ဝေဠုကျော် ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ အကယ်ဒမီ ရုပ်ရှင်သရုပ် ဆောင် ဦးဝေဠုကျော် သည် လူမျိုးမရွေး၊ ဘာသာမရွေး ၊ ဆင်းရဲဒုက္ခ ရောက် သော ပြည်သူ များအား ၊ ပြည့်ဝစုံလင်သော မေတ္တာတရားဖြင့် ကိုယ်စွမ်းရှိ သမျှ ဥာဏ်စွမ်းရှိသမျှ အားတက်သရော ကူညီမစ လှူဒါန်း ပြုစုစောင့် ရှောက် ပါသောကြောင့် လူမှု ကယ်ဆယ်ရေး ဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့် အပ်ပါသည်ဟုဖော်ပြထားသည်။

သတင်း - ဇော်မင်းထွန်း
PHOTO - Phyo Ko Ko Zaw
The Ladies News Journal

No comments:

Post a Comment

My Blog List