Thursday, January 07, 2016

NCA လက်မှတ်မထိုးသောအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ကြားမည်ဟုဆို


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင်ရန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတစ်ဆင့် တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်မှစ၍ ရန်ကုန်မြို့၌ ပြုလုပ်နေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို NCA ရေးထိုးထား သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ ပါဝင်တက်ရောက် ပြီး နေပြည်တော်၌ ဇန်နဝါရီ ၁၂ ရက်မှစတင်ကာ ကျင်းပမည်ဖြစ် သည်။ အဆိုပါညီလာခံသို့ ကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်နိုင်ရန် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတစ်ဆင့် ဖိတ်ကြားမည်ဟု တာဝန်ရှိ သူများက ပြောကြားသည်။

‘‘NCA မရေးထိုးတဲ့ ၁၀ ဖွဲ့က အယောက်ငါးဆယ်ကို ဖိတ်ဖို့ မူအားဖြင့် အားလုံးက သဘောတူ ထားတယ်။ တရားဝင်ကတော့ အတွင်းရေးမှူး အဖွဲ့အစည်းက နေ ဖိတ်ကြားဖို့ စီစဉ်နေပါတယ်’’ ဟု UPDJC အတွင်းရေး မှူး ဦးလှမောင်ရွှေက ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခတ်မှု ရပ်စဲရေးသဘောတူညီ ချက် (NCA)ကို အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ယမန်နှစ် အောက်တိုဘာက လက်မှတ်ရေးထိုးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List