Tuesday, January 05, 2016

ဗြိတိန်နိုင်ငံရောက် မြန်မာတွေ ထိုင်းဝန်ကြီးချုပ်ထံ ပေးစာပို့


ထိုင်းနိုင်ငံမှာ ခိုတောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီးသေဒဏ် ချမှတ်ခံ ထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ အမှုကို ပြန်လည်သုံးသပ်စီစစ်ပေးဖို့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက မနေ့ညနေပိုင်းက ထိုင်းသံရုံး ရှေ့မှာ အေးချမ်းစွာဆန္ဒပြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်အတွက် မေတ္တာရပ်ခံစာတစ်စောင်ပေးပို့လိုက်ပါတယ်။
ထိုင်း ဝန်ကြီးချုပ် အတွက် ပေးစာကို တက်ရောက်လာကြသူတွေအများ ရှေ့မှောက်မှာ ဖတ်ပြခဲ့တယ်လို့ စည်းရုံးရေးမှူး ကိုမင်းဟိန်းက ပြောပြပါ တယ်။

"မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးလူ ၂ ယောက်ခံစားနေရတဲ့ အတွက်ကို တရားမျှတမှုလိုချင်တဲ့အတွက် ကျနော်တို့စုပြီးတော့လုပ်တာ"

ဒီအမှုမှာ သက်သေအထောက်အထား မခိုင်လုံဘဲ သေဒဏ် ချမှတ်ခဲ့တာကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ အဲဒီသူတို့ ပေးစာကို ထိုင်းသံရုံး အရာရှိတွေက ယဉ်ကျေးစွာ လက်ခံခဲ့တယ်လို့လဲ ကိုမင်းဟိန်းက ပြောပါတယ်။

"ကျနော်တို့ ဆန္ဒပြပွဲကိုလာတဲ့သူတိုင်းလက်မှတ်ထိုးတယ်၊ ပြီးတော့အဲ့စာက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆီကိုပို့မယ့်စာပေါ့၊ ကျနော်တို့စာကိုလာယူတဲ့သူက သေချာ စကားပြောတယ်၊ ကျနော်တို့ထဲက ထိုင်းစကားပြောတတ်တဲ့ဗမာ အကိုကြီး တစ်ယောက် က ကျနော်တို့နိုင်ငံအပြောင်းအလဲ ဖြစ်ခါနီးမှာ ကျနော်တို့ ၂ နိုင်ငံက ချစ်ချစ်ခင်ခင် ရှိဖို့လိုတယ်ဆိုတော့ သူကလည်း ဟုတ်ပါတယ်၊ ကျနော်ပြောပေးပါမယ်ဆိုပြီး ထိုင်းလိုပဲပြောသွားတယ်"

အဲဒီ ဆန္ဒပြပွဲမှာ ရုံးပိတ်ရက်တွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံသား ၄၀ လောက်သာ ပါဝင်နိုင်ခဲ့ကြပြီး ဗြိတိသျှ ရုပ်မြင်သံကြားဌာနတစ်ခုကလဲ ရုပ်သံရိုက်ကူး ပြီး ဖြစ်ရပ်တွေကို မေးမြန်းသွားတယ်လို့လဲ ဆိုပါတယ်။

RFA

No comments:

Post a Comment

My Blog List