Tuesday, January 05, 2016

ထိုက်သင့်သည့်လမ်းကြောင်းပေါ် ရောက်ရှိခြင်းကြောင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(Mobile Team)ကို ဖျက် သိမ်း ရခြင်း ဖြစ် ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား



ထိုက်သင့်သော လမ်းကြောင်းပေါ် ရောက်ရှိသွားပြီဖြစ်၍ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) များဖျက်သိမ်း ရခြင်းဖြစ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ဇန်နဝါရီ ၄ ရက်တွင် နေပြည် တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပ ပြု လုပ်သော (၆၈)နှစ်မြောက် လွတ် လပ်ရေးနေ့အခမ်း အနား တွင် တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့ (Mobile Team)များ ဖျက် သိမ်းရခြင်းအကြောင်းနှင့်ပတ်သက် ၍ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ''လုပ်ငန်းဆောင် ရွက်တာသုံးနှစ်နဲ့တစ်လ ရှိပြီ။ Mobile Team မှာက မီဒီယာတွေလည်းပါ တယ်။ စီးပွားကူးသန်းလည်း ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေလည်း ပါဝင်စစ်ဆေး ခဲ့ကြတယ်။ အခုအဲဒါတွေကလည်း ထိုက်သင့်သလို လမ်းကြောင်းပေါ် ရောက်လာတယ်။ လမ်းကြောင်းမှန် ပေါ်ရောက် သွားပြီဆိုတော့ မလိုအပ် တော့ဘူးပေါ့။ Mobile Team က လည်း အမြဲလုပ်လို့မရဘူးလေ။ ဒါ ကြောင့်မို့ပါ''ဟုပြောသည်။

အဆိုပါ တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးအဖွဲ့(Mobile Team) များဖျက်သိမ်းရန် နိုင်ငံတော် သမ္မတရုံးမှ ဒီဇင်ဘာ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေ ညာခဲ့ပြီး Mobile Team အဖွဲ့အား လုံး၏ ဆောင်ရွက်မှုလုပ်ငန်းများအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီအချိန်မှစ၍ ရပ်ဆိုင်းရန် နှင့်အဖွဲ့များအားလုံးအား ဖျက်သိမ်း ရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရုံးမှ ဒီဇင်ဘာ ၃၀ ရက်စွဲပါစာဖြင့် ထပ်ဆင့်ညွှန်ကြား ခဲ့ကြောင်းသိရသည်။

တမူးနယ်စပ်ကုန်သည် ဦးဝင်း မြင့်က '' Mobile Team ထားရှိတာ က ကုန်သွယ်တဲ့အခါမှာ အဟန့်အ တားဖြစ်စေတယ်။ တရားဝင် ကုန် သွယ်နေသူတွေကိုလည်း ထိခိုက် တယ်။ တရားမဝင်ကုန်ပစ္စည်းတွေ ဈေး ကွက်ကို ဝင်ရောက်နေတာ အဓိကတင်သွင်းတဲ့သူနဲ့ ရောင်းချ သူမှာပဲ တာဝန်ရှိ တယ်။ သူတို့ကို သာအဓိကတားနိုင်ရင် ဈေးကွက် မှာ တရားမဝင် ပစ္စည်းတွေကိုဖမ်းဆီးပြီး ထိရောက်စွာအရေးယူနိုင် ရင် Mobile Team ဆိုတာမလိုအပ်ဘူး။ တရားမဝင်ကုန်ပစ္စည်း တားဆီး ဖို့နယ်စပ် လမ်းကြောင်းမှာ Mobile Team ထားရှိတာက ထိရောက်မှုမရှိဘူး။ အဟန့်အ တားဖြစ်စေတာပဲ ရှိတယ်''ဟုပြောသည်။

တရားမဝင်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်းများ ပြည်တွင်း သို့ဝင်ရောက်နေခြင်း ကိုထိန်းချုပ် ရန် တရားမဝင်ကုန်သွယ်မှုတား ဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ကြီး ကြပ် မှုဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှစတင်၍ တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ များမှ လုပ်ငန်းစတင်ဆောင်ရွက်ရာ ဒီဇင်ဘာ ၈ ရက်အထိ အမှုတွဲပေါင်း ၉၀၉၁ မှုဖြင့် ခန့်မှန်းတန်ဖိုးကျပ် ၅၃ ဒသမ ၇၃၃ ဘီလီယံဖမ်းဆီးရ မိခဲ့ကြောင်းသိရသည်။

TEEP, MP
Democracytoday


No comments:

Post a Comment

My Blog List