Tuesday, January 05, 2016

"သေဒဏ်ကျမြန်မာ နှစ်ဦးကိစ္စအမှုမှန် ပေါ်ပေါက်ရေးအတွက် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို ထိုင်းသံရုံးကိုပေးပို့"





ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသားနှစ်ယောက် သေဒဏ် ချမှတ်ခံထားရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ပြန်လည် စီစစ်ပေး ဖို့ တောင်း ဆိုရေးထိုးထားတဲ့လက်မှတ်တွေနဲ့ စာတစ်စောင်ကို ဒီနေ့မှာ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေး စင်တာ မှ ကိုသက်ဆွေဝင်း ဦးဆောင်တဲ့ လူငယ် အဖွဲ့တစ်ဖွဲ့ ကနေ ထိုင်း အစိုးရထံသို့ ထိုင်းသံရုံး ကနေ့ တစ်ဆင့် ပေးပို့ဖို့ပေးဖို့ ထိုင်း သံရုံးရှေ့ကို ဒီနေ့မှာ ရောက်လာ ကြပါတယ်။

ဒီနေ့လာပေးတဲ့ လက်မှတ်တွေ ကတော့ ရန်ကုန်၊ နေပြည်တော် ဧရာဝတီ ပဲခူး မော်လမြိုင် စတဲ့ မြို့နယ်ပေါင်း ၁၅ မြို့နယ် မှာရှိတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေ က ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့ ထိ ကောက်ခံ ထားတဲ့ လက်မှတ်ပေါင်း ၂၇၀၀၀ ကျော်ဖြစ်ပါတယ်။

လက်မှတ်နဲ့စာတစ်စောင်ကို လာပေးပေမယ့်လည်း ဒီနေ့မှာ သံရုံးကောင် စစ်ဌာနကို ပိတ်ထားတဲ့ အတွက် အဆိုပါလက်မှတ်တွေကို ပေးခဲ့ခြင်းမရှိဘဲ သံရုံးပြန်ဖွင့်မယ့် ဇန်နဝါရီ ၁၁ မှာပြန်လာပေးမယ်လို့ ကိုသက်ဆွေဝင်း ကပြောပါတယ်။

"ဒီလက်မှတ်တွေကို သူတို့လက်မခံရင်ခံတဲ့နည်းနဲ့ ပေးဖြစ်အောင် ကျွန်တော် တို့ ကိုယ်တိုင်ပေးသွားမှာပါ။"လို့ ၄င်းပြောပါတယ်။

သံရုံးကောင် စစ်ဌာနကို ဒီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ထိ ပိတ်ထားမည် ဖြစ်ပြီးတော့ ၈ ရက် ၉ ရက် မှာစနေတနင်္ဂနွေဖြစ်တဲ့ အတွက် ၁၁ ရက်နေ့မှာ လာပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုထားတဲ့ လက်မှတ်တွေနဲ့ စာတစ်စောင် ကို ဗြိတိန်သံရုံးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ဒီရက်ပိုင်းအတွင်းပေး ပို့သွားဖို့ရှိတယ့်လို့သိရပါတယ်။

လင်းဟိန်း
Popular News Journal

No comments:

Post a Comment

My Blog List