Friday, January 08, 2016

တိုက်ပွဲဖြစ်နေသည့် ရှမ်းမြောက်တွင် ပြည်နယ်အဆင့် အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့စတင်ဖွဲ့စည်းမည်



တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၀ ရက်တွင် ဖွဲ့စည်းကာ တိုက်ပွဲများဖြစ်ရသည့် အကြောင်းအရင်းများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရေး အတွက် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JIC) က ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ Myanmar Peace Center တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ ထဲမှာ ပထမဦးဆုံးထိတွေ့ ပစ်ခတ်မှုဖြစ်တာက ရှမ်းပြည်နယ်ဖြစ်တဲ့ အတွက်ကြောင့် ဦးစားပေးအနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဖွဲ့စည်းတဲ့ အခါမှာလည်း ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေး ကော်မတီက သွားရောက်ပြီး ဒေသခံတွေရယ်၊ တိုင်းရင်းသား လက်နက် ကိုင်တွေရယ် လက်မှတ်ရေးထိုးပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ်မှာ ဖွဲ့စည်းပေးသွား မှာပါ” ဟု ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JIC) အဖွဲ့ဝင်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ကို ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း ဖွဲ့စည်းသွား မည်ဖြစ်ကာ မတ်လတွင် ချင်းပြည်နယ်၌ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ နည်းပညာအကြံပေး ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။

“အခုက ပြည်ထောင်စုအဆင့်ကနေ ပြည်နယ်အဆင့် ဝန်ထမ်းခန့်ထားမှုတွေ ဘယ်လိုထားမလဲ။ ဘယ်လိုရာထူး တွေနဲ့ ထားမလဲ ဆိုတာမျိုးတွေကို ဆွေးနွေး ဖြစ်တာပါ” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေး ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဒေသများတွင် ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖွဲ့စည်းပြီးပါက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ဒေသများ တွင်လည်း အကောင်အထည် ဖော်သွားမည်ဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းအပေါ်မှာ အောင်မြင်မှုရှိတယ်၊ ဘယ် လောက် ယုံကြည်စိတ်ချတယ်ဆိုတာ မြင်ပြီး ကျန်တဲ့အဖွဲ့တွေက လိုက်လာမယ် လို့ ထင်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ ပြည်နယ်အဆင့် အပစ်အရပ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး အဖွဲ့တွေကို အကောင်အထည် ဖော်သွားမှာပါ” ဟုပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင်၊ ကရင်အမျိုးသား အစည်းအရုံးမှ ဗိုလ်ချူပ် စောအိုင်းဇက်ဖိုးက ပြောသည်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့မှ တပ်ဖွဲ့များ အကြား တိုက်ပွဲများ မဖြစ်စေရေး အတွက် ထိန်းညှိပေးရေး လုပ်ငန်းများ၊ စောင့်ကြည့်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List