Friday, April 22, 2016

လီဆူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက မြစ်ဆုံဆည် စီမံကိန်းအား လုံးဝဆန့်ကျင်သည်ဟု ဆို


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်လာမှု မြင့်တက်လာသော်လည်း တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅.၄ ဘီလီယံခန့်ဖြင့် အများဆုံး ရင်းနှီးမြှုပ် နှံသူအဖြစ် ပြတ်သားစွာ ရပ်တည်လျက် ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံရှိ တရုတ်၏ အကျိုးစီးပွားများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ အထူးစီးပွားရေးဇုန်များမှစ၍ ဆည်များနှင့် သတ္တုတွင်း လုပ်ငန်း များအထိ ပါဝင်ပြီး တရုတ် ကုမ္ပဏီများသည် ဦးသိန်းစိန်အစိုးရလက်ထက် တစ်လျောက်လုံး အဓိကစီမံကိန်းကြီးများ လုပ်ကိုင်ခွင့် ဆက်လက်ရရှိနေဆဲ ဖြစ်သည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ပြီးနောက် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံလုံးက ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် ဆန္ဒရှိနေသော်လည်း NLD အစိုးရအနေဖြင့် ဒေသခံတိုင်းရင်းသားများဆန္ဒကိုသာ ဦးစားပေး ဆောင်ရွက်ဖွယ်ရှိသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တစ်ဦးဖြစ်သူ လီဆူးတိုင်းရင်းသား ဦးဂျေယောဝူက မြစ်ဆုံဆည် စီမံကိန်း အား လုံးဝဆန့်ကျင်သည်ဟု ပြောကြားခဲ့ပြီး စီမံကိန်း ပြန်လည် စတင်မည့် မည်သည့် ဆောင်ရွက်မှုမဆို အပြင်းအထန် ကန့်ကွက်သွားမည်ဟု ပြော ကြားခဲ့သည်။

ဦးဂျေယောဝူက “ဒီစီမံကိန်းပြန်စဖို့ အစိုးရက ခွင့်ပြုမယ်ဆိုရင် ဆန့်ကျင် သွားဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ ဧရာဝတီဟု ကျွန်တော်တို့ အားလုံးရဲ့ မိခင် ဖြစ်တဲ့အတွက် ဒီပြသ၁နာဟာ ဒေသခံ ကချင်ပြည်သူတွေ နဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်ပါ တယ်” ဟု ပြောကြား ခဲ့သည်။

ဦးဂျေယောဝူ သည် မြစ်ဆုံစီမံကိန်း တည်ရှိရာ မေခနှင့် မလိခ မြစ်ဆုံဒေသ တွင် ငယ်စဉ်က နေထိုင်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် ပြီးခဲ့သည့် လွှတ်တော် သက်တမ်းအတွင်း အရေးပါသည့် နေရာမှ ပါဝင်လှုပ် ရှားခဲ့သူ ဖြစ်သည်။
ဦးဂျေယောဝူ သည် မြစ်ဆုံစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ များ၏ လူမှုဘ၀ အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရထံ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။

အကယ်၍ မြစ်ဆုံစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည် ဆိုပါက ဒေသခံများ၏ လူမှုဘ၀ ယဉ်ကျေးမှုနှင့် ဒေသတွင်း ဇီဝမျိုးကွဲ စုံလင်မှုကို ထိခိုက်စေမည်ဟု ဦးဂျေယောဝူက ဆိုသည်။ ထို့အပြင် ဒေသတွင်းရှိ သဘာဝ သယံဇာတများကို တရုတ်နိုင်ငံက အမြတ်ထုတ် ရယူမည်ကိုလည်း စိုးရိမ်မိသည်ဟု ဆိုသည်။

“မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ရာကနေ အပြီးတိုင် ရင်ဆိုင်သင့်ပါတယ်။ ဒါက နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်နေပါတယ်” ဟု ဦးဂျေယောဝူက ပြောကြားခဲ့သည်။

တရုတ်နယ်နိမိတ်တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များရှိနေပြီး တရုတ်နယ်နိမိတ်မှာလည်း သစ်၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများ တရားမ၀င် သယ်ဆောင်ရောင်းဝယ်ရာ ဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို ပါဝင်ဆောင်ရွက်မှုများကို NLD အစိုးရသစ်အနေဖြင့် သတိကြီးစွာစောင့်ကြည့်ကျပ်မတ်ရန်လိုအပ် ကြောင်း ဦးဂျေယောဝူက ပြောကြားခဲ့သည်။


KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List