Friday, April 22, 2016

ပလောင် (တအာင်း) တပ် နှင့် နယ်မြေအငြင်းပွားမှုအကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း


မြန်မာ့ရိုးရာ အခါသင်္ကြန် အတာပြောင်းတဲ့နှစ်သစ်ကူးမှာ ပလောင်အမျိုး သားလွတ်မြောက်ရေးတပ်ဦး၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထုတ်ပြန်ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းမှ ၄င်းတို့ ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွယ် တိုင်းလျဲန်းသို့ တပ်ဆုတ်ပြန်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။
အဲဒီ ပြသနာ ကို သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ဘယ်လိုဖြေ ရှင်း လိုပါသလဲ။ ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

RCSS/SSA အနေနဲ့ နယ်မြေကျူးကျော်ပြီး သျှမ်းပြည်မြောက်ပိုင်းမှာ သွားေ ရာက် လှုပ်ရှားနေတယ်။ အဲဒါကြောင့် နယ်မြေအငြင်းပွားရာဒေသက လွယ် တိုင်းလျဲန်း ဌာနချုပ်ကို တပ်ဆုတ်ပြန်ဖို့ TNLA ဘက်က ပြောတဲ့အပေါ် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က အခုလိုဖြေကြား ထားပါတယ်။

စ၀်ယွက်စစ်။ ။ နယ်မြေကျူးကျော်တယ်ဆိုပြီး ကျနော်တို့ စစ်ကြောင်းကို သူတို့က စတိုက်တယ်။ နယ်မြေ ကျူးကျော်တယ်လို့ ပြောရလောက်အောင် TNLA နဲ့ RCSS ကြား ဘယ်တုန်းက နယ်မြေ သတ်မှတ် ပိုင်းခြားထားတာ ရှိလို့လဲ။ သူတို့ ကနေ ကျနော်တို့ကို အရင်စတိုက်လို့ တွေ့ ဆုံဖြေရှင်းဖို့ေ တာင်း တယ်။ သူတို့ဘက်ကလက်မခံဘူး။

မေး။ ။ UNFC ကနေ ကြားဝင်ဖြေရှင်းဖို့လုပ်ပေးတာဟာကော ဘယ် အဆင့်ေ ရာက်ပြီလဲ။

စ၀်ယွက်စစ်။ ။ လူလွတ်ပြီး တခါ လာတွေ့တဲ့နောက်ပိုင်း ဘာမှ ပြန် မပြော လာဘူး။ သူတို့ ဘက်ကနေ ၅ ဦး ရှိ ကော်မတီ ဖွဲ့ထားတယ်ကြား တယ်။ ဒါပေမယ့် ဒီကနေ့အထိ တွေ့ဆုံဆွေးနွေးဖို့ ဘာမှ မကြားရတော့ဘူး။
မေး။ ။ ဒီပြသနာ ဘယ်လိုဖြေရှင်းဖို့ လုပ်မလဲခင်ဗျာ။

စ၀်ယွက်စစ်။ ။နယ်မြေအငြင်းပွားမှု ကိစ္စက စစ်ရေးနည်းနဲ့ဖြေရှင်းမှာ လား။ တွေ့ဆုံဖြေရှင်း မှာ လား။ တွေ့ဆုံဖြေရှင်းမယ်ဆိုရင် ကျနော်တို့လက်ခံတယ်။ သူတို့ ပလောင် က နမ့်ဆန်နယ် မှာ စော်ဘွားနဲ့ အုပ်ချုပ်လာတဲ့ သမိုင်းတွေ ရှိတယ်။ ကျနော်တို့ လက်ခံ တယ်။ ပြသနာကို ဘယ်လိုလက်တွဲဖြေရှင်း မယ်ဆိုတာ တွေ့ဆုံပြီးလက်တွဲ ဖေါ်ဆောင် တာ အကောင်းဆုံး။
မေး။ ။ တပ်ဆုတ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်သေး လဲခင်ဗျား။

စ၀်ယွက်စစ်။ ။ တပ်ဆုတ်ဖို့က မရှိသေးဘူး။ မူစယ်တို့ ၊ နမ့်ခမ်း တို့၊ ကျောက်မဲ တို့ဆိုတာ ကျနော်တို့ အရင်ကတည်း ကနေ လာတာ။ TNLA နဲ့ ပြသနာမဖြစ်ခင်တုန်းက အဲ့ဒီဒေသမှာ တပ်အင်အား က ၂၀၀ လောက်ပဲ ရှိတယ်။ အခု ၂၅၀၀ ကျော်ရှိသွားပြီ။ ဒီအင်အားတွေ ပြန်နှုတ်ဖို့ တစ် အချက် ကျနော်တို့ ကို ဘာ့ကြောင့် ခြုံခိုတိုက်ခိုက်လဲ၊ နှစ်အချက် ဖမ်းဆီးထား တဲ့ ဒေသခံ ၂၃ ဦး မှာ ၈ ဦး ပြန်လွတ်ပေးတယ်။ ကျန်တဲ့သူတွေဘယ်ေ ရာက်နေ လဲဆိုတာ ဖြေရှင်းပြီးရင်အကုန် ပြန်နှုတ်မယ်။ နယ်မြေသတ်မှတ်တဲ့ ကိစ္စက ကျနော်တို့ အစိုးရမဟုတ်တော့ ဘယ်လိုလုပ် သတ်မှတ်မလဲ။ လတ် တ လောအခြေအနေမှာ နယ်မြေကိစ္စက အဆုံးအဖြတ်မလုပ်နိုင်သေး ပေ မယ့်ေ တွ့ဆုံဆွေး နွေး မယ်ဆိုရင် ဘယ်လိုသွားလာမလဲ၊ ဘယ်လိုလက် တွဲဖေါ်ဆောင်မလဲ ဆိုလုပ်လာနိုင်မယ်။ သူတို့လဲသူတို့ အမျိုးသား အတွက် ရည်ရွယ်ချက်ရှိတယ်။ ကျနော်တို့လဲ ကျနော်တို့အမျိုးသားအတွက် အသက် ရှင် တယ်။ တွေ့ဆုံ ဆွေးနွေးမလား - အဆင်သင့်ပဲ။ တိုက်ရေးခိုက်ရေး နဲ့ ဖြေရှင်းမလား။ သူတို့ပေါ်ပဲ မူတည်တယ်။

သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရ နှင့် တနိုင်ငံ လုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ထိုင်းနယ်စပ်အခြေစိုက် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်ပါတယ်။ TNLA ကတော့ တရုတ်နယ်စပ်အခြေစိုက် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မေ တာ် UWSA, ကချင်လွတ်လပ်ရေး တပ်မတော် KIA , မိုင်းလားတပ်မတော် NDAA, သျှမ်းပြည်တပ်မတော် SSPP/SSA, ကိုးကန့်တပ်မတော် MNDAA ရခိုင်တပ်မတော် AA တို့ နှင့် မဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုး ဖို့ ငြင်းဆန်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။

Panglong(Burmese)

No comments:

Post a Comment

My Blog List