Wednesday, August 07, 2013

ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် ဝင်ခွင့် တောင်းရာမှ ဖြစ်ပွားသော အမှု ဆက်လက်စစ်ဆေးနေ

Wednesday, August 07, 2013
ပြင်ဦးလွင်သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ဝင်ခွင့်တောင်းခံခဲ့ရာ တွင် ဒီချုပ်လုံခြုံရေးနှင့် ပြဿနာဖြစ်ပွားခဲ့ သူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်ကစွဲဆို သောအမှုအား မြို့နယ်တရားရုံးမှ တရားလိုပြများကို ဆက်လက်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
”ကျွန်မနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ဖြစ်နေတဲ့အမှုကို အမေစု ကို အကူအညီပေးဖို့တောင်းခံတဲ့စာကို ပေးမလို့ဝင်ခွင့်တောင်းတာ။ ပထမအမျိုးသမီး နှစ်ယောက်က လာထိန်းတယ်။ ပြီးတော့ အမျိုးသားတွေရောက်လာပြီး ထိန်းသိမ်း သလိုနဲ့ ကျွန်မကို ရိုက်တယ်။ လည်ပင်းညှစ် တယ်။ ဗိုက်ကို လက်သီးနဲ့ ထိုးတယ်။ ကျွန်မက ဘာမှ ပြန်မလုပ်နိုင်ဘူး” ဟု ရိုက်နှက်ခံရသူ မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်သည် ဦးကျော်ဆန်းဦး ပါလေးဦးအား ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ၃၅၄ (ကာယိနြေ္ဒဖျက်ဆီးမှု)၊ ၅ဝ၆ (ဆဲရေး ကြိမ်းမှု) တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ တရားလိုအား ဇူလိုင်လကုန်တွင် စစ်ဆေးပြီးဖြစ်ပြီး တရားလိုပြများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကာ တရားလိုနှင့် တရားလိုသက်ေ သများအရ စွဲဆိုထားသည့် ပြစ်မှုမြောက်လျှင် တရားရုံးမှစွဲချက်တင်မည်ဖြစ်ပြီး ပြစ်မှုမမြောက် လျှင် တရားရှင်လွတ်မြောက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်ဒီချုပ်ပါတီဝင်များဘက်မှ ရှေ့နေလိုက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

”အမှုကပေါ်ပါတယ်။ သူနဲ့ ဒီလူတွေက ရန်ငြိုးရန်စမရှိဘူးဆိုတာ ပေါ်ပါတယ်။ လုံခြုံရေးတာဝန်ထမ်းဆောင်နေတယ်ဆိုတာ ပေါ်တယ်။ အဲ့ဒီဝင်း ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးဆိုတာလည်း ပေါ်တယ်။ ဒီိကိစ္စမှာနောက်ကွယ်က မရိုးသားတဲ့ လုပ်ကြံမှုတွေပါတယ်” ဟု ဦးသိန်းသန်းဦးက ပြော သည်။

အထက်ပါအမှုမတိုင်မီ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် ပြင်ဦးလွင်ဒီချုပ်လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟတို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြကြောင်း၊ ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်အား လက်ထပ်ပါမည်ဟု ယုံကြည် အောင်ပြောဆိုကာ ကာမရယူခဲ့ပြီး ကိုယ်ဝန် ရရှိခဲ့ကြောင်း၊ ကလေး၏အသက် ၁နှစ် နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ဦးကျော်သီဟအား စွဲဆိုထားသည့်အမှုရှိခဲ့သည်။ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟနေထိုင်သည့် ရပ်ကွက်မှလူကြီးများက ညှိ နှိုင်းပေးသဖြင့် မယားစရိတ်၊ ကလေးစရိတ်အဖြစ် ငွေကျပ်လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှုမပြုလုပ်တော့ေ ကြာင်း အဆိုလွှာတွင် ပါရှိသည်။

ဦးကျော်သီဟကမူ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်အား သမီးရည်းစားဖြစ်ခဲ့ခြင်း မရှိဘဲ လက်ထပ်ပေါင်းသင်းပါမည်ဟု ယုံကြည်အောင် ပြော ဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်းဆိုထားပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် လူကြီးများရှေ့တွင် ညှိနှိုင်း၍ မယားစရိတ် ကလေးစရိတ် အဖြစ် ငွေကျပ်လေးသိန်းပေးခဲ့သည်မှာလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။အဆိုပါအမှုအား ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖိုးလပြည့်

No comments:

Post a Comment

My Blog List