Tuesday, August 06, 2013

ရူပီးသိန်း ၅ဝ ကျော် တန်ဖိုးရှိ ငွေဖြင့် ပြုလုပ်ထားသော ကမ္ဘာ့ ပထမဆုံး ဆိုင်ကယ်

Tuesday, August 06, 2013
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Silver Emporium ကျောက်မျက်ရတနာ ကုမ္ပဏီမှ ဦးဆောင်၍ ရူပီးသိန်း ၅ဝ ကျော်တန်ဖိုးရှိ ငွေဖြင့် ပြုလုပ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးကို ထုတ်လုပ်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်ကို မွမ်ဘိုင်းမြို့တွင် သြဂုတ် ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် အိန္ဒိယ နိုင်ငံ တကာကျောက်မျက် ပြပွဲ၌ ထုတ်ဖော်ပြသ သွားမည်ဖြစ်သည်။
မိမိတို့၏ ကုမ္ပဏီသည် ကမ္ဘာ့ ပထမဆုံး လက်လုပ်ငွေဖြင့် ပြုလုပ်ထားသော ဆိုင်ကယ်ကို ဖန်တီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းဆိုင်ကယ်တွင် အင်ဂျင်၊ တာယာနှင့် ဆိုင်းထိန်း စနစ်များ ပါဝင်ပြီး ကျန်အစိတ်အပိုင်း အားလုံးကို ငွေဖြင့် ပြုလုပ်ထားကြောင်း Silver Emporiumမှ မန်နေးဂျင်း ဒါရိုက်တာ ရာဟူလ် မက်ရှ်တာက IANS သို့ပြောကြား ခဲ့သည်။
Photo: ရူပီးသိန်း ၅ဝ ကျော် တန်ဖိုးရှိ ငွေဖြင့် ပြုလုပ်ထားသော ကမ္ဘာ့ ပထမဆုံး ဆိုင်ကယ်
Tuesday, August 06, 2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Silver Emporium ကျောက်မျက်ရတနာ ကုမ္ပဏီမှ ဦးဆောင်၍ ရူပီးသိန်း ၅ဝ ကျော်တန်ဖိုးရှိ ငွေဖြင့် ပြုလုပ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးကို  ထုတ်လုပ်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်ကို မွမ်ဘိုင်းမြို့တွင်  သြဂုတ် ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် အိန္ဒိယ နိုင်ငံတကာကျောက်မျက် ပြပွဲ၌ ထုတ်ဖော်ပြသ သွားမည်ဖြစ်သည်။

မိမိတို့၏ ကုမ္ပဏီသည် ကမ္ဘာ့ ပထမဆုံး လက်လုပ်ငွေဖြင့် ပြုလုပ်ထားသော ဆိုင်ကယ်ကို ဖန်တီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းဆိုင်ကယ်တွင် အင်ဂျင်၊ တာယာနှင့် ဆိုင်းထိန်း စနစ်များ ပါဝင်ပြီး ကျန်အစိတ်အပိုင်း အားလုံးကို ငွေဖြင့် ပြုလုပ်ထားကြောင်း Silver Emporiumမှ မန်နေးဂျင်း ဒါရိုက်တာ ရာဟူလ် မက်ရှ်တာက IANS သို့ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List