Tuesday, August 06, 2013

တရုတ်- ဗီယက်နမ်ပိုင်နက် အငြင်းပွားမှု ဖြေရှင်းရေး ဆက်လက် ဆွေးနွေးမည်

Tuesday, August 06, 2013
ဗီယက်နမ် နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီနှင့် ဗီယက် နမ် နိုင်ငံခြားရေး ဝန်ကြီး ဖန်ဘင်မင်တို့သည် သြဂုတ် ၄ ရက်က ဟနွိုင်းမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး တောင်တရုတ် ပင်လယ်အတွင်းရှိ စပရက်တလီကျွန်းစု အရေးကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြားအငြင်းပွား နေမှုများကို ဖြေရှင်းရေးအတွက် စေ့စပ်ဆွေးနွေးမှုများဆက်လက် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်းသြဂုတ် ၅ရက် အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။
ဆွေးနွေးပွဲတွင် ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး ဖန်ဘင်မင်က စပရက်တလီ ကျွန်းနှင့် ပတ်သက်၍ ပိုင်နက် နယ်မြေ ဆိုင်ရာ အငြင်းပွား နေမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကလည်း တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံနှင့် ဆက်ဆံရေးကို ပျက်ပြားစေမည့် ဆောင်ရွက်မှုမျိုး လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။တရုတ် စစ်သင်္ဘောများသည် အဆိုပါ အငြင်းပွားနေသော ကျွန်းစုအနီးတွင် ဗီယက်နမ် ငါးဖမ်း သင်္ဘော များ ကို ဟန့် တား နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ ဖူးရာ ဗီယက်နမ် နိုင်ငံကလည်း ထိုသို့လုပ်ဆောင်မှု အပေါ် ပြန်လည် ကန့်ကွက်ခဲ့ ကြောင်း သိရသည်။
တရုတ်နှင့် အာဆီယံအဖွဲ့တို့သည် တောင်တရုတ် ပင်လယ်အတွင်း ဖြစ် ပွားနေသော အငြင်း ပွားမှု များကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် စည်းမျဉ်း ဥပဒေများ ရေးဆွဲ ချမှတ်နိုင်ရန် စက်တင်ဘာလ အတွင်း၌ စေ့စပ် ဆွေးနွေးမှုများ စတင်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List