Monday, August 05, 2013

သာကေတရဲနှင့် ပြည်သူ ပဋိပက္ခ ပြည်သူ ၂ဝကျော်အား ဝတ္တရားနှောင့်ယှက်မှုဖြင့် ဖမ်းဆီး

Monday, August 05, 2013
သာကေ တအနော်မာရပ်ကွက်၌ ရဲနှင့် ပြည်သူပဋိပက္ခဖြစ်ပွားမှုတွင် ဝတ္တ ရားနှောင့်ယှက်မှုဖြင့် အရေးယူ ခံရသူ ၅ဝအနက် ၂ဝကျော်ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသည့်လူများကို တရားဥပဒေအရ အရေးယူနိုင် ရန် ထပ်မံဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး ယင်းဖြစ်ရပ်ကို မှန်ကန်တိကျစွာကိုင်တွယ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြား ထားကြောင်း ရဲတပ်ရင်းကွပ်ကဲမှု ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါတာဝန်ရှိသူက''ကျွန် တော်တို့အနေနဲ့ ဥပဒေအတိုင်း ဖမ်းဆီးစစ်ဆေးတာကို လူစုလူဝေးနဲ့ဝိုင်းပြီး ဆူပူအောင်လုပ်လို့ ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူတာပါ။ ဒါဟာ တာဝန်ထမ်းဆောင်နေ တဲ့ ပြည်သူ့ ဝန်ထမ်း တွေကို နှောင့်ယှက်တာပါပဲ''ဟု ပြောသည်။ ယင်းဖြစ်စဉ်မှာ ဇူလိုင် ရ ရက်က သာကေတအနော်မာ (၁)ရပ်ကွက်ရှိ နေအိမ်တစ်အိမ် အား သာကေတ အမှတ်(၁)ရဲစ ခန်းက မူးယစ်ဆေးဝါးလက်ဝယ် ထားရှိသည်ဟူသောသတင်းကြောင့် ဖမ်းဝရမ်းဖြင့်ဖမ်းရာမှ ယင်းရပ် ကွက်အနီးနေ ပြည်သူ ၅ဝခန့် က ဖမ်းထားသောလူနှစ်ဦးကို ပြန်လွှတ်ပေးရန်တောင်းဆိုရာမှ တစ်ဖက်နှင့် တစ်ဖက်အချင်းများ သောကြောင့် ရန်ကုန်တိုင်းရဲရုံးမှ တာဝန်ရှိသူများအပါအဝင် လုံခြုံ ရေးရဲများဖြင့် ယင်းလူအင်အား ၅ဝကို အင်အားသုံးကာ ဥပဒေ အတိုင်းရှင်းလင်းခဲ့ကြောင်း သိရ သည်။ယင်းနှင့်ပတ်သက်၍ သာ ကေတအနော်မာရပ်ကွက်နေ ပြည်သူတစ်ဦးက ''ဒီကိစ္စကို အ နော်မာရပ်ကွက်အနီးတစ်ဝိုက်က လူတချို့က မကျေနပ်ဘူး။ ဒါ သက် သက်ခွင်ဆင်ပြီးဖမ်းတာ လို့တော့ ပြောနေကြတယ်''ဟုပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List