Wednesday, August 07, 2013

သက်ကြီး နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ လာမည့်စက်တင်ဘာတွင် ဖွင့်နိုင်ရန် စီစဉ်နေ

Wednesday, August 07, 2013
သက်ကြီးရွယ်အို နေ့ပိုင်းစောင့် ရှောက်ရေးဂေဟာ(Day Care Centre For the Aged) ကို ပထမဆုံးအဖြစ် လာမည့်စက်တင်ဘာတွင် စတင်ဖွင့် လှစ် နိုင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန် ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဂေဟာသည် သက်ကြီး ရွယ်အိုများအတွက် အချိန်ပိုင်းစောင့် ရှောက်မှုပေးနိုင်ရန် စတင်ဖွင့်လှစ်ခြင်း ဖြစ်ပြီး ဘိုးဘွားရိပ်သာများကဲ့သို့၂၄နာရီအချိန်ပြည့် စောင့်ရှောက်ထားမည့် နေရာမျိုး မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး စီးမှူးဦးတင်ဇော်မိုးက ပြော သည်။”လူဦးရေ အကန့်အသတ်ရှိမယ်။ အတည်တော့မပြုရသေးဘူး”ဟု ၄င်းက ဆက်ပြောသည်။ သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးနှင့် စိတ်အပန်းဖြေစရာနေရာ တစ် ခုအဖြစ် ရည်ရွယ်ထားရှိသောကြောင့် အဆိုပါဂေဟာသို့ လာရောက်မည့် သူ များအတွက် အကျွေးအမွေး၊ ကျန်းမာ ရေးဆိုင်ရာ ကိုယ်ကာလလေ့ကျင့်မှု ပစ္စည်းများ၊ ဘာသာရေးဆိုင်ရာဘုရား ဝတ်ပြုခန်း၊ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေ နိုင်ရန်အတွက် စစ်တုရင်၊ အင်တာနက်၊ တီဗီနှင့် စာကြည့်တိုက်တို့ကို ထားရှိပေး မည်ဖြစ်ကြောင်း သိရသည်။

”အသက်ကြီးတဲ့ဘိုးဘွားတွေက အိမ်မှာဆိုရင်တစ်ယောက်တည်း အထီး ကျန်တယ်။ စကားပြောဖော်ဆိုတာ မရှိ ဘူး။ ဒီဂေဟာကို ရောက်ရင် သူတို့နဲ့ ရွယ်တူတွေတွေ့မယ်။ စကားပြောဖော်ရ မယ်။ ဘာသာရေးဆိုင်ရာတွေ ဆွေးနွေး လို့ရမယ်”ဟု ဦးတင်ဇော်မိုးက ပြော သည်။

အဆိုပါဂေဟာတွင် သက်ကြီးရွယ် အိုများကို နေ့ပိုင်းစောင့်ရှောက်ပေးသည့် အခကြေးငွေနှုန်းထားနှင့် လက်ခံမည့် အသက်အပိုင်းအခြားကို မသတ်မှတ်ရ သေးကြောင်း ၄င်းက ဆက်ပြောသည်။

သက်ကြီးရွယ်အိုနေ့ပိုင်း စောင့် ရှောက်ရေးဂေဟာကို ၁၄ ဒသမ ဝ၃၉ ဧက ကျယ်ဝန်းသော ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် ၆၄ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပိုင်နေရာတွင် ဖွင့်လှစ်သွား မည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဘိုးဘွား ရိပ်သာ ၆၁ ခုရှိသည်။

No comments:

Post a Comment

My Blog List