Tuesday, August 06, 2013

ပုသိမ် ကန်သာယာဥယျာဉ် အနီး ပြည့်တန်ဆာများ ဖမ်း

Tuesday, August 06, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အထင်ကရ နေရာ တစ်ခုဖြစ်သော ကန်သာယာ ပန်းဥယျာဉ် (ကန်သုံးဆင့်) အနီး လှည့်လည် သွားလာနေသည့် ပြည့်တန်ဆာများကို သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီး ခဲ့ကြောင်း အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
အဆိုပါ ဥယျာဉ်အနီး သွားလာနေသည့် ပြည့်တန်ဆာများကို ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က မိတ္တူကူး ယူထားသည့် ငွေစက္ကူကို အသုံးပြုစေသည့် အသွင်ယူ သက်သေနှစ်ဦး စေလွှတ်၍ ဖမ်းဆီးခဲ့ရာ ယင်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီး ရမိသည့်အတွက် (ပ) ၁၁၄/၂၀၁၃ နှင့် (ပ) ၁၁၅/၂၀၁၃ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (က) (ခ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် စိန်လင်းက ပြောဆိုသည်။ ပြည့်တန်ဆာ ဖမ်းဆီးမှုများမှာ တစ်နိုင်ငံလုံး စာရင်းများအရ ၂၀၁၁ ခုနှစ်က ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ် တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် မေလအထိ ၆၄၀ မှု ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List