Wednesday, August 07, 2013
မြစ်ဝကျွန်းပေါ် ဒေသတွင် မိုးရွာသွန်းပြီး ရေကြီးကာ ငရုတ်ပင်များ
ရေနစ်မြုပ် မှုကြောင့် ယခုရက်ပိုင်း ငရုတ်သီး ဈေးနှုန်းများ မြင့်တက်ကြောင်း
ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ငရုတ် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
ကိုင်းပင်များ ရေနစ်မြုပ်ခြင်းကြောင့် ငရုတ် တစ်ပိဿာ ကျပ် ၁၈၀၀ ခန့်
ရှိရာမှ ၂၀၀၀ ခန့်အထိ ဈေးတက်ခဲ့ပြီး လှောင် ငရုတ်များ လည်း ပြတ်နေကြောင်း
ငရုတ်ကုန်သည် ဦးသက်နိုင်က ပြောဆို သည်။ ငရုတ်သီး ထွက်ရှိရာ
ဒေသများမှ ငရုတ်သီး အဟောင်း၊ အသစ် ဈေးကွက် သည် သြဂုတ်လ ၅ ရက်နေ့ တွင် ပိဿာ
နှစ်ဆယ်ဆံ့ ငရုတ် တစ်အိတ်လျှင် ယခင်ထက် ကျပ် လေးထောင်ခန့် မြင့်တက်နေ
ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် ငရုတ်ဈေးကွက် အတွင်းမှ
စုံစမ်း သိရှိရသည်။
ငရုတ် ဈေးကွက်အတွင်း သိုလှောင်
ငရုတ်သီးများသည် တစ်ပိဿာ ကျပ် ၂၄၀၀ မှ ၂၆၀၀ အထိ ဈေးတက်ခဲ့ပြီးနောက်
တစ်ပတ်အတွင်း တစ်ပိဿာ ကျပ် ၂၈၀၀ ခန့်အထိ မြင့်တက်နိုင်ကြောင်း၊ ပျဉ်းမနား၊
ပျော်ဘွယ်၊ တပ်ကုန်း၊ မြစ်သားနှင့် ကျောက်ဆည် စသည့် မြို့နယ်တို့မှ
ငရုတ်သီး များသည် တစ်ပိဿာ သုံးထောင်ကျပ်အထိ ဈေးပေါက်ကြောင်း ငရုတ်
လုပ်ငန်းရှင်များက ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော
ဝါးခယ်မ အိုးလှောင် ငရုတ်သီးဈေး သည် တစ်ပိဿာ ကျပ် ၂၂၀၀ မှ ၂၄၀၀၊ အိမ်မဲ
ငရုတ်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ မှ ၂၃၀၀၊ ပန်းတနော် ငရုတ်မှာ ကျပ် ၂၁၀၀ မှ ၂၃၀၀
အထိ ဈေးမြင့် တက်နေကြောင်း ပန်းတနော် ငရုတ်သီး ဈေးကွက် အတွင်းမှ သိရသည်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment