Tuesday, August 06, 2013

နိုင်ငံရေး အကျပ်အတည်းများ ဖြေရှင်းရန် အီဂျစ် စစ်ဦးစီးချုပ်နှင့် အစ္စလာမ္မစ်ခေါင်းဆောင်များတွေ့ဆုံ

Tuesday, August 06, 2013
အာဏာမှ ဖြုတ်ချခံခဲ့ရသော သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံ သူများက ခေါင်းဆောင်သစ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် နိုင်ငံရေးအရ အကျပ်အတည်းများ ဖြစ်လျက်ရှိပေရာ စစ်တပ် အကြီးအကဲအဗ္ဗဒယ်ဖာတာအယ်စီစီနှင့်အစ္စလာမ္မစ်ခေါင်းဆောင်များအဆိုပါကိစ္စ ပြေလည်ရေးအတွက် တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဆိုသည်။
အင်အားစုနှစ်ဖက်လုံးက အကြမ်းဖက်သည့် နည်းလမ်းကို ပယ်ချကာငြိမ်းချမ်းသောအဖြေရှာမှုမျိုးကို လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများရှိနေခြင်းကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု ဗိုလ်ချုပ်ကြီး အယ်စီစီ ၏ ပြောရေး ဆိုခွင့်ရ အရာရှိ ဗိုလ်မှူး အာမက် အလီက ဆိုသည်။ မိုဟာမက်မော်စီကို လိုလားသူများက ထိုင်သပိတ်ကြီး နှစ်ခုကို ဆင်နွှဲလျက် ရှိပေရာ မြို့တော်၏ နေရာ အနှံ့အတွင်း လည်ပတ်၍ မရတော့ဘဲ နှစ်ဖက် အကွဲအပြဲကလည်း ပိုမို အားကောင်းလာနေလျက် ရှိသည်။
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ဝန်ကြီး ဝီလီယမ် ဘမ်းစ်နှင့် တွေ့ဆုံစဉ် မွတ်ဆလင် ညီနောင်များနိုင်ငံရေးအင်အားစုက တရားဝင်ရွေးကောက်တင်မြှောက်ခံထားရသော သမ္မတကိုပြန် လည်  ခေါင်းဆောင်စေလိုကာ အခြေခံဥပဒေနှင့် အထက်လွှတ်တော်ကို ပြန်လည်ခေါ်ယူစေရေးကိုဦး စားပေး ပြော ကြား ခဲ့သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီး ကက်သရင်း အက်ရှ်တန်နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဂူဒိုဝက်စတာဝဲလီတို့ကအီဂျစ်၏နိုင်ငံရေး အကျပ်အတည်း ဖြေ ရှင်းနိုင်ရေးအတွက်လာရောက်ခဲ့ပြီး အမေရိကန်ဒုတိယဝန်ကြီး လည်း ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။
“အခြေခံဥပဒေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုခြင်းနဲ့အတူ အာဏာ သိမ်းခြင်းကို ပယ်ချခြင်းဖြင့် နိုင်ငံရေး အရ အဖြေရှာခြင်းကို ကြိုဆိုပါကြောင်း ကျွန်ုပ်တို့ အတည်ပြုပါသည်” ဟု မွတ်ဆလင် ညီနောင်များ အင်အားစု ၏ နိုင်ငံရေးပါတီ လွတ်လပ်ခြင်းနှင့်တရားမျှတမှု ပါတီက ထုတ်ပြန် ပြော ကြားခဲ့သည်။
ဝီလီယမ်ဘမ်းစ်သည် အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး နာဗီဖာမီနှင့်လည်း တွေ့ ဆုံခဲ့ပြီး နှစ်ဖက် အင်အားစုများ အကြား သဘောတူညီမှု တစ်ခုကို ဆောင် ကြဉ်းနိုင်ရန် ဆွေးနွေးခဲ့ကြသည်။
မိုဟာမက်မော်စီကို လိုလားသူများ၏ ထိုင်သပိတ်များကို ဖြိုခွင်းရန် ရဲတပ်ဖွဲ့ က ဆိုထားသည့်အတွက် တင်းမာမှုများ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလျက် ရှိသည်။
“နိုင်ငံရေး အင်အားစုတွေ အားလုံးကို ပြန်လည် သင့်မြတ်ရေး အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဖွင့်ပြီး ဖိတ်ကြားပါတယ်။ မွတ်ဆလင် ညီနောင်များ အပါအဝင် အားလုံးအတွက် တံခါးကို ဖွင့်ထားပါတယ်” ဟု အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဖာမီက ပြောကြားသည်။
“နိုင်ငံရေး ကဏ္ဍဟာ အားလုံးအတွက် နေရာ မရှိဘူးဆိုရင် ဒါကို အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလို့ ခေါ်လို့ မရတော့ပါဘူး” ဟု ၎င်းက ထပ်လောင်း ပြော ဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List