Thursday, August 08, 2013

ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ

Thursday, August 8, 2013
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။
ထိုသို့ ပိတ်ထားလိုက်သော လေဆိပ်သည် အရှေ့အာဖရိက ဒေသ၏ အလုပ် အများဆုံး လေယာဉ် အကူးအပြောင်း လုပ်ရာ လေဆိပ်လည်း ဖြစ်ကာ အရေးပေါ် ဆင်းသက်ရေး တစ်ခုအတွက်သာ ဆင်းသက်ခွင့် ပြုထားပေ သည်။ ဥရောပမှ လာမည့် လေယာဉ်များ အပါအဝင် အခြား ကမ္ဘာအနှံ့ လေယာဉ် များ ဆိုက်ကပ်မည့် နံနက် ၅ နာရီခန့် အချိန်လောက်တွင် ဆိုက်ရောက် ဌာနသို့ မီးစတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေဆိပ်ကို မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ကို မကြေညာသေးပေ။
ထို့ကြောင့် ဆိုက်ရောက်လာသည့် လေယာဉ်များကို အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ မြို့တော် မွန်ဘာဆာသို့ လမ်းကြောင်း ပြောင်း၍ ဆိုက်ကပ်စေလျက် ရှိသည်။
အချို့ လေယာဉ်များကို ယူဂန္ဒာ၊ ရဝမ်ဒါ လေဆိပ်များသို့လည်း ပြောင်းလဲ ဆင်းစေခဲ့ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြထားသည်။
အဆိုပါ မီးသည် လေယာဉ်များ ဆီဖြည့်သည့် ဆီပန့်မှ တစ်ဆင့် လောင်ကျွမ်း သည်ဟု သတင်းများက ဖော်ပြကြပြီး လွန်ခဲ့သော နှစ်ရက်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးခိုးများကို ကင်ညာမြို့တော်နှင့် အတန်ငယ် ဝေးသော နေရာမှ ပင် မြင်နိုင်ကြောင်း၊ လေဆိပ်၏ အပြင်ဘက်တွင် ခရီးသည်များ အထုပ်အပိုး များဖြင့် သောင်တင်လျက် ရှိကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရောက် ရှိနေသည့် သတင်းထောက်များက ပြောကြားကြသည်။
လေဆိပ်သို့ လာသည့် လမ်းများ ယာဉ်ကြောလည်း ပိတ်ကုန်သဖြင့် အရေးပေါ် ကယ်ဆယ် ကုသရေး ယာဉ်များလည်း ပိတ်မိနေလျက် ရှိသည်ဟု မျက်မြင် သက်သေများက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်မဟုတ် ဆိုသည်ကို ပြောရန် စောသေးကြောင်း၊ မီးကို ငြှိမ်းသတ်ရန် အတွက်သာ ဦးစားပေးလျက် ရှိကြောင်း ကင်ညာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ အကြီးအကဲ ဘိုနီဖေ့စ်မွမ်နီကီက AP ကို ပြောကြားသည်။
ကင်ညာသည် အာဖရိကရှိ အနောက်အုပ်စု၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။
လူသေဆုံး ထိခိုက်မှု ဖြစ်သည့် သတင်းများ မကြားရသေးပေ။

The Voice Weekly

No comments:

Post a Comment

My Blog List