Tuesday, August 06, 2013

ပါကစ္စတန်နိုင်ငံအနှံ့ မိုးကြီးမှုကြောင့် ၂၃ ဦး သေဆုံး

Tuesday, August 06, 2013
မိုးကြီးသောကြောင့် ရေကြီးရေလျှံမှုများပါ ဖြစ်ပွားလျက်ရှိသော ပါကစ္စတန်နိုင်ငံ အနှံ့အပြားတွင် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လျက်ရှိကာ စုစုပေါင်း လူ ၂၃ ဦးအထိ သေဆုံးထားကြောင်း ပါကစ္စတန် ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရေကြီးမှုဒဏ်ကို အဓိက ခံရသည့် ဒေသများမှာ ကရာချိ၊ ဘာလူချီစတန်၊ ဒီဂျီခန်းနှင့် ခီဘာပက်ခ်ထန် ခွာ ပြည်နယ်များတွင် အချို့ နေရာများ မှာ ရေအောက်သို့ နစ်မြုပ်လျက် ရှိပြီး မြစ်ရေကြီးမှုများက လည်း အန္တရာယ် အရှိဆုံး အဆင့်သို့ ရောက်ရှိနေသည်။
အိမ်ခေါင်မိုးများ ပြိုကျခြင်း၊ လျှပ်စစ် ဓာတ်လိုက်မှုများ ဖြစ်ခြင်းနှင့် ရေနစ်ခြင်း များကြောင့် ပြီးခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းသော သုံးရက်အတွင်း စုစုပေါင်း လူ ၂၃ ဦး သေဆုံးထားသည်။ မြစ်ရေလျှံမှုများကြောင့် ဧကထောင်ပေါင်းများစွာသော စိုက်ပျိုးမြေများ ရေဖုံး လွှမ်းခဲ့ပြီး ကောက်ပဲ သီးနှံများလည်း ပျက်စီး ဆုံးရှုံးခဲ့ကြရာ ပက်စ်ရာ၊ ရာဂျန်ပူ၊ ဆန်ဟာနှင့် အခြား ဧရိယာများရှိ ပြောင်းခင်းနှင့် စပါးခင်းများ ဆိုးရွားစွာ ပျက်စီးသွားခဲ့ရပေသည်။
လူဦးရေ ၁၈ သန်း နေထိုင်လျက်ရှိသော မြို့တော် ကရာချိတွင် လည်း ရေကြီးနေလျက် ရှိသောကြောင့် မြို့တော်ကြီး၏ လည်ပတ်နေမှုများ ရပ်တန့်လျက် ရှိပေသည်။
မြို့တော် ကရာချိတွင်ပင် သေဆုံးသူ ၁၃ ဦး ရှိပြီး ပြည်နယ် အာဏာပိုင်များ က ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေ ဖောက်ထုတ်ရေး လုပ်ငန်းများ အတွက် စစ်တပ်၏ အကူအညီကို ယူရသည်။
ရေလျှံသည့်အပြင် ရေထုတ်မြောင်းများလည်း ပိတ်ဆို့နေသဖြင့် ရေများ၊ အမှိုက် သရိုက်များ သောင်တင် လျက် ရှိပြီး မော်တော်ကားများလည်း လမ်းမများပေါ်တွင် ရပ်တန့်လျက် ရှိပေသည်။ပါကစ္စတန် ရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့တော်၏နေရာအနှံ့အပြား ဝင်ရောက်ဆောင်ရွက်လျက်ရှိပြီး ရေဘေး ဒဏ်ကြောင့် လူပေါင်း များစွာ ပိတ်မိ သောင်တင်လျက် ရှိနေသည်။“ဂျာဗာနီဂို့နဲ့ ဂါဒတ်မြို့တွေက ပိတ်မိ သောင်တင်နေတဲ့လူတွေကို ကယ်ထုတ်ပြီးတော့ဘေးကင်းတဲ့နေရာတွေကို ပို့ပြီးပါပြီ” ဟု ရေ တပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။
ယမန်နေ့က စက်ရုံ နံရံတစ်ခု တဲတစ်လုံးပေါ် ပြိုကျသောကြောင့် စုစုပေါင်း လူငါးဦး သေဆုံးသွားသည်ဟု သတင်းများက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List