Tuesday, August 06, 2013

တက္ကသိုလ်တက်ရန်စရိတ်ခက်ခဲသူများကို ကရုဏာစင်တာက ထောက်ပံ့

Tuesday, August 06, 2013
တက္ကသိုလ်ဝင်တန်းတွင် အောင် မြင်ခဲ့သည့် ငွေကြေးချို့တဲ့သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဆက်၍တက်ရောက်နိုင်ရေးအတွက် ကရုဏာစင်တာပညာရေးစောင့်ရှောက်မှုအဖွဲ့မှ ပညာသင် စရိတ်များထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပညာသင်စရိတ် ထောက်ပံ့ခြင်းခံရသော ကျောင်း သား၊ ကျောင်းသူများသည် မွန် ပြည်နယ် ဘီးလင်းမြို့ရှိ တောင် စွန်းအထကနှင့် ကင်းရွာအထက တို့မှ ကျောင်းသား၊ ကျောင်းသူ များဖြစ်ပြီး အခြေခံ ပညာကျောင်း စရိတ်များကိုလည်း ကရုဏာစင် တာမှထောက်ပံ့ပေးခဲ့သော ကျောင်း သားများဖြစ်ကာ ယခုအခါ တက္က သိုလ်ဆက်လက်တက်ရောက်နိုင် ရေးအတွက် ဆက်လက်ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း သိရ သည်။ယင်းနှင့်ပတ်သက်၍ ကရု ဏာစင်တာမှ ဆရာတော်အရှင် တိက္ခက ''ဆယ်တန်းအောင်တဲ့ ကလေးတွေကို သူတို့တော်ရင် တော်သလောက်အထိ ဘွဲ့ဘယ် နှခုယူယူ ကျောင်းပြီးတဲ့အထိ ထောက်ပံ့ပေးသွားမယ်။ တစ်နှစ် ကျရင် ကျတဲ့နှစ်ကို ကိုယ့်စရိတ် နဲ့ ကိုယ်ကျောင်းတက်၊ အောင် သွားရင် ဘုန်းဘုန်းက ဆက်ပြီး ထောက်ပံ့ပေးမယ်''ဟုမိန့်ကြား တော်မူသည်။
ကရုဏာစင်တာမှ ထောက် ပံ့ငွေဖြင့် ပညာသင်ကြား၍ဖြေ ဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား ၃ဝရှိခဲ့ပြီး ၁၂ ဦး အောင်မြင်ခဲ့ကာ လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ငါးဦး စုစုပေါင်းဂုဏ် ထူးရ ကျောင်းသားခုနစ်ဦးရှိခဲ့ ကြောင်းသိရသည်။

အဆိုပါကျောင်းသားများ တက်ရောက်ခွင့်ရသောတက္ကသိုလ် များပေါ်မူတည်၍ ထောက်ပံ့ပေး သွားမည်ဖြစ်ကာ နည်းပညာတက္က သိုလ်ကျောင်းသားအတွက် တစ် လလျှင် ကျပ် ၄၀၀၀၀၊ ရိုးရိုး ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်ကျောင်း သားအတွက် တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အောင်မြင်ခဲ့ သော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို တစ်ဘာသာ ကျပ် ၁၀၀၀၀ နှုန်းဖြင့်လည်း ကောင်း၊ ရိုးရိုးအောင်မြင်ခဲ့သူ များကို တစ်ဦးလျှင် ကျပ်၁၀၀၀၀ နှုန်းဖြင့်လည်းကောင်း ဆုချီးမြှင့် ပေးသွားဦးမည်ဖြစ်ကြောင်း သိ ရသည်။

ကရုဏာစင်တာ (ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက် ရေးအဖွဲ့)အနေဖြင့် ၂ဝဝရခုနှစ် မှစတင်၍ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများ ကို ပညာသင်ကြားနိုင်ရန် ထောက် ပံ့ပေးခဲ့ပြီး ၂၀၁၂ခုနှစ်အထိ ဘွဲ့ရ ကျောင်းသား ၂၀ ခန့်ကို ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List