Tuesday, August 06, 2013

ရန်ကုန် အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်က ကရင် ရေဘေးသင့်သူများကို ကူညီမည်

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်မှ အဖွဲ့ ၁၅ ခု ကျော်က ကရင်ပြည်နယ် ရေဘေးသင့်ပြည် သူများအား အခြေခံလူသုံးကုန်နှင့် စားသောက်ပစ္စည်းများကို ဩဂုတ် ၉ ရက်တွင် သွားရောက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပရဟိတ လူငယ်များ ကွန်ရက်များထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ကူညီပေးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက်ပရဟိတ လူငယ်များ ကွန်ရက်ဝင် အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ပုံပြောသူများအဖွဲ့မှ ကိုသန့်ဇင်စိုးက “ကရင်ပြည်နယ်ထဲက ရေကြီးနစ်မြှုပ်တဲ့နေရာတွေကို အကူ အညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လူငယ်ကွန်ရက်အဖွဲ့ဝင်တွေ ကွင်းဆင်းစုံစမ်းနေပါပြီ။ ရေဘေး သင့်သူတွေအတွက်အခြေခံလိုအပ်ချက်တွေကိုကြည့်ပြီးကူညီပေးသွားကြမှာဖြစ်တယ်”ဟု ပြောကြားသည်။မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရပြီး ဇူလိုင် ၃၀ ရက်အထိ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီမြို့နယ်တို့တွင် အိမ်ထောင်စု ၅၉၈၀မှ လူဦးရေ ၃၀၆၉၄ ဦးတို့အတွက် ကယ်ဆယ်ရေးစခန်း ၇၅ ခု ဖွင့်လှစ်ထားသည်။
ကွန်ရက်အဖွဲ့ဝင်များမှသွားရောက်ကူညီခြင်းနှင့်ပတ်သက်ပြီးကွန်ရက်အဖွဲ့ဝင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဖြူစင်ဝေမျှ ပရဟိတလူငယ်ကွန်ရက်အဖွဲ့မှ မကေသီဟုမ်းပိုင်က “သာမည၊ ကျူံဒိုး၊ ဘားအံ့ တစ်လျှောက် ရေမြုပ် ဆဲနေရာတွေမှာ သွားရောက်ကူညီပေးမှာပါ။ အစားအသောက်နဲ့ ဝမ်းပျက်ဝမ်းလျှော မဖြစ်ဖို့၊ ဆေးဝါးတွေ ကို ကူညီပေးသွားမယ်။ ကူညီထောက်ပံ့တဲ့ တန်ဘိုးငွေ စုစုပေါင်းဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူး” ဟု ရှင်းပြသည်။
ကရင်ပြည်နယ်တွင် ရေးဘေးသင့် ပြည်သူများအတွက် ရန်ကုန်အခြေစိုက်လူငယ်ပရဟိတ ကွန်ရက်များနှင့် ဆက်သွယ်ပြီး လှူဒါန်းလိုပါက ကိုသန့်ဇင်စိုး ပုံပြောသူများအဖွဲ့ ( ဝ၉-၄၂၅၀၁၈၄၇၆)၊ ကိုဥာဏ်လင်းဖြိုး မေတ္တာအလင်းရောင် ပရဟိတအဖွဲ့ (ဝ၉ ၄၃၀၆၇၂၃၈)၊ ကိုတင့်ထူးအောင် Voluntary Internship Program အဖွဲ့ (ဝ၉ ၇၃၀ ၅၅၄၄၁)၊ မမေမြတ်သူ (ဝ၉ ၇၃၀၆၆၅၃၈)၊ မကေသီ ဟုမ်းပိုင်- ဖြူစင်ဝေမျှ ပရဟိတအဖွဲ့ (ဝ၉-၂၄၅ဝ၇၇၁)တို့ကို ဆက်သွယ်လှူဒါန်းနိုင်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးမှုများမှာ ဇူလိုင်လကုန်ပိုင်းကပင် စတင်ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် အချို့ဒေသများတွင် ရေပြန်ကျနေပြီ ဖြစ်သည်။

No comments:

Post a Comment

My Blog List