Thursday, August 08, 2013

ရှစ်လေးလုံး လူထု အုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံအဖြစ် အသိအမှတ်ပြုကြောင်း သမ္မတရုံး ဝန်ကြီး ပြောကြား

Thursday, August 8, 2013
တပ်မတော် အစိုးရလက်ထက် တစ်လျှောက် ရှစ်ဆယ့်ရှစ် အရေးအခင်း ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့် ရှစ်လေးလုံး လူထု အုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံ တစ်ခုအဖြစ် အသိအမှတ် ပြုသည်ဟု နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသော ရှစ်လေးလုံး ငွေရတု အခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ၈၈ မျိုးဆက် ကျောင်းသား အချို့တို့ တွေ့ဆုံစဉ် ဝန်ကြီးက ယင်းသို့ ပြောကြားသွား ခြင်း ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနား မကျင်းပမီ ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းအခမ်းအနားတွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဟု မသုံးနှုန်းရန် လာရောက် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။
Photo: ရှစ်လေးလုံး လူထု အုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံအဖြစ် အသိအမှတ်ပြုကြောင်း သမ္မတရုံး ဝန်ကြီး ပြောကြား
Thursday, August 8, 2013

တပ်မတော် အစိုးရလက်ထက် တစ်လျှောက် ရှစ်ဆယ့်ရှစ် အရေးအခင်း ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့် ရှစ်လေးလုံး လူထု အုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံ တစ်ခုအဖြစ် အသိအမှတ် ပြုသည်ဟု နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသော ရှစ်လေးလုံး ငွေရတု အခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ၈၈ မျိုးဆက် ကျောင်းသား အချို့တို့ တွေ့ဆုံစဉ် ဝန်ကြီးက ယင်းသို့ ပြောကြားသွား ခြင်း ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနား မကျင်းပမီ ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းအခမ်းအနားတွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဟု မသုံးနှုန်းရန် လာရောက် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

“ဝန်ကြီး ဦးအောင်မင်းကတော့ ရှစ်ဆယ့်ရှစ်ကို ဒီမိုကရေစီ အရေးတော်ပုံလို့ အသိအမှတ်ပြုတယ်။ ဒီမိုကရေစီ အရေးတော်ပုံလို့ သုံးတာကို လက်ခံတယ် လို့ ပြောသွားတယ်” ဟု ဦးမင်းကိုနိုင်က ဆက်လက် ပြောကြားသည်။

ဒီမိုကရေစီ ရရှိရေးနှင့် ဖိနှိပ် ချုပ်ချယ်မှုများအတွက် အသက်ပေးပြီး လှုပ်ရှား ခဲ့ခြင်းသည် သာမန် လူထု အုံကြွမှု တစ်ခု မဟုတ်ကြောင်း၊ ယင်းကဲ့သို့ အသုံးအနှုန်းများကို ကန့်သတ်နေခြင်းကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တွင် ပွင့်လင်း မြင်သာမှု အားနည်းလာနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဆိုသည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား တွင် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ငွေကျပ် ဆယ်သိန်းနှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ က ငွေကျပ် ငါးသိန်း လှူဒါန်းခဲ့ကြောင်း ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List