Thursday, September 26, 2013
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇
ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က
နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက်
သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
အဆိုပါ သေဆုံးသူ
သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ
ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄
ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး
ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ
သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း
အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းသေဆုံးနေသည့်
နိုင်ငံခြားသားကို မန္တလေးဆေးရုံးကြီး ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးရာ
နှလုံးသွေးကြောပိတ်၊ နှလုံးကြွက်သား ဆွေးမြည့်ရောဂါဖြင့် သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါ ဆေးရုံဆေးစာအရ သိရသည်။ အဆိုပါ သေဆုံးမှုနှင့်
ပတ်သက်၍ ဟိုတယ်မန်နေဂျာကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟိုတယ်တွင် သေဆုံးခြင်း
မဟုတ်ဘဲ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်သည်ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
သေဆုံးသူ နိုင်ငံခြားသား၏ အနီးတွင် ရေသန့်တစ်ဘူး၊ Red Ruby ဆေးလိပ်တစ်ဘူး၊
CocaCola တစ်ဘူးနှင့် အခြားဆေးကတ်များ (စိစစ်ဆဲ) တွေ့ရှိပြီး အဆိုပါ
သေဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများ၊ အမှတ် (၁၃) မှုခင်းတပ်ဖွဲ့စု
(မန္တလေး) တို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး
ဦးစီးဌာန (လ၀က) အဖွဲ့များက ပူးပေါင်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ်
စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။ ၾသစေၾတးလ်
နိုင်ငံသား၏ အခန်းအတွင်းမှ တွေ့ရှိသော ခရီးဆောင်အိတ် အတွင်းမှ Canon
အမျိုးအစား ကင်မရာအကြီးတစ်လုံး၊ မှန်ဘီလူးသုံးခု၊ Sony ကင်မရာ အသေးတစ်လုံး၊
ှ Samsung အမျိုးအစား လက်ကိုင်ဖုန်း အခွံနှစ်လုံး၊ မြန်မာငွေ ၅၀၀၀ ကျပ်တန်
၄၉ ရွက်၊ ၁၀၀၀ တန် နှစ်ရွက်၊ ၂၀၀ တန် နှစ်ရွက်၊ ၁၀ တန် တစ်ရွက်၊
စင်ကာပူဒေါ်လာ ၁၀ တန် နှစ်ရွက်၊ ၅ ဒေါ်လာ တစ်ရွက်၊ ၂ ဒေါ်လာ တစ်ရွက်၊
တရုတ်ယွမ် ၁၀၀ တန် ငါးရွက်၊ ၅ ယွမ်တန် သုံးရွက်၊ ၂၀ ယွမ်တန် သုံးရွက်၊ ၁၀
ယွမ်တန် တစ်ရွက်၊ ၁ ယွမ်တန် သုံးရွက်၊ သြစတြေးလျ နိုင်ငံသုံးငွေ ၁၀၀ တန် ၂၀
ရွက်၊ အမေရိကန် တစ်ဒေါ်လာတန် နှစ်ရွက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများ ၅၁
မျိုးကို ဒုတိယ လဝကမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်မန်နေဂျာနှင့်
သက်ဆိုင်ရာ ရဲစခန်းတို့က မှတ်တမ်းပြုစု သိမ်းဆည်းထားကြောင်း အဆိုပါ
တာဝန်ရှိသူထံမှ သိရသည်။ အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍
ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၃ ဖြင့်
အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment