Monday, September 23, 2013

ကသစ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး အလွဲသုံးစားပြုသည်ဟုဆိုကာ တိုင်ကြားခံရ

Monday, September 23, 2013
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူအချို့ကို လယ်ယာမြေ အမည်ပေါက် ပြုလုပ်ရာတွင် သတ်မှတ်နှုန်းထားထက် ငွေပိုမိုကောက်ခံခြင်းနှင့် လုပ်ပိုင်ခွင့် အလွဲ သုံးစား ပြုလုပ်ခြင်းတို့ ပြုလုပ်သည်ဟုဆိုကာ ကျေးရွာခံ ၂၀၀ ဦးကျော်က သက်ဆိုင်ရာဌာနခုနစ်ခုမှ တာဝန်ရှိ သူများထံ လက်မှတ်ထိုး တိုင်ကြားထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ဦးမြင့်နိုင် က ပြောကြားသည်။ လယ်မြေ အမည်ပေါက်ပြုလုပ်ခြင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများ ဆောင်ရွက်ရာတွင် ငွေကြေးတောင်း ခြံ ခင်း၊ အချို့လယ်လုပ်သူများ စိုက်ပျိုးစရိတ် ချေးငွေများ မရရှိခြင်း၊ တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ကိုယ်ကျိုးသုံးစွဲနေခြင်းနှင့် အခြားသော လုပ်ပိုင်ခွင့်များ အလွဲသုံး ဆောင်ရွက်သည်ဟု ဆိုကာ က သစ်ပင်ကျေး ရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်နှင့် ကော်မရှင် ဥက္ကဋ္ဌ များ အပါအဝင် ရပ်မိရပ်ဖအချို့ကို အရေးယူပေးရန် ကျေးရွာနေထိုင်သူ ၂၃၀ ကျော် က ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်း ဝန်ကြီးချုပ်တို့ထံ စက်တင်ဘာလ ၅ ရက်နေ့က တစ်ကြိမ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တစ်ကြိမ် တိုင်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။
“လယ်တစ်ဧကတစ်သိန်းရတာကိုအပြည့်မပေးဘူး။ လယ်မရှိတဲ့နာမည်တွေနဲ့ တခြားရွာက လူနာမည်တွေ သုံးပြီး ချေးငွေ ထုတ်တယ်။ သူတို့ (ကျေးရွာအုပ်ချုပ်ရေးမှူး) က အတိုးကြီးကြီးနဲ့ ပြန်ချေးတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အပါအဝင် အခြားသော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကိုလည်းတိုင်ကြားထားကြောင်းအဆိုပါ တိုင်ကြားစာအရ သိရှိရသည်။ကျေးရွာအုပ်ချုပ်ရေး မှူးကို တိုင်ကြားလာမှုများနှင့် ပတ်သက်၍ လာမည့် ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ သို့ ပေးပို့ထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ဦးဇော်မင်း က ပြောကြား သည်။ကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်ကြား ခံရသည်မှာ မှန်ကန်သော်လည်း အသေးစိတ်ကို မိမိအနေနှင့် မသိရှိရကြောင်း တိုင်ကြားခံထားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၏ ဇနီးက ပြန် လည် ဖြေကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List