Monday, September 23, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူ စီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေ ညာသည်။ စက်တင်ဘာလအတွက် ခွဲဝေရောင်းချမည့် ကျပ် ၁၅၀၀ တန်မိုဘိုင်းလ်ဖုန်းကတ် သုံးသိ န်းခြောက်သောင်းတွင် ဒဗယ်လျူစီဒီအမ်အေ အမျိုးအစားကို ထည့်သွင်း ရောင်းချပေးခြင်း ဖြစ်ပြီး ဂျီအက်စ် အမ် လိုင်းကတ် ၁၅၈,၀၀၀ နှင့် စီဒီအမ်အေ လိုင်းကတ် ၁၅၀,၀၀၀ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။“ဒဗယ်လျူစီဒီအမ်အေ အတွက် အင်တာနက်က ပုံမှန်အတိုင်း တစ်မိနစ် လေးကျပ်ပါ။ ဘာနံပါတ်တွေ ချပေးမယ်တော့ မသိရသေးဘူး” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာတစ်ဦးက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် ဆင်းမ်ကတ်များ တိုးမြှင့်ချထားမည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာလအတွက် အရေအတွက်မတိုးမြှင့်နိုင်သေးဘဲ မိုဘိုင်းလ်ဖုန်း ကွန်ရက် တိုးမြှင့် မှုမှာလည်း လုပ်ငန်း မစတင်နိုင်သေးကြောင်း ၎င်းကထပ်လောင်း ပြော ကြားသည်။ မိုဘိုင်းလ်ဖုန်းများ ထပ်တိုးချထားရန် ဆက်သွယ်ရေး တာဝါတိုင်များ ထပ်တိုး တည်ဆောက်ရန် လိုအပ်ပြီး မန္တလေးမြို့ပေါ်တွင် ဂျီအက်စ်အမ် ဖုန်းလိုင်းများ သိသိသာသာ လိုင်းကြပ်မှု ဖြစ်ပေါ်ကြောင်း၊ မြို့နယ်များ တွင် နေရာအလိုက် ဖုန်းလိုင်း ပြတ်တောက်မှုများလည်း ရှိကြောင်း မန္တလေးမြို့တော်မှ ဖုန်းအရောင်းဆိုင် တာဝန်ခံတစ်ဦးက ဆိုသည်။
The Voice Weekly

No comments:
Post a Comment