Tuesday, September 24, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အထက်လွှတ်တော် အမတ် Ms. Eriko Yamatain နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံစဉ် ဂျပန်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် လာရောက် ခြင်း ဖြစ်ပါကြောင်း၊ ယမန်နှစ် ကလည်း ဂျပန်အထက် လွှတ်တော် ODA လေ့လာရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ဂျပန်အထက်လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက် လျက် ရှိပါကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေ ဒေါ်လာ ၅ ဘီလီယံအား အသစ်စတင် ပေးအပ်ခဲ့ပါကြောင်း ဆွေးနွေး ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံများစွာမှ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင် ရွက်နေမှု၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရန်ကုန်ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအား ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောင်ရွက်နေမှု၊ ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း၊ တံတားဦးလေဆိပ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒေါက်တာ ဖေသက် ခင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်အထက် လွှတ်တော်အမတ်ဦးဆောင်သော ဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး တက်ရောက်ခဲ့ သည်။

No comments:

Post a Comment

My Blog List