Monday, September 23, 2013

အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို

Monday, September 23, 2013
ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း များ သတ်မှတ်ရခြင်းမှာ အဆမ တန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန်အတွက်သာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။ မြေဈေးစံနှုန်းကိုသတ်မှတ်ထားခြင်းမရှိသဖြင့် နိုင်ငံေ တ်ာကရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့်ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ် ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆို သည်။“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင် တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့်အခွန်ဆုံးရှုံးမှုကိုကာကွယ်တဲ့အနေနဲ့အခွန်ကောက်မယ့်နှုန်းထားကိုသတ်မှတ်တာ”ဟု ဒေါက်တာေ မာင်မောင်သိမ်း က ရှင်းပြသည်။အခွန်ကောက်ရန် မြေစံနှုန်း သတ်မှတ်လိုက်သော်လည်း အိမ်၊ ခြံ၊ မြေရာင်းဝယ်ရေး ဈေးကွက်ကို ထိန်းချုပ် မည် မဟုတ်ကြောင်း၊ လက်ရှိ ကောက်ခံနေသည့် အခွန်နှုန်းထားကိုလည်း ပြင်ဆင်ရန် အစီအစဉ် မရှိေ သးကြောင်း ၎င်းကပြောကြားသည်။“ရောင်းသူနဲ့ ဝယ်သူကတော့ ကြိုက်ရောင်း ကြိုက်ဝယ် ရှိနေဦးမှာပဲ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။
မြေဈေးစံနှုန်း သတ်မှတ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အတက်အကျ မရှိဘဲ ဈေးနှုန်း တည်ငြိမ်သွားနိုင်ပြီး အရောင်းအဝယ်လည်း တည်ငြိမ်သွားနိုင်ကြောင်း အိမ်ကမ္ဘာအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ “ဒီလို သတ်မှတ်ပေမယ့်လည်း
အထူးကိုယ်စားလှယ် လွှဲစာနဲ့ လုပ်တဲ့သူတွေကတော့ ရှိနေဦးမှာပါပဲ။ ဝယ်သူနဲ့ ရောင်းသူနဲ့ အခွန်မဆောင် ချင်သေးလို့နားလည်မှုယူပြီးလုပ်တဲ့ (စာချုပ်မချုပ်) သဘောမျိုး ပေါ့။ ဒါတွေက ဓနအင်အား တောင့်တင်းတဲ့
သူတွေအများဆုံး လုပ်ကြတာပါ” ဟု ၎င်းကပြောကြားသည်။မြေဈေးစံနှုန်း သတ်မှတ်ချက်များအရ ဗဟန်း မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့မှာ ဈေးအမြင့်ဆုံးအနေဖြင့် ပါဝင်ပြီး တစ်ပေပတ်လည်လျှင် ကျပ်နှစ်သိန်း ခုနစ်သောင်းမှ ကျပ်သုံးသိန်း နှစ်သောင်း အထိ သတ်မှတ်ထားပြီး ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားနှင့် လမ်းမတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသော မဟာဗန္ဓုလ လမ်းတစ်လျှောက်ကိုတစ်ပေပတ်လည်လျှင်ကျပ်နှစ်သိန်းလေးသောင်းသတ်မှတ်ထားကြောင်း၊ တောင်ဥက္က လာပ မြို့နယ်ရှိ ဝေဇယန္တာ လမ်းမကြီး တစ်လျှောက်ရှိ တစ်ပေပတ်လည် ဈေးနှုန်းများမှာ ကျပ်တစ်သိန်း တစ်သောင်း သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်ရေးရုံးမှ သိရသည်။
ယင်းအခွန်စံနှုန်းများသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ယင်းရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment

My Blog List