Thursday, September 26, 2013
မြန်မာရေတပ်၏ တိုက်ခိုက်ခြင်း ခံရသော ထိုင်းငါးဖမ်းသင်္ဘောမှ မာလိန် မှူးအား မြန်မာအာဏာပိုင်များက ထိန်း သိမ်းထားသည်ဟု ဆိုသော်ငြား နှစ်နိုင်ငံ စလုံးက အကြောင်းကြားခြင်း မရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူက ပြောသည်။
ထိုင်းမီဒီယာများကမူ မာလိန်မှူး မစ္စတာ ကာယုအား မြန်မာအာဏာပိုင်
များကထိန်းသိမ်းထားကြောင်းကို ထိုင်း ရေတပ်မှသိရသည် ဟု ရေး သားဖော်ပြ
ကြသော်ငြား သူကိုယ်တိုင်အနေဖြင့်မူ မြန်မာဘက်မှရော ထိုင်းဘက်မှပါ
မည်သည့်အကြောင်းကြားချက်မှ မရရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူ မစ္စ
ပီယမ်နန် ဂျန်အွန်က ပြောခြင်းဖြစ် သည်။ မစ္စ ပီယမ်နန်၏
ခင်ပွန်းဖြစ်သူ ကာယု ဆုဆာဝပ် (အသက် ၄၇ နှစ်) သည် ရနောင်းကမ်းခြေအနီး
ထိုင်း-မြန် မာ နှစ်နိုင်ငံရေပိုင်နက်အတွင်းဝယ် မြန် မာရေတပ်မှ
တိုက်ခိုက်ခြင်းခံခဲ့ရသော ငါးဖမ်းသင်္ဘောမှ မာလိမ်မှူးဖြစ်ပြီး တိုက်ခိုက်
ခြင်းခံရသည့်စနေနေ့(စက် တင်ဘာ ၂၁)ကတည်းကပင် ပျောက် ဆုံး နေခဲ့ခြင်း ဖြစ်၏။
မြန်မာရေတပ်၏ တိုက်ခိုက်ခြင်း ခံရသော ထိုင်းငါးဖမ်းသင်္ဘောမှ မာလိမ်
မှူးဖြစ်သူ၏ဇနီးက ပျောက်ဆုံးနေသော သူ့ခင်ပွန်းကို ဆက်လက် ရှာဖွေပေးပါရန်
အာဏာပိုင် များအား အသနားခံထား ကြောင်း သိရသည်။
တနင်္လာနေ့အထိ
ထိုင်းရေတပ်မှ အကြောင်းပြန်ကြားချက်များအရမူ သူ ၏ခင်ပွန်းဖြစ်သူကို
ရှာဖွေမတွေ့သေး ကြောင်း မစ္စ ပီယမ်နန်က ဘန်ကောက် ပို့စ် သတင်းစာ
သို့ပြောသည်။
”သူ သေသလား ရှင်သလားဆိုတာ ကို ကျွန်မတို့
မသိရသေးပေမယ့် ကျွန်မ ရဲ့ ကလေးနှစ်ယောက်ကတော့ သူတို့အ ဖေပြန်အလာကို
စောင့်နေကြ ဆဲပါပဲ”ဟု မစ္စ ပီယမ်နန်က ပြောသည်။
အသက် ၄၆
နှစ်ရှိပြီဖြစ်သော သူကိုယ်တိုင်မှာလည်း သူ၏ခင်ပွန်း ဘေးမသီ ရန်မခစေရေးအတွက်
ဆု တောင်းနေရုံမှတစ်ပါး အခြားမရှိသလို သူ့ရင်သွေးနှစ်ဦးမှာမူ ဖခင်ဖြစ်သူအ
တွက်ပူပန်ကာ မအိပ်နိုင် မစားနိုင်ဖြစ် နေကြကြောင်း သူက ပြောသည်။
”ကျွန်မတို့ ဘယ်လိုခံစားနေကြရ တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ သိ နိုင်မှာမဟုတ်ဘူး”ဟုလည်း သူကပြော သေးသည်။
သူ၏ ခင်ပွန်းအား မြန်မာရေတပ် မှ ကယ်ဆယ်ရရှိပြီး ထိန်း သိမ်းစောင့်
ရှောက်ထားသည်ဆိုသော သတင်းနှင့် ပတ်သက်လည်း သူ့မှာ နားမလည်နိုင် အောင်ဖြစ်
ရကြောင်း ပြောသည်။
ရနောင်းနှင့် ကော့သောင်းနယ်မြေ ဆိုင်ရာ
ထိုင်း-မြန်မာနယ်စပ်ကော်မတီ အနေဖြင့်မူ သူ၏ခင်ပွန်းကိစ္စနှင့် ရေပိုင်
နက်ချင်းရောနှောနေသော နယ်မြေဝယ် ယခုကဲ့ သို့အဖြစ်မျိုး ထပ်မံမဖြစ်ပွားရေး
အတွက် ဆွေးနွေးနေခြင်းနှင့်ပတ်သက် သည့်ကိစ္စရပ်တို့ကို သူ့ထံမေးမြန်း
စုံစမ်း မည်မှာမုချဟု မစ္စပီယမ်နန်ကပြောသည်။
ထိုင်းပိုက်ဆွဲငါးဖမ်းသင်္ဘော မွန် ထရီ သာဝီဆင်-၃ ကို ပြီးခဲ့သည့် စနေ နေ့
နံနက်ပိုင်းက ခိုခွမ်ကျွန်းအနီး အ ငြင်းပွားနေသော ထိုင်း-မြန်မာ ရေပိုင်
နက်အတွင်းတွင် မြန် မာရေတပ်က ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ အခင်းဖြစ်
ပွားရာနေရာသည် ရနောင်းခရိုင်၏ အ ကြီးဆုံးကျွန်းဖြစ်သော ခိုချန်းကျွန်းနှင့်
ရေမိုင်နှစ်မိုင်ခန့်ဝေးေ သာ နေရာတွင် ဖြစ်သည်။
ထိုင်းရေတပ်၏
အဆိုအရမူ ထိုင်း ပိုက်ဆွဲငါးဖမ်းသင်္ဘောသည် နှစ်နိုင် ငံ
ရေပိုင်နက်ရောနှောနေသည့်နေရာသို့ ဝင်လာပြီးနောက် ပစ်ခတ် တိုက်ခိုက်ခံရ
ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရသည်တွင်
သင်္ဘောမာလိမ်မှူးက မြန်မာများအပါ အဝင် သူ၏သင်္ဘောသား ၁၄ ဦးအား
ပင်လယ်ရေထဲသို့ခုန်ချကြရန် အမိန့်ပေး ခဲ့သည်။
အသက်ဘေးမှလွတ်လာကာ ရ
နောင်းကမ်းခြေသို့ စက်တင်ဘာ ၂၃ ရက်နေ့က ပြန်လည်ရောက်ရှိလာသည့်
မြန်မာသင်္ဘောသားတစ်ဦးကမူ သူတို့ ငါးဖမ်းသင်္ဘော သည် ထိုင်းရေပိုင်နက်အ
တွင်းတွင်သာ ရှိနေသေးစဉ် ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းမစ္စပီယမ်
နန်ကို ပြောကြားသည်ဆို၏။
”အဲဒီ မြန်မာသင်္ဘောသားကတော့
ကျွန်မယောက်ျားကို နောက်ဆုံးတွေ့ လိုက်ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မြန်
မာရေတပ်က ခေါ်သွား မသွားကိုတော့ သူလည်း သေသေချာချာမပြောနိုင်ပါ ဘူး”ဟု
မစ္စပီယမ်နန်က ပြောသည်။
ယခု ပစ်ခတ်ခံရသော ငါးဖမ်း သင်္ဘောသည် ရနောင်းတံငါသည်များ အသင်း ဥက္ကဋ္ဌ ဆူရင် လိုဆွမ်းပိုင်ဆိုင်သည့်သင်္ဘောဖြစ်၏။
မစ္စတာ ဆူရင်သည် သင်္ဘောမာ လိမ်မှူး မစ္စတာကာယုနှင့် စနေနေ့ နံနက်
တစ်နာရီခွဲခန့်က အဆက်အသွယ် ရရှိခဲ့သည်ဆို၏။ သူ၏ ငါးဖမ်းသင်္ဘော သည် မြန်မာေ
ရတပ်သင်္ဘော PGM ၄၂၆ ၏ တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ် ကာ၊ အဆိုပါ
မြန်မာရေတပ်သင်္ဘော သည် ထိုင်းရေပိုင်နက်အတွင်းသို့ ဝင်
ရောက်လာခြင်းဖြစ်သည်ဟု မာလိမ်မှူး ကဆိုကြောင်း မစ္စတာ ဆူရင်ကပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ တွင်ပင် ထိုင်းတော်ဝင်ရေတပ်မှ ကန့်
ကွက်ကြောင်း သဝဏ်လွှာတစ်စောင်ကို မြန်မာတို့ဆီသို့ပေးပို့ခဲ့သော်လည်း မည်
သည့်တုံ့ပြန်မှု မှမရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ရှေ့ ဆက်ဆောင်ရွက်ရမည်တို့ကို
မပြုလုပ်မီ လိုအပ်သည့် သတင်းအချက် အလက် များကို
သက်ဆိုင်ရာဌာနများထံမှစောင့် ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
Ref: Skipper missing from Myanmar attack (bangkokpost.com)
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment