Thursday, September 26, 2013

ကမ္ဘာ့ လောင်းကစား ကွန်ယက်၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ စင်ကာပူ နိုင်ငံသားအား ဖမ်းမိ

Thursday, September 26, 2013
ကမ္ဘာ့ဘောလုံးပွဲများကို အခြေခံသည့် ကမ္ဘာလွှမ်း ပတ်ဆက်နွယ်နေသည့် ကမ္ဘာ့ လောင်းကစား ကွန်ယက်တစ်ခု၏ နောက်ကွယ်မှကြိုးကိုင်နေသူအား ယနေ့တွင် စင်ကာပူ ထောက်လှမ်းရေး အဖွဲ့မှ ခြေရာခံပြီး စင်ကာပူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့ဖလား ၊ ဥရောပဖလား စသည့် ဘောလုံးပွဲစဉ်ပေါင်း သုံးရာခန့်ကို အခြေခံပြီး အာရ ၊ှ အာဖရိကနှင့်လက်တင် အမေရိကဒေသ များမှ လောင်းကစားမှု လုပ်ငန်းများနှင့် ကွန်ယက်ချိတ်ဆက် နေသည့်အတွက် ဒေါ်လာသန်းပေါင်းများစွာ လည်ပတ် စီးဆင်းနေသည့် ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစား လုပ်ငန်းကြီးလည်း ဖြစ်ကြောင်း သိရသည်။ အဖမ်းခံရသူ ခေါင်းဆောင်မှာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပြီး အဖွဲ့ဝင်များဖြစ်သည့် အမျိုးသား ၁၂ဦးနှင့် အမျိုးသမီး ၂ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ်သည်။
http://www.hindustantimes.com/sports-news/Football/Singapore-match-fixin...

No comments:

Post a Comment

My Blog List