Thursday, September 26, 2013
မိဘမဲ့ ကလေးများ အတွက် လူမှုဘဝမြှင့်တင်ရေး အစီအစဉ် တစ်ခု အနေဖြင့်
မိဘမဲ့ကလေးများအား အသက် မွေးဝမ်းကျောင်း ပညာရပ်များအား အခမဲ့ စရိတ်ငြိမ်း
သင်ကြားပို့ချပေးမည့် ဖောင်ဒေးရှင်း အစီအစဉ်တစ်ခုအား Today's Technology
နှင့် Today's Myanmar Co.,Ltd တို့မှပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အစီအစဉ်တွင်
မိဘမဲ့ ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအနေဖြင့် Mobile Phone
Hardware ပြုပြင်ခြင်း ဆိုင်ရာ သင်တန်း၊ Mobile Phone Software
ပြုပြင်ခြင်း ဆိုင်ရာ သင်တန်းများ နှင့်အတူ အခြား လုပ်ငန်းခွင်သုံး
စာရင်းအင်း ပညာသင်တန်း၊ လုပ်ငန်းခွင် သုံး ရောင်းဝယ်ခြင်းဆိုင်ရာ သင်
တန်းများအား သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းအား ၁ လလျှင် သင်တန်းသား ၈ ဦး လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး
မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ သင်တန်းသား အတွက် ၁ လလျှင် ၃ ဦးနှင့်
အခြားစာရင်းအင်း ဆိုင်ရာ သင်တန်းများ အတွက် ၁ လ လျှင် ၅ ဦး စုစုပေါင်း ၈
ဦး လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်း ကာလအတွင်း တွင်
အဆိုပါ သင်တန်းသားများ အတွက် နေထိုင်စရာ အဆောင်နှင့် တစ်နေ့တာ စားသောက်
စရိတ်များအား အခမဲ့ တာဝန်ယူ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သင်တန်းအခမဲ့ ပို့ချပေးခြင်းများအပြင် အလုပ်အကိုင်
အခွင့်အလမ်းများကိုလည်း စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။
အသေးစိတ် သိရှိလိုသူများ အနေဖြင့် Today's Technology ဖုန်း ၀၉၃၃၃၃၉၁၁၁
သို့ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
Internet Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment