Thursday, September 26, 2013

တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်းလုပ်သူများအား အတိုးသက်သာ ချေးငွေ ထုတ်ချေး

Thursday, September 26, 2013
တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်း လုပ်ငန်းလုပ်သူများအား စစ်ကိုင်းတိုင်း အစိုးရမှ သက်သာသည့် အတိုးနှုန်းဖြင့် မတည်ငွေအဖြစ် ငွေငါးသိန်းကျပ် ထုတ်ချေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
တိုင်းဒေသကြီးအစိုးရမှ တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်းလုပ်ငန်းလုပ်သူများအား တစ်ဦးလျှင် မတည်ငွေအဖြစ် ကျပ်ငါးသိန်းကို ထုတ်ချေးမည်ဖြစ်ပြီး ကျပ် ၁၀၀ အတွက် အတိုးနှုန်းပြား ၅၀ ဖြစ်သည်။ ချေးငွေများကို နှစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ ထိုလုပ်ငန်းသည် အရင်းအနှီးများသောကြောင့် ကုန်ချောထုတ်နိုင်ရန် အခက်အခဲများရှိခဲ့ပြီး ယခုကဲ့သို့ ချေးငွေ ထုတ်ချေးသောကြောင့် ကျောက်မျက်ပစ္စည်း ရောင်းသူများ အနေဖြင့် ပိုမိုအဆင်ပြေပြီး လုပ်ငန်းလည်း ပိုမိုတွင်ကျယ် လာသည်ဟု သိရသည်။ စစ်ကိုင်းတိုင်းရှိ ဒေသခံအများစုသည် ကျောက်မျက်လက်မှုပစ္စည်းများဖြစ်သော ပုတီးစေ့၊ လက်ကောက်နှင့် အခြားကျောက်မျက်အလှဆင် ပစ်္စည်းများကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် မိဘဘိုးဘွားများ လက်ထက် တည်းကပင် လုပ်ကိုင်ခဲ့ကြသည်။

ကျောက်မျက်ထည်များကို စစ်ကိုင်းတိုင်း ဘောဂါကျောက်မျက်ဈေးတွင် နံနက် ၅ နာရီမှ ၁၁နာရီအထိ ရောင်းချပြီး ဆင်များရှင် ကျောက်ဈေးတွင် နံနက်၁၁နာရီမှ ညနေ ၄ နာရီခွဲအထိ ရောင်းချနေသည်။

ကိုတိုးကြီး
Mizzima - News in Burmese

No comments:

Post a Comment

My Blog List