Thursday, September 26, 2013
Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ
ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။
ငါးပူတင်တစ်မျိုးဖြစ်ပြီး
ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ
ပင်လယ်ပျော်ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။
ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။
သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။ဒီအတွက် ဂျပန်အစိုးရမှလည်း တားမြစ်ချက်များ ထုတ်ပြန်ပေးထား တယ် လို့
ဆိုပါတယ်။ လိုင်စင်ရှိပြီး စာဖိုးမှူးများသာ ယင်းငါးများကို ချက်ပြုတ်ခွင့်
ရှိပါတယ်။ ပြီးတော့ ယင်းငါးဟင်းလျာကို ရောင်းချဖို့အတွက်လည်း ဆိုင်ကော၊
ရောင်းသူမှာပါ လိုင်စင်ရှိထားဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆို ငါးရဲ
့ အဆိပ်ရှိတဲ့ အပိုင်းကို တော်ရုံလူ မဖယ်နိုင်ပါဘူး။ ယင်း အဆိပ်ကို
ဖယ်ပြီးရင်တောင် ကျန်တတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းရ ဂျပန်မှာ
၁၉၉၆ ခုနှစ်ကနေ သက္ကရဇ် ၂၀၀၆ အထိ အက်ဆီးဒန့် ဖြစ်သူ အရေအတွက် ၇၀
ဝန်းကျင်ရှိပြီး ၆ ဦးထက် မနည်း သေ ဆုံးခဲ့ပါတယ်။
အမှန်တော့ Fugu
ငါးအဆိပ်အတွက် ဖြေဆေးမတွေ့သေးပါဘူး။ သူ့ အဆိပ်က အိမ်သုံး ပိုးသတ်ဆေး
ဆိုင်ယာနက်ထက် အဆ ၂၀၀ မက ပြင်းပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ်၊
နှလုံးခုံ ရပ် စေပါတယ်။ အက်ဆီးဒန့်မှာ အသက်ရှင်ကျန်ရတဲ့အကြောင်းက
အဆင့်ပေါင်းများစွာ စစ်ဆေး ချက်ပြုထားလို့ ဖြစ်ပါတယ်။ ဒီအတွက်
ဂျပန်နိုင်ငံမှလည်း ဆေးဝါး များ ရှာဖွေ ဖန်တီးလျက် ရှိပါတယ်။
လက်ရှိအချိန်ထိတော့ ဂျပန်နိုင်ငံမှာ Fugu ငါးတစ်ကောင် ဟင်းလျာကို
အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ စားသောက်ဆိုင်များမှာ ရောင်းချလျက်
ရှိကြောင်း သိရပါတယ်။
Ref: wiki,jp-news
Aung Kham ( International news for myanmar )
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment