Thursday, September 26, 2013
ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ်
Thursday, September 26, 2013
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂) မနက်ပိုင်း ကျောင်းဆင်းချိန်တွင် ဆယ်တန်းကျောင်းသား၏ ဆိုင်ကယ်မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက(၂)တွင်ကျောင်းတွင် တက်နေသော ဒဿမတန်း ကျောင်းသားတစ်ဦးသည်HENSIM – 125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်၊ ၄ယ/၅၂၉၈၄ အမှတ်(၂) အောင်သပြေ စည်ပင်သာယာဈေး မြောက်ဘက်ရှိ လမ်းပေါ်တွင်မောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသော ဒေါ်လှမြိုင် အသက်(၅၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ ဒေါ်လှမြိုင် ဦးခေါင်းဂျိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
“ယရင်ခေတ်ကလို ယာဉ်ထိန်း မော်တော်ပီကယ်တွေ ပြန်ထားပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေ ရှင်းလင်း ဟောပြောပွဲတွေ ပြုလုပ်ပေးမှသာ ယာဉ်တိုက်မှုတွေ ကျဆင်းနိုင်မှာပါ။ အသင်မပြည့်တဲ့ သူတွေကို ဆိုင်ကယ်တွေ မစီးစေချင်ဘူး။ လူကငယ်ငယ် တင်စီးတာက(၂)ယောက်၊ အရှိန်ပြင်းပြင်းစီးတော့ လူတိုက်မှုတွေ ဖြစ်ကုန်တယ်။ ကလေးတွေ ဒုက္ခရောက်တာ လူကြီးမိဘတွေနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်”ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။ မိုးညှင်းခရိုင်မြို့တစ်ခုလုံးတွင် ယာဉ်ထိန်းတာဝန်ရှိသူ တစ်ဦးသာရှိနေခြင်းသည်လည်း အားနည်းချက်တစ်ခုဖြစ်သည်ဟု မြို့ခံများက ထောက်ပြပြောဆိုကြသည်။
ဆိုင်ကယ်မောင်းနှင်သူကျောင်းသား၏ ဦးခေါင်းဝဲဘက် ဂျိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာရနှင့် ၀ဲဘက်ခြေသန်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ၎င်းကို မော်တော်ယာဉ်(ပ) ၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ /၃၀၄(က) ရဲအုပ်မှ အရေးယူထားကြောင်း သိရသည်။
သီဟအောင်
The Myanma Age
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment