Thursday, September 26, 2013

မော်တော်ယာဉ် တင်သွင်းရန် မာဇဒါနှင့် AA ပူးပေါင်း

Thursday, September 26, 2013
မာဇဒါ မော်တော်ယာဉ်သစ်များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရန် Mazda Motor Corporationနှင့် ပြည်တွင်း AA (Automobile Alliance) ကုမ္ပဏီတို့ ပူးပေါင်းသည့် သဘောတူစာချုပ် ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ချုပ်ဆိုကြောင်း Mazda Motor Corporation အမှုဆောင်အရာရှိ Mr. Hiroshi Inoue က ပြောကြားသည်။ အဆိုပါ မာဇဒါကားများမှာ နှစ်ပေါင်းများစွာ ရင်းနှီးပြီး ဖြစ်၍ တင်သွင်းဖြန့် ဖြူးရောင်းချရခြင်း ဖြစ်ကြောင်း Automobile Alliance ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က ပြောကြားပြီး မာဇဒါက နည်းပညာပိုင်း အဓိက လုပ်ဆောင်မည် ဖြစ်ကြောင်း Mr. Hiroshi Inoue က ဆိုသည်။

ဂျပန်နိုင်ငံထုတ် ကားများဖြစ်သော BT-50၊ CH-5၊ Mazda-2၊ Mazda-6 တို့အပြင် မြန်မာနိုင်ငံနှင့် လိုက်ဖက်မည့် ကားများကို တင်သွင်း ဖြန့်ချိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် ကျပ် သိန်းခြောက်ဆယ် ဝန်းကျင်တန် ၂၀၀၄ နှင့် ၂၀၀၅ မော်ဒယ်လ် မာဇဒါ ပစ်ကပ်နှင့် ကျပ်သိန်း ၁၀၀ ၀န်းကျင် မာဇဒါ Demio တို့ကို လူကြိုက်များပြီး အသစ်တင်သွင်းမည့် မော်ဒယ်လ်များ အတွက်မူ ဈေးကွက်ကို မခန့်မှန်းနိုင်သေးကြောင်း ရန်ကုန်အခြေစိုက် ယာဉ်ဝယ်ရောင်း ဦးကျော်မြင့်က ပြောကြားသည်။

မာဇဒါ အရောင်းပြခန်းကို ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ပြီး ယင်းကားဝပ်ရှော့ကို အင်းစိန်မြို့နယ် ရွာမတွင် ၂၀၁၄ ခုနှစ် အစောပိုင်း၌ ဖွင့်လှစ် မည် ဖြစ်ကြောင်း Automobile Alliance ထံမှ သိရသည်။

ယင်း Mazda ယာဉ်များတွင် BT-50 (၂၀၁၄ မော်ဒယ်လ်ဟောင်း) တစ်စီးလျှင် ကျပ်သိန်း ၁၈၀ ဝန်းကျင်၊ CH-5 (၂၀၁၄ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်း ၅၀၀ ဝန်းကျင်နှင့် Mazda-6 (၂၀၁၄ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်း ၅၄၀ ဝန်းကျင် ဈေးသတ်မှတ်ထားကြောင်း AA ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Mazda ယာဉ်များကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ၁၉၂၀ ပြည့်နှစ်မှ စတင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း Mazda Motor Corporation ထံမှ သိရသည်။

Photo: မော်တော်ယာဉ် တင်သွင်းရန် မာဇဒါနှင့် AA ပူးပေါင်း
Thursday, September 26, 2013

မာဇဒါ မော်တော်ယာဉ်သစ်များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရန် Mazda Motor Corporationနှင့် ပြည်တွင်း AA (Automobile Alliance) ကုမ္ပဏီတို့ ပူးပေါင်းသည့် သဘောတူစာချုပ် ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ချုပ်ဆိုကြောင်း Mazda Motor Corporation အမှုဆောင်အရာရှိ Mr. Hiroshi Inoue က ပြောကြားသည်။

အဆိုပါ မာဇဒါကားများမှာ နှစ်ပေါင်းများစွာ ရင်းနှီးပြီး ဖြစ်၍ တင်သွင်းဖြန့် ဖြူးရောင်းချရခြင်း ဖြစ်ကြောင်း Automobile Alliance ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က ပြောကြားပြီး မာဇဒါက နည်းပညာပိုင်း အဓိက လုပ်ဆောင်မည် ဖြစ်ကြောင်း Mr. Hiroshi Inoue က ဆိုသည်။ 

ဂျပန်နိုင်ငံထုတ် ကားများဖြစ်သော BT-50၊ CH-5၊ Mazda-2၊ Mazda-6 တို့အပြင် မြန်မာနိုင်ငံနှင့် လိုက်ဖက်မည့် ကားများကို တင်သွင်း ဖြန့်ချိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် ကျပ် သိန်းခြောက်ဆယ် ဝန်းကျင်တန် ၂၀၀၄ နှင့် ၂၀၀၅ မော်ဒယ်လ် မာဇဒါ ပစ်ကပ်နှင့် ကျပ်သိန်း ၁၀၀ ၀န်းကျင် မာဇဒါ Demio တို့ကို လူကြိုက်များပြီး အသစ်တင်သွင်းမည့် မော်ဒယ်လ်များ အတွက်မူ ဈေးကွက်ကို မခန့်မှန်းနိုင်သေးကြောင်း ရန်ကုန်အခြေစိုက် ယာဉ်ဝယ်ရောင်း ဦးကျော်မြင့်က ပြောကြားသည်။ 

မာဇဒါ အရောင်းပြခန်းကို ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ပြီး ယင်းကားဝပ်ရှော့ကို အင်းစိန်မြို့နယ် ရွာမတွင် ၂၀၁၄ ခုနှစ် အစောပိုင်း၌ ဖွင့်လှစ် မည် ဖြစ်ကြောင်း Automobile Alliance ထံမှ သိရသည်။

ယင်း Mazda ယာဉ်များတွင် BT-50 (၂၀၁၄ မော်ဒယ်လ်ဟောင်း) တစ်စီးလျှင် ကျပ်သိန်း ၁၈၀ ဝန်းကျင်၊ CH-5 (၂၀၁၄ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်း ၅၀၀ ဝန်းကျင်နှင့် Mazda-6 (၂၀၁၄ မော်ဒယ်လ်) တစ်စီးလျှင် ကျပ်သိန်း ၅၄၀ ဝန်းကျင် ဈေးသတ်မှတ်ထားကြောင်း AA ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Mazda ယာဉ်များကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ၁၉၂၀ ပြည့်နှစ်မှ စတင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း Mazda Motor Corporation ထံမှ သိရသည်။

The Voice Weekly The Voice Weekly

No comments:

Post a Comment

My Blog List